Thursday, September 26, 2013



တရုတ်ပြည်ဟာ Facebook နဲ့ Twitter တို့လို ဆိုရှယ်မီဒီယာတွေကို ဖွင့်ကြည့်လို့မရအောင် ကန့်သတ်ထားတာ ၄ နှစ် ရှိပါပြီ။
အခုတော့ ရှန်ဟဲမြို့မှာ  Facebook သုံးနိုင်ကြပါပြီ တဲ့။ အဲ ... ကျန်တဲ့မြို့တွေမှာတော့ ဆောရီးပဲ လို့ ဆိုရပါမယ်။




မနေ့က ရှန်ဟဲမြို့မှာ  iPad ကနေ  Facebook ထဲ ၀င်နေတာ အခုလို တွေ့ရမှာပါ (Photo: Reuters)


ဒီအကြောင်း ဧရာဝတီသတင်းတပုဒ် ဖြစ်တဲ့ Facebook and Twitter Too Late for China’s Internet မှာ ရေးထားပါတယ်။ အဲဒီ မူရင်းသတင်းကို http://www.irrawaddy.org/archives/44732 မှာ ဖတ်နိုင်ပါပြီ။ တရုတ်အစိုးရက ကန့်သတ်ထားတဲ့အတွက် Facebook နဲ့ Twitter တို့ ဘာဖြစ်သွားသလဲ???

ဆုံးရှုံးမှု အင်မတန် ကြီးမားပါတယ် တဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ ကန့်သတ်မှုများပြားတဲ့ တရုတ်ပြည်ကြီးဟာ လူဦးရေ များပြားလွန်းတဲ့အတွက် အင်တာနက်သုံးသူ သန်းပေါင်း ရာနဲ့ချီ ရှိလို့ပါပဲ။ ၅၉၁ သန်း လို့ ဆိုတယ်။
အွန်လိုင်းကြော်ငြာလုပ်ငန်းက ရမယ့်ငွေတွေကို Facebook မရနိုင်တော့ဘူးပေါ့။
အခုနေများ တရုတ်အစိုးရက Facebook ကို တံခါးဖွင့်ပေးလိုက်ရင်လည်း သိပ်.........နောက်ကျသွားပါပြီလို့ ဆိုနိုင်ပါလိမ့်မယ် တဲ့။
တရုတ်မှာ WeChat သုံးတဲ့သူက ၂၃၆ သန်း ရှိတယ်၊
တွစ်တာနဲ့ ဆင်တူတဲ့ Sina Weibo ဆိုတာကြီးကို သုံးသူက သန်း ၅၀၀ ရှိတယ် တဲ့။ မနည်းတဲ့ပမာဏပါပဲ။
အင်း... အခုနေ ဖွင့်ပေးလည်း သိပ်နောက်ကျပြီဆိုတာ ဖြစ်နိုင်ပါတယ်။

တရုတ်ကြီးက သူ့ရဲ့ မိတ်အင်ချိုင်းနား ဆိုရှယ်မီဒီယာတွေကို ၂၄/၇ စောင့်ကြည့်နေတာပါ။
ငြိမ်ဝပ်ပိပြားရေးထိခိုက်မယ့်ဟာကို ရေးရင် ဖြန့်ရင်၊ ကောလာဟလ ဖြန့်ရင် အဲဒီ အင်တာနက်သုံးသူကို ထောင်ထဲထည့်တဲ့အစိုးရပါ။

Facebook က တရုတ်ကြီးနဲ့ နှစ်ပါးသွားလိုရင်ဖြင့် တရုတ်ကြီးနဲ့ အပေးအယူတွေ လုပ်ရပါလိမ့်မယ်။
အဲဒီ အပေးအယူများထဲမှာ အင်တာနက်သုံးသူတွေကို လည်ပင်းညှစ်သလိုဖြစ်မယ့် အလုပ်တွေလည်း ပါနိုင်ဖွယ်ရှိပါတယ်။

0 comments:

Post a Comment