Tuesday, September 24, 2013

 
မိုက်ကယ်ဂျက်ဆင်ရဲ့ တစ်ချိန်က ခြံကြီးကို ဝယ်လိုတဲ့ ဘီဘာ
မိုက်ကယ်ဂျက်ဆင်က သူ့ရဲ့Idol ပါလို့ အမြဲ ဆိုတတ်တဲ့ ဂျက်စတင်ဘီဘာက ဒီတစ်ခါမှာတော့ မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့ဖူးတဲ့ နဲဗားလန်း အိမ်ကြီးကို ဝယ်ချင်တယ်လို့ ဆိုလိုက်ပြန် ပါတယ်။ ဒီလိုလုပ်လိုက်တာက ပြဿနာတွေ အ မြဲရှာတတ်တဲ့သူ့အတွက် ချောင်ပိတ်မိနေတတ်တဲ့ လော့စ်အိန်ဂျလိစ်ကနေ ထွက်ပြေးဖို့ ထွက်ပေါက် တစ်ခုလို့ ဘီဘာက ထင်ကြောင်း Sunday People က ဖော်ပြခဲ့ပါတယ်။
 
အသက် ၁၉ နှစ်ရှိ ကမ္ဘာကျော်အဆိုတော် ဘီဘာရဲ့ စီမံခန့်ခွဲရေးအဖွဲ့ကလည်း သူ့ကို ညဘက် အပျော်အပါးများနဲ့ မိန်းမများက ဝေးရာ၊ ပါပါရာ ဇီများနဲ့ ဝေးရာ မှာ နေစေချင်နေကြပါတယ်။ ဘီ ဘာက ပြီးခဲ့တဲ့လက စုစုပေါင်း ခြံကြီးလေးခြံကို ကြည့်ခဲ့ပြီးဖြစ်ကာ သူ့အနေနဲ့က နဲဗားလန်းကိုလို ချင်ကြောင်း သူ့ရဲ့ သူဌေးများကို ဘီဘာကပြော ခဲ့ပါတယ်။ ဘီဘာရဲ့ ပိုင်ဆိုင်မှုက လက်ရှိ ပေါင် သန်း ၁ဝဝ ကျော်ရှိလိမ့်မယ်လို့ ယူဆရပါတယ်။
ဘီဘာနဲ့ ရင်းနှီးတဲ့အသိုင်းအဝိုင်းက သတင်း တစ်ခုအရတော့ ”မကြာသေးခင်က ပြဿနာတွေ တစ်ပုံတစ်ပင်ဖြစ်ခဲ့တဲ့ ကျွန်တော့်အတွက်တော့ လော့စ်အိန် ဂျလိစ် မြို့လယ်ခေါင်ကနေထွက်ပြီး ပို ပြီးဆိတ်ငြိမ်တဲ့ဘဝနဲ့နေတာ အကောင်းဆုံးပါပဲ” လို့ ငယ်ရွယ်ချိန်မှာတင် ကမ္ဘာ့ငွေကြယ်ပွင့်တစ်ပွင့်ဖြစ် နေတဲ့ ဘီဘာကဆိုကြောင်း ပြော ကြားခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့အဖွဲ့သားတွေက သူ့ကိုတည်တည်ငြိမ် ငြိမ်နဲ့ ပျော်ရွှင်စေချင်တယ်။ သူ့အတွက် စိုးရိမ် တယ်။ နောက်သူတို့ အကောင်းဆုံး ဖြေရှင်းနည်း
