Thursday, September 26, 2013

မြန်မာ့ပညာရေး ဘယ်လို အခြေအနေရှိမယ်ဆိုတာ အထင်ရှားဆုံးပြလိုက်တဲ့သာဓကတခုကတော့ ပဉ္စမတန်း ပထ၀ီ စာအုပ်က သက်သေထူနေပါတယ်။ 



ပဉ္စမတန်း ပထ၀ီ ပြဋ္ဌာန်း ဖတ်စာအုပ်၊ ဓာတ်ပုံ- Ayeaye Than's Facebook

ကျောင်းသားမိဘ တဦးဖြစ်တဲ့ ဒေါ်အေးအေးသန်းက သူ့ဖေ့စ်ဘုတ် စာမျက်နှာမှာ တင်ထားတာပါ။ သူ့သား စာကျက်တာ နားထောင်ရင်း တခုခု လွဲနေတာကို သတိ ထားမိလို့ ပြဋ္ဌာန်းစာအုပ်ကို ယူကြည့်လိုက်တဲ့အခါ အခု ဓာတ်ပုံထဲမှာလို အကြီးအကျယ်လွဲမှားနေတာ တွေ့လိုက်ရပါတယ်တဲ့။ 

မြန်မာ့ပညာရေး ဘယ်လို အကြီးအကျယ်လွဲမှားနေလဲဆိုတာ အခု ဒီဓာတ်ပုံက သက်သေထူနေပါ တယ်။ 

မြန်မာပြည်မြေပုံမှာ ရခိုင် ကမ်းမြှောင်ဒေသကို ညွှန်းဆိုထားပုံက အရှေ့ဘက် ကုန်းမြင့်ဒေသပုံ လို့ ပြဆို ထားပြီး ရှမ်း ကုန်းမြေမြင့်ကို တော့ အနောက်ဘက် တောင်တန်းဒေသလို့ ညွှန်းဆိုပြသထားပါတယ်။ 

ဒီလို ပြဋ္ဌာန်းစာအုပ်တွေနဲ့ သင်ကြားပို့ချတဲ့ မြန်မာပညာရေး အတွက် ကျောင်းသားမိဘတွေက အစိုးရ
ကျောင်းမှာ သူတို့ သား၊ သမီးတွေကို ပညာသင်စေဖို့ အတော်တွန့်ဆုတ်သွားစေခဲ့ပါတယ်။ 

မြန်မာ့ပညာရေး ဘယ်လို အဆင့်အတန်း ရှိတယ်ဆိုတာ ဝေဖန်ဖို့နဲ့ ဆင်ခြင်ဖို့ပါ။
Categories:

0 comments:

Post a Comment