သူုငယ်ချင်းတို့ရေ မိဘဆိုတာ ...................ဘယ်အရာတုနှိုင်းလို့မရတဲ့အနန္တဂိုဏ်းဝင်တွေပါ။
မင်းတို့မပြစ်မှားမိပါစေနဲ့။လက်ရှိမှာ မင်းတို့ရဲ့မိဘဟာ ဆိုးပေတဲ့သူဖြစ်ချင်ဖြစ်မယ်။ကောင်းတဲ့သူဖြစ်ချင်ဖြစ်မယ်။ဘယ်လိုပဲဖြစ်ဖြစ် မင်းပြစ်မှားဖို့ စိတ်တောင်မကူးမိပါစေနဲ့ ။မင်းတို့ဘ၀တွေ လှပအောင်ဆေးချယ်ပေးခဲ့တာဟာမိဘတွေပဲ။မင်းတို့တွေ
လူတစ်လုံးသူတစ်လုံးဖြစ်လာအောင် ရှာဖွေကျွေးမွေးလာကြတာဟာ ဒီမိဘတွေပဲ။ မင်းတို့တွေကြင်ယာစုံကြသည်အထိ သူတို့ပေးစွမ်းပေး၊ ဖြည့်စွက်ပေးကြတယ်။အဲ့ဒါမိဘပဲ။ သူတို့လိုချင်တဲ့ပုံစံဖြစ်ဖို့ကိုပဲလေ။ ဒါကိုပဲသူတို့အလေးထားကြတယ်။တစ်ဘ၀လုံးစာအတွက်ဖူလုံအောင်
မိဘတွေက သူတို့ရဲ့သားသမီးတွေရဲ့အနာဂတ်ကို တတ်နိုင်သလောက်ဆင်မြန်းကြတယ်။စကားနဲ့သော်ဖြစ်စေ၊ ပစ္စည်းဥစ္စာနဲ့သြော်ဖစ်စေဖြည့်စွက်တတ်ကြပါတယ်။သူငယ်ချင်းမင်းတို့အတွက်အရာရာကိုကမ်းမမြင်လမ်းမမြင်
လုပ်ပေးခဲ့ကြတဲ့မိဘတွေကို မင်းညအိပ်ရင်ရှိခိုးဖူးလား။မေးကြည့်ပါ။ကိုယ့်ကိုကိုယ်။ မင်းမလုပ်သေးဘူးဆိုရင်ဒီစာကိုဖတ်တဲ့ညကစပြီးမင်းမိဘကိုမင်းရှိခိုးပြီးအိပ်ပါ။မင်းအတွက်အနာဂတ်တွေ
ကောင်းလာလိမ့်မယ်။အနာဂတ်ကိုကောင်းအောင်လုပ်နိုင်မှာဒီနည်းလမ်းပဲရှိတယ်။မင်းအဖေကိုမင်းဂရုစိုက်ပါ။
မင်းအမေကို မင်းဂရုစိုက်ပါ။မင်းမိဘတွေ အိုမင်းမစွမ်းဖြစ်လာတဲ့အခါကျရင်မင်းကိုယ်တိုင်ပြုစုပါ။မင်းကိုယ်တိုင်ပြုစုချင်စိတ်မရှိရင် သူများဆိုတာဝေးရောပေါ့။ မဟုတ်ဘူးလား။အဲ့ဒါကိုယ်တိုင်ကိုယ်ကျ ကျေးဇူးဆပ်တဲ့နည်းပဲ။နောက်တစ်နည်းကမိဘအလိုကျနေထိုင်ခြင်းပဲ။
အဲ့ဒါတွေဟာ မိဘကိုကျေးဇူးဆပ်တဲ့နည်းလမ်းတွေပါပဲ။

0 comments:
Post a Comment