ကိုတွေ့သွားတယ်။ အဲဒါက မြို့တော်ကနေ နာရီနဲ့ ချီသွားရမယ့် ခြံကြီးတစ်ခြံကို သူ့ကိုပြောင်းနေခိုင်း ဖို့ပါပဲ။ ဒါက သူ့နောက်ကို တကောက်ကောက် လိုက်နေမယ့် လူတွေဘေးကနေလည်း ဝေးသွား နိုင်ပါတယ်။ ဘီဘာဟာ ချစ်သူ မင်းသမီး ဆယ်လီ နာဂိုမက်ဇ်က လမ်းခွဲခံလိုက်ရပြီးတဲ့နောက် သူ့ဘဝ က ကမောက်ကမတွေများနေ ခဲ့ပြီး လက်ရှိတော့ ပေါင်လေးသန်းတန်LA က အိမ်ကြီးမှာ နေထိုင် လျက်ရှိပါတယ်။ မိုက်ကယ်ဂျက်ဆင်ပိုင်ဆိုင်ခဲ့တဲ့ နဲဗားလန်းခြံကြီးကတော့ ရောင်းချမယ့်ခြံစာရင်း ဝင်ဖြစ်ပြီး ဘီဘာကလည်း အဲဒီမှာ နေထိုင်ချင်နေ တာကြောင့် အလုပ်နဲ့ ငွေကြေးကိစ္စတွေပြေလည် အောင် ညှိနှိုင်းနိုင်ခဲ့မယ်ဆိုရင်တော့ အဆင်ပြေ နိုင်ပါတယ်။
လွန်ခဲ့တဲ့လေးနှစ်က ကွယ်လွန်ခဲ့တဲ့ မိုက်ကယ် ဂျက်ဆင်ရဲ့ ကိုယ်ပိုင်ခြံကြီးဟာ ဧက ၃ဝဝဝ ကျယ် ပြီး တိရစ္ဆာန်ရုံ၊Art Theatre တို့အပြင် စား သောက်ဆိုင်၊ ရေကူး ကန်များ၊ ဂိမ်းကစားခန်းနဲ့ ကိုယ်ပိုင် မီးသတ်စခန်းတို့တောင်ပါဝင်ပြီး ၂ဝဝ၈ ခုနှစ်မှာပေါင် ၁၅ သန်းအကြွေးနဲ့ သိမ်းခံရတာ ကြောင့် သူ့မိသားစုက လက်လွှတ်လိုက် ရတဲ့ခြံဖြစ်ပါ တယ်။
 
ဝန်ထမ်းတွေအပေါ် ရက်ရောလှတဲ့ Jay -Z နဲ့ အ တွဲညီတဲ့ ဇနီးဘီယွန်ဆေး
အောင်မြင်တဲ့ လူတွေအချင်းချင်းပေါင်းထား တဲ့ စုံတွဲများထဲက Jay -Z နဲ့ ဘီယွန်ဆေးတို့က အလုပ်ကြိုးစားတဲ့သူတို့ ဝန်ထမ်းအယောက် ၈ဝ ကို ဒေါ်လာလေး သန်းနီးပါးမျှ အကုန်ခံကာ ပိုက်ဆံ များထုတ်ပေးခဲ့ပါတယ်။
Jay -Z ဟာ အသက် ၄၃ နှစ်ရှိပြီး ဖျော်ဖြေရေး လုပ်ငန်းနဲ့ ချမ်းသာတဲ့ သူကြွယ်တစ်ဦးဖြစ်ပြီး သူ့ ရဲ့ ဝန်ထမ်းတွေကို အမှုဆောင်အဆင့်ကနေ သူနဲ့ အသက် ၃၁ နှစ် အရွယ် နာမည်ကြီးအနုပညာရှင် နဲ့ လုပ်ငန်းရှင် ဘီယွန်ဆေး၊ ၁၈ လသမီးလေး Blue တို့ နေထိုင်ရာ အိမ်သုံးလုံးက အိပ်ခန်း ဆောင် ထိန်းသိမ်းရေး ဝန်ထမ်းအထိ ဒေါ် လာ လေးသောင်းခွဲတန် ချက်လက်မှတ်များ ထုတ်ပေးခဲ့ တာဖြစ်ပါတယ်။ အဲဒီကံကောင်းလှတဲ့သူတို့ ဝန် ထမ်း ၈ဝ ကို အခုလို ပေးတာဟာ သူတို့ရဲ့အလုပ် ကြိုးစား မှုများကို