Friday, September 27, 2013





ရန်ကုန် ၊ စက်တင်ဘာ ၂၅။ ။ ဧရာ ဝတီတိုင်းဒေသကြီး ဖျာပုံခရိုင် ဖျာပုံမြို့တွင် ရေလုပ်ငန်း၊ စိုက် ပျိုးရေးလုပ်ငန်းများ လည်ပတ်နိုင် မည့် စက်မှုဇုန်တစ်ခုတည်ထောင် ရန်အတွက် တိုင်းဒေသကြီးအစိုး ရအဖွဲ့ကို တင်ပြလိုက်ပြီ ဖြစ်ကြောင်း ဖျာပုံမြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုအဖွဲ့မှ အဖွဲ့ ဝင်တစ်ဦးထံက သိရသည်။

ကျပ်သိန်းပေါင်း ၁၀၀၀၀ ကျော်ကုန်မည့် မြို့ပြစီမံကိန်း (Town Plan) တစ်ခုကို တိုင်းဒေ သကြီး အစိုးရအဖွဲ့ကို တင်ပြခဲ့ ခြင်းဖြစ်ပြီး ယင်းစက်မှုဇုန်စီမံကိန်း အတွက် မြေဧက ၁၁၀ ကိုလျာထား ရေး ဆွဲကာ မြေကွက် ၁၀၀ ဖြင့် ပုံစံပြုရေးဆွဲထားကြောင်း သိရ သည်။

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က ညွှန်ကြားထားသည့် မြို့နယ်များအလိုက်မြို့ပြဖွံ့ဖြိုး ရေးစီမံကိန်း ရေးဆွဲတင်ပြရေးအ စီအစဉ်၏ တစ်စိတ်တစ်ပိုင်းအ ဖြစ် ဖျာပုံမြို့ဖွံ့ဖြိုးရေးအဖွဲ့က မြို့ ၏ ရေရှည်ဖွံ့ဖြိုးရေး အစီအစဉ် တစ်ရပ်အဖြစ် ယခုစက်မှုဇုန်တည် ဆောက်ရေးကို တင်ပြတောင်းခံ ခဲ့ခြင်းဖြစ်ပြီး စက်မှုဇုန်တည်ထောင် မည့်နေရာကို ကျိုက်လတ်-ဖျာပုံ ကားလမ်းမကြီး ဘေး၊ ဖျာပုံမြစ် ရိုးဘက်ခြမ်းကိုဦးတည်၍ ရေးဆွဲ တင်ပြထားကြောင်း သိရသည်။

''စီမံကိန်းက မြေဧက ၁၁၀ မှာ မြေကွက် ၁၀၀ ကွက်ရိုက်ထား တဲ့ စက်မှုဇုန်ပုံစံ ပါ။ စက်မှုဇုန်ဖြစ် တဲ့အတွက် ရေလမ်း၊ ကုန်းလမ်းနီး တဲ့နေရာကို ဦးစာပေးရေးဆွဲပေး ထားတယ်။ အခြေခံလိုအပ်ချက် ဖြစ်တဲ့ ရေ၊ မီး၊ လမ်းတွေဖော်ဆောင် ရေးအတွက် ကျပ်သိန်း ၁၀၀၀၀ ကျော်ကုန်ကျမယ် လို့ ခန့်မှန်းထား တယ်''ဟု ဖျာပုံမြို့ ဖွံ့ဖြိုးတိုးတက် ရေးအထောက် အကူပြုအဖွဲ့မှ ဦးအေးအောင်က စက်တင်ဘာ ၂၄ ရက်တွင် ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြောသည်။

ယခုတိုင်းဒေသကြီး အစိုးရ အဖွဲ့ကို တင်ပြလိုက်ပြီဖြစ်သည့် ဖျာပုံမြို့ စက်မှုဇုန်စီမံကိန်းအတွက် ရေမြောင်းများနှင့် လမ်းများ ဖောက် လုပ်ရေးအပိုင်းကို မြို့နယ်စည်ပင် သာယာဌာနက ဆောင်ရွက်မည် ဖြစ်ပြီး ယင်းစက်မှုဇုန်တွင် ၂၂ ပေ အကျယ်ရှိ ကွန်ကရစ်လမ်းမကြီး တစ်ခုကို ဖောက်လုပ်ရန်ထည့် သွင်းရေးဆွဲခဲ့ကြောင်း သိရသည်။
ဦးအေးအောင်က ''အဓိက လျှပ်စစ်မီးအတွက် ထရန်စဖော်မာ သီးသန့်ထောင်ပြီး မီးတိုင်တွေနဲ့ ပေးဝေဖို့ ကျွန်တော်တို့ စီစဉ်ထား ပါတယ်''ဟုပြောသည်။

0 comments:

Post a Comment