Saturday, September 21, 2013

မြန်မာတွင် အတွင်းတိမ်မျက်စိရောဂါ အဖြစ်များနေ

အ တွင်းတိမ်ရောဂါသည် မျက်စိရော ဂါများတွင် အဖြစ်များဆုံးရောဂါ တစ်ခုဖြစ်နေပြီး တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ခန့်မှန်း တွက်ချက်မှုများအရ အတွင်းတိမ် ဖြစ်ပွားမှုမှာ ရာခိုင်နှုန်း၆ဝခန့်ရှိ နေကြောင်း သိရသည်။ လက်ရှိအချိန်တွင်လည်း အ တွင်းတိမ်ရောဂါမှာ အသက်ကြီး သူတိုင်းလိုလို ဖြစ်ပွားမှုများလာ...

အမရပူရ ၌ လူငါးရာတွင် ဆင်ခြေထောက်ပိုးရှိသူ အယောက် ၄ဝ ကျော် တွေ့

မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်တွင် လူ ၅ဝဝ အားစစ်ဆေးရာ တွင် ဆင်ခြေထောက်ပိုးရှိသူ ၄၄ ဦး တွေ့ရှိခဲ့ကြောင်း တိုင်းဒေသကြီး ငှက် ဖျားဆရာဝန်ကြီး ရုံးမှ သိရသည်။ မန္တလေးခရိုင် မဟာအောင်မြေမြို့ နယ်တွင် လူ ၅၃၈ ဦးအား သွေးဖောက် စစ်ဆေးရာ ဆင်ခြေထောက်ပိုးရှိသူ ၂ ဦး၊ ပုသိမ်ကြီးမြို့နယ်တွင်...
 

တရားမ၀င် အကြောအားတိုးဆေး များကို ရန်ကုန်မြို့ လူစည်ကားရာ နေရာများတွင် ရောင်းချနေ

ရန်ကုန်တိုင်း ဒေသကြီး အတွင်း ဗိုလ်တထောင် မြို့နယ် ၊ ပန်းဘဲတန်း မြို့နယ် နှင့် မင်္ဂလာ တောင်ညွန့် မြို့နယ် များရှိ လူစည်ကားရာ နေရာများဖြစ် သော ကားဂိတ် ၊ ဘူတာရုံ များ၌ ပြည်ပ နိုင်ငံများမှ တရားမ၀င် တင်သွင်းသည့် အကြော အားတိုးဆေး များကို ပေါ်ပေါ် တင်တင် ရောင်းချ နေကြောင်း တွေ့ရ...

မန္တလေးတိုင်းအတွင်း ကျန်းမာရေးဌာနများသို့ သူနာပြုနှင့် သားဖွား ၁၄၀ ဦး စေလွှတ်မည်

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ မြို့ပေါ်နှင့် ကျေးလက်ဒေသများရှိ ဆေးရုံ၊ တိုက်နယ်ဆေးရုံ၊ ကျေးလက်ကျန်းမာရေးဌာနနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲများ၏ လစ်လပ်နေရာများသို့ ၂၀၁၄ ခုနှစ်အတွက် သူနာပြုနှင့် သားဖွားဆရာမ ၁၄၀ ဦး စေလွှတ်မည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန...

အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာများ စားသုံးမှုကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုများစေ

မြန်မာနိုင်ငံ တွင် ကင်ဆာရောဂါ ဖြစ်ပွား ခြင်းသည် အရောင်တင် ဆိုးဆေး အသုံးပြုသော အစားအစာ များ စားသုံးမှုကြောင့် ဖြစ်သည်ဟု မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး အသင်း ဥက္ကဋ္ဌ ဦးဗအုပ်ခိုင် က ပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါ အရောင်တင် ဆိုးဆေး အသုံးပြု အစားအစာ များမှာ မျှစ် ၊ လက်ဖက်...