ချီးမြှောက်တာဖြစ်တယ်လို့ သိရပါ တယ်။ ဝန်ထမ်းတစ်ယောက်မကျန် အဲဒီလို ဒေါ် လာ ၄၅ဝဝဝ တန်ချက်လက်မှတ်ထုတ်ပေးလိုက် တဲ့အတွက် အတွင်းလူ တစ်ယောက်က ”အများစုက တော့ မယုံနိုင်လောက်အောင်ဖြစ်ပြီး တစ်ခုခု မှားနေလားလို့တောင် ဖုန်းဆက်မေးကြပါတယ်” လို့ ဆိုခဲ့ကြပါတယ်။ မမှားပါဘူး။ “Jay -Z က သူ့ရဲ့ ကြွယ်ဝမှုကို သူ့ဘေးနားကလူတွေကို ဖြန့်ကျက်ပေး တာပါ” လို့ဆိုပါတယ်။
Jay -Z နဲ့ ဘီယွန်ဆေးတို့ စူပါစတားဇနီး မောင်နှံဟာ ၁ ဘီလီယံကြွယ်ဝတဲ့ ပထမဆုံး ပေါ့ပ် လောကရဲ့ သူကြွယ်မောင်နှံများဖြစ်ကြတယ်လို့ လည်း မကြာသေးခင် က ဖော်ပြခံခဲ့ရသူတွေဖြစ်ပါ တယ်။
 
ခင်ပွန်းသည်အတွက် စဉ်းစားပေးတတ်တဲ့ ဂျက်ဆီ ကာကိုပိုင်ဆိုင်ထားတဲ့ ဂျက်စတင် တင်ဘာလိတ်
အနုပညာလောကမှာ ကမ္ဘာကျော်တဲ့ မောင် နဲ့မယ်တွေဟာ အလုပ်နဲ့အောင်မြင်မှုတွေ နောက်ကို လိုက်ရင်း နှစ်ဦးသားကုန်ဆုံးရမယ့်အချိန်တွေ နည်း လာတဲ့အခါ လမ်းခွဲခြင်းတွေနဲ့ အဆုံးသတ်နေရ ချိန်မှာ ဂျက်စီကာဘီအဲကတော့ အဲဒီလိုအဆုံး သတ်ကို မရောက်အောင်ကြိုးစားနေတဲ့ ဇနီးတစ် ယောက်ဆိုတာကို ပြသလိုက်ပြန် ပါတယ်။ အောင် မြင်တဲ့မင်းသမီးတစ်လက်ဖြစ်ပေမယ့် ဂျက်ဆီကာ ဟာ သြဂုတ်လ ဒုတိယအပတ်က ခင်ပွန်းသည်အ ဆိုတော် ဂျက်စတင်တင်ဘာလိတ်နဲ့ အဆိုတော် Jay Z တို့ရဲ့Legends of Summer ဖျော် ဖြေရေးခရီးစဉ်ရဲ့ ဘော့စတွန်က Fenway Park မှာပြုလုပ်တဲ့ပွဲကိုတော့ လေယာဉ်နဲ့တစ်ခါ ခြေလျင် တစ်လှည့်အမီ တက်ရောက်ခဲ့ပါတယ်။ ခင်ပွန်းသည် ဆီအရောက်လာတဲ့ ဂျက်စီကာရဲ့ဖက်ရှင်ကလည်း သူ့ကိုတွေ့နေကျပုံစံတီရှပ်၊ ဂျက်ကက်နဲ့ ဂျင်း ဘောင်းဘီနဲ့ သားရေဖိနပ်တို့ ဝတ်ထားပြီး ဆံပင်ကို လည်း ခပ်လျော့လျော့လေးချထားပါတယ်။ မေလ တုန်းက ဂျက်စတင်ခေါင်းဆောင်ပါဝင်တဲ့ Inside Llewyn Davis ရုပ်ရှင်အတွက် ပရိုမိုး ရှင်းလုပ်ဖို့ ကန်းစ်ရုပ်ရှင်ပွဲတော်မှာ အတူတက်ပေးခဲ့ပါတယ်။ ဒါကြောင့် အလုပ်များလို့ အတူနေဖို့ အခြေအ နေမပေးခဲ့ကြ ပေမယ့် ဂျက်စတင်အတွက် စိတ်ခွန် အားလိုအပ်တဲ့ အချိန်တိုင်း သူ့အနားကို အပြေး ရောက်လာနိုင်အောင် ဂျက်စီကာက ကြိုးစား ပေးတတ်တဲ့ဇနီးလို့ ဆိုပါတယ်။ နောက်ပြီး ဂျက်စ တင်ကလည်း ကိုယ့်ရဲ့
သူငယ်ချင်းကောင်းကို လက် ထပ်တာဟာ တကယ်ကောင်းပါတယ်။ ဒါမျိုးက ကျွန်တော်နဲ့ လိုက်ဖက်တယ်လို့ဆိုပါတယ်။
အဆိုတော်နဲ့ သရုပ်ဆောင်မင်းသား ဂျက် စတင်တင်ဘာလိတ်ဟာ ယနေ့အသက် ၂၉ နှစ်ရှိပါ ပြီ။ သူ့ရဲ့ နာမည်ပြောင်ကJT ပါတဲ့။ အသက် ၁၁ နှစ် အရွယ်ကတည်းက အနုပညာလောကထဲကို ရောက် လာသူပါ။ ဂျက်စတင်တင်ဘာလိတ်ရဲ့Trade Markရယ်လို့ပြောနိုင်တာတွေက သူ့ရဲ့ အကအစွမ်းနဲ့ ဆံပင်အတိုအကောက်လေးတွေ ပါပဲ။ အိပ်မပျော် တဲ့အခါတွေမှာတော့ သူ့ကိုယ်သူ သိပ် တဲ့အနေနဲ့ သီချင်းတွေဆိုရင်း အိပ်လေ့ရှိပါတယ်။ ၁၉၉၈ ခုနှစ် ကနေ ၂ဝဝ၂ ခုနှစ်အတွင်းမှာတော့ နာမည်ကြီးတဲ့
မမဘရစ်တနေစပီးယားစ်နဲ့ ချစ် ကြိုက်ခဲ့ပါသေးတယ်။ ၂ဝဝ၇ ခုနှစ်ကစပြီး မင်းသမီး ဂျက်စီကာဘီးအဲနဲ့ ချစ်ကြိုက်ခဲ့ပြီး ၂ဝ၁၂ ခုနှစ် အောက်တိုဘာလမှာတော့ အီတလီမှာ သူတို့နှစ် ယောက်လက်ထပ်ခဲ့ကြပါတယ်။ သူဟာ အမျိုးသား မဂ္ဂဇင်းGQ မှာ သုံးကြိမ်တိုင် မျက်နှာဖုံးရှင်ဖြစ်ခဲ့သူ ဖြစ်ပါတယ်။ ၂ဝ၁၃ ရဲ့ ကမ္ဘာ့အလွှမ်းမိုးနိုင် ဆုံး ပုဂ္ဂိုလ် ၁ဝဝ စာရင်းမှာလည်း ဝင်ခဲ့ပါတယ်။
 
အက်ရှ်လေတစ်စ်ဒေးနဲ့ စေ့စပ်လိုက်တဲ့ ရော့ခ်ဂီတ သမား ခရစ္စတိုဖာ
ရော့ခ်ဂီတသမား ခရစ္စတိုဖာဖရန့်ခ်ျဟာ သူ့ ထက် နာမည်ကျော်လူကြိုက်များတဲ့ High School Musical နဲ့ စတားဖြစ်ခဲ့သူ အဆိုတော်၊ သရုပ်ဆောင် အက်ရှ်လေ တစ်စ်ဒေးနဲ့ စေ့စပ်လိုက် ပြီဖြစ်တာကြောင့် သြဂုတ်လရဲ့ ဝေဆာတဲ့ သတင်း တွေမှာတော့ သူတို့ စုံတွဲကိုလည်း ချန်ထားလို့ မရပါဘူး။
