သူငယ်ချင်းမင်းသိစေဖို့အတွက်
လောကကြီးမှာ မင်းသိထားတာက နည်းနည်းလေးပါကွာ လောကကြီးက မင်းတို့အကြောင်းးကို
အကုန်သိတယ် ဆိုတာ မင်းနားလည်လားကွ မင်းဟာ သာမန်လူတစ်ယောက်ဖြစ်ချင်ဖြစ်နေလိမ့်မယ်
ဒါပေမယ့်မင်းဟာ အညတရ လူသားတစ်ယောက်တော့မဟုတ်ဘူးဆိုတာ အားလုံးသိအောင်လုပ်ပြလိုက်စမ်းပါကွာ မင်းသိသင့်သလောက်တော့ သိထားရမည့်ပတ်ဝန်းကျင်အကြောင်းကို အမြဲတမ်းနားစွင့်ထောင်နေလိုက်ပါ
လောက ကြီးကို မင်းအရွဲ့ မတိုက်နဲ့ အရွှဲ့တိုက်ရင် မင်းပဲခံသွားရလိမ့်မယ်။ လောကကြီးက ဘာမှဖြစ်မသွားဘူး။မင်းပဲစောင်းငန်းစောင်းငန်းဖြစ်သွားမှာကွ။စောင်းငန်းစောင်းငန်းဆိုတာသိလား။လေရိုက်တဲ့သူလိုခေါင်းတွေအာတွေရွဲ့စောင်းသွားတာကိုပြောတာ
နားလည်လား။မင်းတို့ငါတို့မရှိပဲကမ္ဘာကြီးက
ဆက်တည်ရှိနိုင်တယ်။ဒါပေမယ့် ငါတို့မင်းတို့ဆိုတာ ကမ္ဘာကြီးမရှိဘဲ ဆက်အသက်မရှင်နိုင်ဘူး။ဒီတော့
မိုက်တိမိုက်ကန်းမင်းအကျင့်တွေကို ဖျောက်ပစ်လိုက်ပါတော့။ဒီနေ့တော့ထားလိုက်ပါ။ဆက်မိုက်လိုက်ပါ။
မနက်အာရုံသောက်ရင်တော့မင်းအကျင့်ဆိုးတွေကို ဖြောက်ပစ်လိုက်ပါတော့သူငယ်ချင်းရယ်။ ငါအသိပေးတာပါ။ မင်းပုံစံကိုမင်းပြန်ကြည့်ဦး။လူတောတိုးသေးရဲ့လားလို့။သူငယ်ချင်းတို့အားအများတကာကိုအရွဲ့တိုက်ချင်တဲ့
စိတ်တွေကိုလျော့ချလိုက်ပါ။မင်းစိတ်တွေကြည်လင်လာလိမ့်မယ်။ အဲ့ဒီအခါကျရင်မင်းဟာအလုပ်တွေကို ဆက်လုပ်နိုင်လိမ့်မယ်။ အလုပ်တွေကိုလုပ်နိုင်မှ မင်းရှေ့ရေးကောင်းမှာပေါ့ကွာ။

0 comments:
Post a Comment