ရန်ကုန်ကလေးဆေးရုံကြီးတွင် အရေးပေါ်လူနာများကို အခမဲ့ကုသပေးမည်

ရန်ကုန် ကလေးဆေးရုံကြီးသို့ အရေးပေါ် ခွဲစိတ်ရန်နှင့် ဆေးကုသရန် ရောက် ရှိလာသောလူနာများကို အခမဲ့ ကုသပေးမည်ဖြစ်ကြောင်း သိရ သည်။ ယင်းသို့ကုသပေးရာတွင် ဆေးမှာ အလွယ်တကူဝယ်ယူနိုင် သောဆေးဖြစ်ခြင်း၊ ဆေးရုံတွင် အဆင်သင့်ရှိပြီး လုံလုံလောက် လောက်ရှိသောဆေးဝါးများနှင့် ကုသရမည်ဆိုပါက ဆင်းရဲချမ်းသာ...

HIV ရောဂါပိုး ကာကွယ်နိုင်တဲ့ ဆေး တွေ့တော့မှာလား

HIV နဲ့ အလားတူတဲ့ SIV ရောဂါပိုးက HIV ပိုးထက် ၁၀ ဆ အန္တရာယ် ပိုများ အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သိပ္ပံပညာရှင်တွေက HIV နဲ့ အလားတူတဲ့ ရောဂါပိုး တမျိုး ဖြစ်တဲ့ SIV ရောဂါပိုးကို ကာကွယ်ပေးနိုင်တဲ့ ကာကွယ်ဆေးတမျိုးကို မျောက်တွေမှာ စမ်းသပ်ကြည့်ခဲ့ရာမှာ ထိရောက်မှု ရှိတာ တွေ့ရပါတယ်။ ကာကွယ်ဆေးထိုးခဲ့တဲ့...

သတိ ကိုယ်ပျောက်လူသတ်သမား ဣတ္ထိယတို့အနားတွင်ရှိသည်

သားဖွားနှင့် မီးယပ်အထူးကု ဆရာဝန်၏ တိုက်တွန်းမှုကြောင့်သာ ဆေးစစ်ခံခဲ့သည့် အသက် ၃၅ နှစ်အရွယ် မသန်းဌေး (နာမည်လွှဲ) သားအိမ်ခေါင်းကင်ဆာ ပထမအ ဆင့် ဖြစ်နေပြီဆိုသည့် ဆေးစစ်ချက် အဖြေရရှိချိန်တွင် ပြောစရာ စကားမရှိတော့အောင် တိတ်ဆိတ်သွားသည်။ ”အဲ့လိုရောဂါရှိနေမယ်လို့ တစ်ခါ မှ မတွေးခဲ့ဖူးဘူး။...

ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၁ ခုတွင် ဆင်ခြေထောက်ရောဂါအမြစ်တွယ်နေ

ရန်ကုန်အပါအဝင် ပြည်နယ်နှင့် တိုင်းဒေသကြီး၁၁ခု တွင် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်နေကြောင်း ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး စီမံချက်မှ သိရသည်။ထို့ကြောင့် ဆင်ခြေထောက်ရောဂါ အမြစ်တွယ်မှု ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် လူကုန် ဆေး တိုက်ကျွေးခြင်းလုပ်ငန်းကို ယခုလ ၉ ရက်မှ ၁၅...

ကျောင်းသူ/သားများတွင် မျက်စိနာ ကူးစက်ရောဂါ ဖြစ်ပွားလျက်ရှိ

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့နယ် ချိကယ်ကျေးရွာအုပ်စု ဒေါဆော်ဘီးကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းခွဲတွင် ဇူလိုင်လလယ်မှစ၍ ကျောင်းသူ/သားများ မျက်စိနာရောဂါဖြစ်ပွားလျက်ရှိရာ ယခုအချိန်ထိ လျော့နည်းခြင်းမရှိသေးကြောင်း ၎င်းကျောင်းမှ မူပြဆရာမ ဒေါ်ပလျားမာမောင်က ပြောသည်။ “အခုကလေးတွေရဲ့...
 