သူတို့နှစ်ယောက်ဟာ ၂ဝ၁၂ ခုနှစ် နှစ်ကုန် ဒီဇင်ဘာလမှာ လူသိရှင်ကြားစတင်စုံတွဲခုတ်ခဲ့ကြ တာဖြစ်ပါတယ်။ ခရစ္စတိုဖာဟာ တစ်ချိန်ကတော့Big Bang Theory နဲ့ နာမည်ကျော်ခဲ့တဲ့ ကာလေးကူကို ဆိုသူနဲ့ ကြိုက်ခဲ့ကြပါသေးတယ်။ အက်ရှ်လေကတော့ Dancer တစ်ဦးဖြစ်တဲ့ Jared Murilo နဲ့ ဒါရိုက်တာစကော့စပီးရ်တို့နဲ့ ပတ်သက်ခဲ့ဖူးပါတယ်။
 
မီဂန်ဖောက်စ်နဲ့ ဒုတိယမြောက်ရင်သွေးကိုရရှိတော့ မယ့် ညှို့မင်းသား ဘရိုင်ရန်
ညှို့အားပြင်းတဲ့ ရုပ်ရည်ပိုင်ရှင်များထဲက တစ် ယောက်ဖြစ်တဲ့ ဘရိုင်ယန်သြစတင်ဂရင်းန်ဟာ အောင်မြင်တဲ့ အမေရိကန်မင်းသားများထဲက တစ် ယောက်ဖြစ်ပြီး Beverly Hills, 90210 နဲ့ Terminator ရုပ်မြင်သံကြားဇာတ်လမ်းတွဲများနဲ့ လူသိများသူဖြစ်ပါတယ်။ လက်ရှိ အသက် ၄ဝ လို့ မထင်ရလောက်အောင် နုပျိုတဲ့ ဘရိုင်ယန်ဟာ ယ ခင်အိမ်ထောင်နဲ့ သားတစ်ယောက်ရှိပြီး ၂ဝ၁ဝ ခုနှစ်မှာ သူနဲ့လိုက်ဖက်လှတဲ့ မင်းသမီး မီဂန် ဖောက်စ်နဲ့ လက်ထပ်ခဲ့ပြီးတဲ့နောက် သားတစ် ယောက် ထပ်ရထားပါတယ်။ သားလေးရလို့ ၉ လ ပဲကြာသေးတဲ့အချိန် မကြာသေးမီကပဲ သူတို့နှစ် ယောက်ရဲ့ ဒုတိယမြောက် ရင်သွေးလေးကို Ninja Turtles စတားမင်းသမီး မီဂန်ဖောက်စ်တစ် ယောက် လွယ်ထားရပြီဖြစ်ပါတယ်။
မီဂန်ဖောက်စ်နဲ့ သူ စတင်ဆုံတွေ့ခဲ့စဉ်ကာလ ၂ဝဝ၄ ခုနှစ်တုန်းကတော့ ဘရိုင်ယန်က အသက် ၃ဝ၊ မီဂန်က ၁၈ နှစ်ပဲရှိပါသေးတယ်။ သူတို့နှစ် ယောက်ဟာ ၂ဝဝ၆ ခုနှစ်မှာ စေ့စပ်ပြီး လမ်းခွဲခဲ့ပါ တယ်။ ၄ နှစ်အကြာမှာ ပြန်စေ့စပ်ကြပြီးတဲ့နောက် လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုအခါမှာတော့ သူတို့ရဲ့ ဒုတိယရင်သွေးလေး မီဂန်မှာရှိနေပြီလို့ ကြေညာလိုက်ပြီဖြစ်ပါတယ်။ မီဂန်ဖောက်စ်နဲ့ ရည်းစားဖြစ်စဉ်က သိပ်အနှောင့်အယှက်ပေးခဲ့လို့ ဘရိုင်ယန်ဟာ ပါပါရာဇီတွေကို မုန်းပါတယ်။ ဒီနှစ်မှာ သူပါဝင်တဲ့ ရုပ်ရှင်ကတော့ ဂျက်အဖြစ် သူ ပါဝင်သရုပ်ဆောင်ထားတဲ့ Last Stop ဆိုတဲ့ ကားဖြစ်ပါတယ်။ ဒါ့အပြင် Wedding Band နဲ့ Anger Management ရုပ်သံစီးရီးများမှာလည်း ပါဝင် လျက်ရှိပါတယ်။
