
မြန်မာ့နိုင်ငံရေးအကူးအပြောင်း၏ အခွင့်အလမ်းနှင့် စိန်ခေါ်မှုများ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဆရာကြီးဦးမော်သန်းစီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် (ငြိမ်း)

ဒေါက်တာ သောင်းထွန်း
၁၉၈၂ ခုနှစ်တွင် ရန်ကုန်ဆေးတက္ကသိုလ်(၁)မှ ဘွဲ့ရရှိခဲ့ပါသည်။ တောင်ငူစစ်ဆေးရုံနှင့် မှော်ဘီ စစ်ဆေးရုံတို့တွင် လက်ထောက်ခွဲစိတ်ဆရာဝန်အဖြစ် ၁၉၈၅ မှ ၁၉၈၈ ထိ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၉၁ နောက်ပိုင်းကာလများတွင် မြန်မာ့ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးတို့အတွက် ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်၊ ကုလသမဂ္ဂဒုက္ခ သည်များ ဆိုင်ရာ မဟာမင်းကြီး ရုံးတို့နှင့် ဆက်သွယ်ဆောင်ရွက်ခဲ့သည်။ထို့ပြင် ဂျနီဗာနှင့် နယူးယောက်ရှိ ကုလ သမဂ္ဂအထွေထွေညီလာခံ အစည်းအဝေး များသို့ တက်ရောက်ပြီး မြန်မာ့ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေးတို့ အတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
ဒေါက်တာသောင်းထွန်းသည် ၁၉၉၆ခုနှစ်တွင် Burma Fund-UN ကိုတည်ထောင်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် ကုလသမဂ္ဂရှိ International Peace Academy သို့ တက်ရောက်ခဲ့ ပြီး Conflict Resolution ဘာသာရပ်ကို လေ့လာခဲ့ပါသည်။ ယခုအခါ မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းရေးကာလတွင် အထောက် အကူပြုနိုင်ရန်ရည်ရွယ်ပြီး Institute for Peace and social Justice (IPSJ) ကို တည်ထောင်ကာ အရပ်ဖက်ဆိုင်ရာ လူ့အဖွဲ့အစည်းလုပ်ငန်းများ ကိုအကူအညီပေးသည့် လုပ်ငန်းများ ဆောင်ရွက်နေပါသည်။
ဦးမင်းဇင်
The Foreign Policy’s Transition Blog တွင် ပုံမှန်ရေးသားနေသူတစ်ဦးဖြစ်ပြီး Freedom House အပါအဝင် Foundation များတွက် မြန်မာနိုင်ငံ၏ ဖြစ်ပေါ်ပြောင်းလဲမှုကိုလေ့လာသုံးသပ်သူလည်းဖြစ်ပါသည်။

ထိုင်း-မြန်မာ နယ်စပ်ဒေသမှ ပြည်ပသို့ ထွက်ခွာခဲ့ပြီးနောက်ပိုင်းတွင် The Foreign Policy, The Irrawaddy, The Bangkok Post, Far Eastern Economic Review, Wall Street Journal နှင့် အခြားမဂ္ဂဇင်း စာစောင်များတွင်လည်း ဆောင်းပါးများရေးသားခဲ့သည်။ ယခုအခါ အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ Berkeley တက္ကသိုလ်တွင် နိုင်ငံရေးသိပ္ပံ ပါရဂူဘွဲ့အတွက် စာတမ်းပြုစုလျက်ရှိပါသည်။
0 comments:
Post a Comment