လိုင်စင်မဲ့ တရုတ်နှုတ်ခမ်းနီများတွင် ခဲဓာတ်ပါဝင်

တရုတ် နိုင်ငံလုပ် လိုင်စင်မပါဘဲ ဝင်ရောက် လာသော နှုတ်ခမ်းနီများနှင့် တရား ဝင် တင်သွင်းသော နာမည်ကြီး တံဆိပ်အတု နှုတ်ခမ်းနီ များတွင် ခဲဓာတ်ပါဝင်မှု မြင့်မားနေ၍ အ သုံးပြုသူများ သတိထားကြရန် တနင်္ဂနွေနေ့က သတိပေးထုတ် ပြန်ခဲ့သည်။ အစားအစာနှင့် ဆေးဝါးအုပ် ချုပ်ရေးဌာန(FDA)က အကြံပြု စာတစ်ရပ်...

ဥရောပတစ်ဝန်း လူ ၁ဝဦးတွင် တစ်ဦး အဆုတ်ရောဂါကြောင့် သေ

ဥရောပတိုက်၌ သေဆုံးသူ ၁ဝဦးလျှင် တစ်ဦးမှာ အဆုတ် ရောဂါများကြောင့် သေဆုံးခြင်း ဖြစ်ပြီး ဆေးလိပ် သောက်ခြင်းမှာ အဓိက အချက်ဖြစ်ကြောင်း European Respiratory Society အဖွဲ့မှ အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။ အတိတ်က ဆေးလိပ်သောက် သုံးခဲ့သည့် နှုန်းများကြောင့် လာ မည့်နှစ် ၂ဝအတွင်း အဆုတ်ကင်...

ဆန်မှာ Arsenic အဆိပ်ပါဝင်မှု အမေရိကန်စစ်ဆေး

အမေရိကန် အစားအသောက်နဲ့ ဆေးဝါးဆိုင်ရာ ကွပ်ကဲရေးအဖွဲ့က ဆန်၊ ဆန်နဲ့ပြုလုပ်တဲ့စားသောက်ကုန်  နမူနာ ၁၃ဝဝ မှာ မြေဆီလွှာအတွင်း တွေ့ရလေ့ရှိတဲ့ အာဆင်းနစ်နဲ့ တခြား အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတုပစ္စည်း ပါဝင်နေမှုကို စစ်ဆေးခဲ့ပါတယ်။ ကမ္ဘာပေါ်က လူသန်းထောင်ပေါင်းများစွာရဲ့ အဓိက စားသောက်ကုန်...

တစ်နှစ်လျှင် သွေးကင်ဆာ ရောဂါသည် နှစ်ရာနီးပါး ရန်ကုန်ဆေးရုံကြီးတွင် ကုသမှု ခံယူနေဟုဆို

နာတာ ရှည်သွေးကင်ဆာသည် အသက် ၄၀ နောက်ပိုင်း လူကြီးပိုင်းများတွင်ပိုဖြစ်ပြီး အပြင်းစားသွေးကင် ဆာသည် ကလေး၊ လူကြီးနှစ်မျိုး စလုံးတွင်ဖြစ်တတ်ကာ တစ်နှစ် လျှင် သွေးကင်ဆာရောဂါသည် နှစ်ရာ နီးပါး ရန်ကုန်ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရကြောင်း သိရသည်။ ''တစ်နှစ်ကို သွေးကင်ဆာ ဖြစ်တဲ့သူ...

အမျိုးသမီးငယ်များ ကိုယ်ဝန်ပျက်ကျမှု များလာသဖြင့် သုတေသနပြု လုပ်သင့်ပြီဟုဆို

အမျိုး သမီးငယ်များ ကိုယ်ဝန်ပျက်ကျ မှုများပြားလာသဖြင့် သုတေသန ပြုလုပ်သင့်ပြီဖြစ်ကြောင်း MA- RIE STOPES INTERN- ATIONAL မှ Country Director ဒေါက်တာစစ်နိုင်က အကြံ ပြုပြောကြား လိုက်သည်။ အမျိုးသမီး ငယ်များအတွင်း ကိုယ်ဝန်ပျက်ကျမှု များပြားလာရ ခြင်းမှာမိဘနှင့် အုပ်ထိန်းသူများ က...