ဖောက်စ်ကတော့ လက်ရှိ ‘Teenage Mutant Ninja Turtles’ ကို ရိုက်လက်စဖြစ်ပြီး မိခင်တစ်ယောက်အနေနဲ့ မိသားစုများများလိုချင် တာကိုလည်း ထုတ်ပြောခဲ့ပါ တယ်။ မိခင်တစ် ယောက်အနေနဲ့ သူ့ပထမရင်သွေးကို ပေးနိုင်သမျှ အရာအားလုံးပေးချင်ကြောင်းနဲ့ ကလေး ၂ ယောက် လိုချင်ကြောင်း၊ သူ့ရင်သွေးများဟာ သူ့ရဲ့ နှလုံးသား ရှိရာဖြစ်ကြောင်းတို့ကို မတ်လတုန်းကMarie Claire UK မဂ္ဂဇင်းကို ပြောခဲ့ပါသေးတယ်။ 
အရေးပေါ်အိမ်အခြေအနေနဲ့ အရေးကြီးတဲ့ အောင်မြင်မှုတို့အကြားက တိုက်ဂါးဝုဒ်
ပြီးခဲ့တဲ့လက တိုက်ဂါးဝုဒ်တစ်ယောက် သူ့ရဲ့ ၁၅ ကြိမ်မြောက် ဆုကြီး ဆွတ်ခူးနိုင်မယ့် 95 th PGA Championship အတွက် အသည်းအသန် ကြိုးစားနေရ တဲ့အချိန်မှာ သူနဲ့ မိုင် ၁၃၆ဝ အကွာ မှာရှိတဲ့ သူ့ပိုင်ဆိုင်တဲ့ ဂျူပီတာကျွန်းနေအိမ်က တော့ ရေထဲမြုပ်လုမြုပ်ခင်ဆိုတဲ့ သတင်းတွေက ပလူပျံနေချိန်ပါ။ အဲဒီမတိုင်ခင် ကတည်းက သူနဲ့ ရည်းစားဖြစ်သူ လင်ဆေးတို့က အိမ်ရဲ့အနေအထား ဟာလည်း အက်ကွဲကြောင်းများနဲ့ ဆိုးရွားနေတာကို သတိပြုမိခဲ့ပါတယ်။ အဲဒီနေအိမ်ရဲ့ ပိုင်နက်ဟာ ၁၂ ဧကကျယ်ဝန်းပြီး ၅၄ သန်းခွဲတန်ပါတယ်။ အောင် မြင်မှုတွေဆိုတာ တာရှည်မခံတတ်ဘူးဆိုပေမယ့် အမေရိကန်ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်သမား တိုက်ဂါးဝုဒ်အတွက်တော့ ကမ္ဘာ့နံပါတ်တစ်ဆိုတဲ့ နေရာကို အကြိမ်ကြိမ်ပိုင်ဆိုင်ခဲ့ပြီး ကမ္ဘာ့အခကြေး ငွေအများဆုံးပေးရတဲ့ အားကစားသမားများစာရင်း မှာ ထိပ်ဆုံး က နှစ်ပေါင်းများစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပါတယ်။ သူဟာ ပရော်ဖက်ရှင်နယ် ဂေါက်ရိုက်သမားဘဝကို ၂ဝဝ၆ ခုနှစ်မှာရရှိခဲ့ပြီး ဆက်တိုက်ဆိုသလို အောင်မြင် မှုတွေနဲ့ စံချိန်ချိုးကာ ၂ဝဝ၇ ခုနှစ်မှာ ကမ္ဘာ့နံပါတ်တစ်ဂေါက်ရိုက်ချန်ပီ ယံဘွဲ့ကို ပထမဆုံးအကြိမ်ရရှိခဲ့ပါတယ်။
ဒါပေမဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုနဲ့ အ မျိုးသမီးမြောက်များစွာ ဖွင့်ဟခဲ့တဲ့ သူ့ရဲ့ သစ္စာမဲ့မှု တွေကြောင့် ဖြစ်ပေါ်လာတဲ့ ဂယက်များရဲ့ ဒဏ်နဲ့ သူရဲ့ လက်ရည်ေ တွေ အာင်မြင်မှုတွေကျဆင်းလာ ပြီး ၂ဝ၁၁ ခုနှစ်မှာတော့ သူဟာ နံပါတ် ၅၈ နေရာထိ ထိုးကျသွားခဲ့ရပါတယ်။ ဒါပေမဲ့လို့ ဒီ ၂ဝ၁၃ ခုနှစ်နဲ့ မတ်လမှာတော့Arnold Palmer Invitational ကိုအနိုင်ရပြီး ကမ္ဘာ့နံပါတ်တစ် နေရာကို ပြန်တက်သွားနိုင်ခဲ့ပါတယ်။ အရပ်ကတော့ ၆ ပေ နဲ့ ၁လက်မ၊ အသက်က ၃၇ နှစ်၊ နာမည်ပြောင်က တိုက်ဂါး၊ ကလေးက ၂ ယောက်၊ ၂ဝဝ၄ ခုနှစ်မှာ လက်ထပ်ပြီး ၂ဝ၁ဝ ခုနှစ်မှာ လမ်း ခွဲခဲ့ပါတယ်။
ဖခင် Earl က တစ်ချိန်က တက္ကသိုလ်ကျောင်း သားဘဝမှာ ဘက်စကက်ဘောသမား၊ နောက်ပိုင်း မှာ မသန်စွမ်းအပျော်တမ်းဂေါက်ရိုက်သူ၊ အသက် ၂ နှစ်မပြည့် ခင်ကတည်းက သားဖြစ်သူ တိုက်ဂါး ဝုဒ်ကို ဂေါက်ရိုက်တဲ့အားကစားနဲ့ မိတ်ဆက်ပေးခဲ့ ပါတယ်။ အသက် ၈ နှစ်အရွယ်မှာJunior World Golf Championships ရဲ့ အသက်အငယ်ဆုံးအ တန်းမှာ စတင်ဗိုလ်စွဲခဲ့တာပါ။ ၁၉၉၇ ကနေ ၂ဝဝ၁ ခုနှစ်အထိ Golf Digest မဂ္ဂဇင်းမှာ ဂေါက်ရိုက်အားကစားနဲ့ပတ်သက်တဲ့ ကော်လံမှာ ညွှန် ကြား ချက်တွေရေးသားခဲ့ပြီး ၂ဝဝ၁ ခုနှစ်မှာ သူရေးခဲ့တဲ့ How I Play Golf စာအုပ်က အုပ်ရေတစ်သန်းခွဲ ရောင်းရပြီး ရောင်းအားအကောင်းဆုံး ဂေါဖ့်ရိုက် လမ်းညွှန် စာအုပ်များထဲက တစ်အုပ်ဖြစ်လာခဲ့ပါ တယ်။ ၁၉၉၉ မှာ သူ့ရဲ့ အမြင်အာရုံဟာ မျက် မမြင်ရယ်လို့ တရားဝင်သတ်မှတ်ခံရလုနီးပါးMinus 11 ထိရောက်ခဲ့လို့ လေဆာနဲ့ ကုသခဲ့ရပါ တယ်။ လက်ရှိအချစ်ရေးမှာတော့ မတ်လဆန်းက စပြီးSkier လင်ဆေးဗွန်နဲ့ ဒိတ်လုပ်နေတာဖြစ်ပါ တယ်။

0 comments:

Post a Comment