Friday, September 27, 2013

နယူးဇီလန်နိုင်ငံ၏ ပါလီမန်ခေါင်း ဆောင်များ လာမည့်သတင်းပတ်တွင် စတင်မည့် ၎င်းတို့၏ အာဆီယံသုံးနိုင်ငံ ခရီးစဉ်အတွင်း မြန်မာလွှတ်တော်အမတ်များနှင့် ဆက်ဆံရေးတိုင်းမြှင့်ရန် ဆောင် ရွက်သွားမည်ဟု လွှတ်တော် ကိုယ်စားလှယ်များအဖွဲ့ကို ဦးဆောင်မည့် ပါလီမန်ဥက္ကဋ္ဌ ဒေးဗစ်ကာတာက အင်္ဂါနေ့တွင် ထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက် တစ်ခုတွင် ပြောကြားကြားလိုက်သည်။
မြန်မာနိုင်ငံတွင်းရှိ ပြုပြင်ပြောင်းလဲနေမှု အခြေအနေများကို ပိုမိုနားလည်နိုင်စေရန် ကြိုးပမ်းမည့် နယူးဇီလန် လွှတ်တော်အမတ်များအဖွဲ့သည် နေပြည်တော်သို့ သွားရောက်ကာ လွှတ်တော်နှစ်ရပ်စလုံးမှ ဥက္ကဋ္ဌများအပါအ၀င် တာဝန်ရှိသူများနှင့် တွေ့ဆုံမည်ဖြစ်သည်။
ထို့အပြင် ကိုယ်စားလှယ်တော်အဖွဲ့သည် သမ္မတဦးသိန်းစိန်၊ အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့သည် မြန်မာနိုင်ငံသို့မလာမီ ထိုင်းနိုင်ငံတွင် ထိုင်းဝန်ကြီးချုပ်ရင်လပ်၊ လွှတ်တော်ခေါင်းဆောင်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ထို့အပြင် ပူးပေါင်းဆောင်ရွက်ရေးမြှင့်တင်ရန် နယူးဇီလန်-ထိုင်း ပါလီမန်မိတ်ဆွေများအဖွဲ့ကိုလည်း ဖွဲ့စည်းသွားမည်ဖြစ်သည်။
နောက်ဆုံးတွင် လွှတ်တော်ကိုယ်စားလှယ်အဖွဲ့သည် ဂျပန်နိုင်ငံသို့ သွားရောက်လည်ပတ်မည်ဖြစ်ကာ ကုန်သွယ်ရေး၊ စိုက်ပျိုးရေး ပြုပြင်ပြောင်းလဲရေးနှင့် ဘေးဒုက္ခပြန်လည်ထူထောင်ရေးတို့နှင့် သက်ဆိုင်သည့် ကိစ္စရပ်များအား ဆွေးနွေးသွားမည်ဖြစ်သည်။
ကျွန်တော်တို့ရဲ့ ခရီးစဉ်ဟာ နယူးဇီလန်နိုင်ငံအနေနဲ့ ကုန်သွယ်ရေး ကိစ္စရပ်တွေ ဒေသတွင်းအရေးကိစ္စတွေ တစ်ကမ္ဘာလုံးနဲ့ဆိုင်တဲ့ အရေးကိစ္စတွေမှာ ပူးပေါင်း ဆောင်ရွက်ဖို့အတွက် အာရှနိုင်ငံတွေဆီကို ဦးတည်နေတဲ့ အချိန်နဲ့ အချိန်ကိုက်ပါဘဲ”ဟု ကာတာက ပြောကြားလိုက်သည်။

0 comments:

Post a Comment