Friday, September 27, 2013

ရန်ကုန်၊ စက်တင်ဘာ ၂၇

၂၆.၉.၂၀၁၃ရက်နေ့ ၀၇၀၀ အချိန် သုံးခွမြို့နယ်၊ လက်ပန်နန်းခလဲရွာ၊ ဘုရားလေးတဲစုနေ ဦးနေ၀င်းအောင်သည် နေအိမ်တဲနှင့်(၁)မိုင်ခန့် အကွာရှိ မွေးနေ့အလှူအိမ်သို့သွားရောက်ခဲ့ပြီး အပြန်တွင် ၁၂၀၀အချိန်ခန့်၌ ဖခင်ဖြစ်သူဦးမြဟန်၏တဲသို့သွားကာ တဲအတွင်းသို့မ၀င်ဘဲ ခေါင်းရင်းရှိနွားတဲတွင်နွားစာထည့်ပေးပြီးနောက် နေအိမ်သို့ပြန်လာစဉ် ဖခင်နှင့်အတူနေညီဖြစ်သူ ကျော်လင်းအောင်မှ လိုက်လာကာ ဖခင်ဖြစ်သူဦးမြဟန်မှာ တဲအတွင်း၌ သွေးအိုင်ထဲတွင် လဲကျနေကြောင်းပြောပြသိရသဖြင့် ညီဖြစ်သူနှင့်အတူ သွားရောက်ကြည့်ရှုရာ တဲရှေ့ခန်းပြူတင်း ပေါက်အနီးတွင် ဦးခေါင်းနောက်စေ့ပြတ်ရှဒဏ်ရာ၊ဦးခေါင်းဝဲဘက်ခြမ်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရသဖြင့် စုံစမ်းအရေးယူပေးရန် ဦးနေ၀င်းအောင်မှတိုင်ကြားခဲ့၍ သုံးခွမြို့မရဲစခန်း (ပ)၂၈၇/၂၀၁၃၊ ပုဒ်မ ၃၀၂ဖြင့် အမှုဖွင့်လှစ်ပြီး တရားခံဖေါ်ထုတ်ဖမ်းဆီးနိုင်ရေး တိုင်း/ခရိုင်မှတပ်ဖွဲ့ဝင်များနှင့်သုံးခွမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များပူးပေါင်းကာ စုံစမ်းဖေါ်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

0 comments:

Post a Comment