သစ်သီးစားရင် ဆီးချို ဖြစ်နိုင်ခြေ နည်း

လတ်ဆတ်တဲ့ စပျစ်သီးက ဆီးချို ကာကွယ်နိုင် လတ်ဆတ်တဲ့ သစ်သီးဝလံ တွေကို စားသုံးရင် ဆီးချို ရောဂါ တစ်မျိုး ဖြစ်ပွားနိုင်ခြေ သိသိသာသာ ကျဆင်းကြောင်း သုတေသီ တွေက တွေ့ရှိခဲ့ပါတယ်။ ဘလူးဘယ်ရီ၊ စပျစ်သီး၊ ပန်းသီး စတဲ့ သီးနှံတွေကို မှီဝဲသူ တွေဟာ နံပါတ် ၂ အမျိုးအစား ဆီးချိုဘေးက ကင်းဝေးအောင်...

ဆေးရုံတွင် ဆရာဝန်မရှိ၍ လူနာများ ဆေးကုသရန် အခက်အခဲဖြစ်

ကယား(ကရင်နီ)ပြည်နယ် ဘောလခဲမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆရာဝန်မရှိသည့်အတွက် ဆေးရုံသို့ လာရောက် ကုသနေကြသည့် လူနာများမှာ အခက်အခဲကြုံတွေ့နေကြရသည်ဟု ဘောလခဲမြို့မှ အသက်သုံးဆယ်ခန့်အရွယ် ဒေသခံ အမျိုးသမီးတဦးက ပြောသည်။ ဆေးရုံသို့ ရောက်ရှိလာကြသည့် လူနာများကို ဆေးမကုသပေးနိုင်သည့်အတွက်...

ဓာတ်မြေသြဇာကြောင့် စိုက်ပျိုးရေးသမားတွေ ကင်ဆာပိုမို ဖြစ်လို့ဆို

မြန်မာနိုင်ငံမှာ ​စိုက်ပျိုးရေး လုပ်ငန်းလုပ်ကိုင်သူတွေ ​တခြားလူတွေထက် ​ကင်ဆာရောဂါ ​ဖြစ်ပွားမှုနှုန်းများပြီး ​စိုက်ပျိုးရေးမှာ ​ဓာတ်မြေသြဇာတွေ ​အသုံးများတဲ့ အတွက် ​ဖြစ်ရတယ်လို့ ​သြဂဲနစ်သီးနှံစိုက်ပျိုးရေးလုပ်ငန်းနဲ့ ​ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်း ​ကတာဝန်ရှိသူတွေက ​ပြောပါတယ်။...

တင်းပါးတွင် ဧရာမဘုကြီးပါရှိသော ခလေးငယ် ခွဲစိပ်ကုသရန် ငွေကြေးအခက်ကြုံနေ

ပဲခူးတိုင်း ဒေသကြီး ဖြူးမြို့ ဗိုလ်ချုပ်ရပ်ကွက်တွင် နေထိုင်သော ကျဘမ်းလုပ်ကိုင် စားသောက်နေရသော မိဘ ၂ ပါးမှ လွန်ခဲ့တဲ့ ၃ လကမွေးဖွားခဲ့သော ကလေးငယ်မှာ တင်ပါးတွင် ဧရာမဘုကြီးပါရှိသောကြောင့် ခွဲစိပ် ရန်လိုအပ်နေပါတယ်။  ဖြူးဆေးရုံနှင့် တောင်ငူခရိုင်ဆေးရုံကြီးတို့ မှ ရန်ကုန်မြို့...

ကျန်းမာရေး အသုံးစရိတ် သင့်မှာဘယ်လောက်ရှိသလဲ

ကျွန်တော်တို့မှာ သက်ရှိများဖြစ်၍ တစ်သက်တာအတွင်း ဘာဆိုဘာမှမဖြစ်ဘဲ ကျန်းမာစွာနေထိုင်သွားနိုင်ခြင်းမရှိတာ သေချာသည်။ အနည်းဆုံး ဖျားခြင်း၊ နာခြင်းနှင့် မကင်း။ လူတစ်ယောက်အတွက် ကျန်းမာရေးမှာ အရေးကြီးသည်။ ကျွန်တော်တို့အတွက် ကျန်းမာရေးစရိတ်မှာလည်း ပို၍အရေးကြီးလှပေသည်။ အထူးကုဆေးရုံ...

0 comments:

Post a Comment