Thursday, September 26, 2013



စက်တင်ဘာ ၂၆

စက်တင်ဘာလ၂၆ရက်နေ့တွင်လုပ်အားခရှင်းပေးမည်ဟု လုပ်ငန်းရှင်ကပြောဆိုခဲ့သော်လည်း  ရှင်းမပေးသဖြင့်   ပန်းရံဆိုဒ်မှ   မြန်မာအလုပ်သမားများ ၅နာရီခန့် လမ်း လျှောက်လာကြရာ မြို့နယ် အလုပ် သမား ရုံးသို့ရောက်ရှိသွားကြပြီဖြစ်သည်။

ထိုင်းနိုင်ငံတောင်ပိုင်း၊ မလေးရှားနယ်စပ် နရသီဝပ်ခရိုင်၊ ရှန်ခိုင်း ဂလုတ်မြို့ (Buketta) ဘူကစ်တာ အရပ် တွင် ရှိသော  AEKSUPACHOKဆောက်လုပ်ရေးကုမ္ပဏီတွင် အလုပ် လုပ်ကြ သည့်  အလုပ်သမား ၁၁၀ဦးတို့ရ ရန်ငွေမှာ ဘတ်ငွေ လေးသိန်း    ကျော်ဖြစ်သည်။ ထိုငွေများအား လုပ်ငန်းရှင်က  မရှင်းပေးသဖြင့် စက်တင် ဘာလ ၇ ရက်နေ့ကတည်းကပင် အလုပ်သမားများ အလုပ် မဆင်းပဲ နေခဲ့ကြသည်။

ထို့နောက် မြန်မာသံရုံးနှင့်ဘန်ကောက်အခြေစိုက် ထိုင်းနိုင် ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့က သီးခြားစီ ဖုန်းဆက်သွယ်လျှက် ထိုင်းအလုပ်သမားဝန်ကြီးဌာနဆိုင်ရာများသို့ အကူညီတောင်းခံခဲ့ကြ သည်။ ထိုနောက် စက်တင်ဘာ ၁၆ ရက်နေ့ တွင် လုပ်ငန်းရှင်က စက်တင်ဘာ ၂၆ ရက်နေ့တွင် လုပ်အားခ များရှင်းပေးမည်ဖြစ်ကြောင်း ဖုန်းဖြင့် ကတိပြုခဲ့သည်။

အလုပ်သမားများ ရက်ပေါင်း ၂၀ ခန့် စားစရိတ်များအတွက် MAT အဖွဲ့နှင့် ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED တို့က ဦးဆောင်၍ အကူညီတောင်းခံခဲ့ကြသည်။ သို့ဖြစ်၍ အမည်မဖေါ်လိုသည့် မြန်မာအရာရှိတစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ အမည် မဖေါ်လိုသည့် MOU ကုမ္ပဏီ တစ်ခုမှ ဒါရိုက်တာ တစ်ဦးက ဘတ်ငွေ ၁၀,၀၀၀၊ MAT အဖွဲ့က ဘတ်ငွေ ၁၀,၀၀၀၊ ဒေသအခြေစိုက်  Rak Thai ဖေါင် ဒေးရှင်းက ဘတ်ငွေ ၁၂,၀၀၀၊ ဘန်ကောက်မြို့ IRC မှ ဘတ်ငွေ၁၅၀၀ နှင့် ဖူးခက်အခြေစိုက်   လေးဝတီရခိုင်လူမှုရေးအသင်းဥက္ကဌ ကိုခိုင်အတ မှ ဆန် ၂အိပ်ဖိုးဘတ်ငွေ ၃၀၀၀  ပေးပို့လှူဒါန်း ခဲ့ကြ သည်။ 
     
အလုပ်သမားများအား ဒေသခံကူညီပေးသူတစ်ဦးဖြစ်သူ ကိုပြေငြိမ်းက “ ခုကျနော် အလုပ်သမား တွေရှိတဲ့ အန်ဖေရုံးကိုေ ရာက်နေတယ်။ စစ်သားတွေ ပုလိပ်တွေ အများကြီးပဲ။ ဒီနေရာကို   မြန်မာသံရုံး ဖြစ်ဖြစ် တရားဝင်အဖွဲ့အစည်းတစ်ခုခုလာ ရှင်မှ   ဖြစ်မယ်။ ဒီအလုပ်သမားတွေကို ပစ်ပယ်ထားလို့မဖြစ်ဘူး။  မသိချင်ယောင်ဆောင်နေကြလို့မဖြစ်ဘူး။ ကြောက်နေကြလို့ မဖြစ် ဘူး။ ဒီအလုပ်သမားတွေအကူညီမရရင် သူတို့ ကိုင်ဆောင်ထားတဲ့ တရားဝင်ပတ်စပို့ဆိုတာ ဘာလဲလို့မေးရလိမ့်မယ်” ဟုပြောသည်။           

 အပြင်သို့ဆက်သွယ်သူတစ်ဦးဖြစ်သော မရည်မွန်ကျော် က “သမီးတို့ကို နေလည်ကတည်းက ပိုက်ဆံမရှင်းပေးနိုင်သေး ဘူး လို့ ဆာဝါဒီကန်က ပြောတယ်။ သမီးတို့က လုံခြုံရေးနဲ့ပြဿ နာတွေ ပြေလည် ရေးအတွက် အလုပ်သမားရုံးကို နေ့လည် ၂နာရီ ကတည်းက လမ်းလျှောက်လာခဲ့ကြတာဖြစ်တယ်။ မြို့နယ် ရုံးကို ညနေ  ၆နာရီခွဲကျော်မှာရောက်တယ်။ လမ်းမှာ ပုလိပ် ၂ကြိမ် စစ်ဆေးတယ်။ ဆက်မသွားဖို့တားတယ်။ MAT ရုံးက ပုလိပ်နဲ့  စကားပြောပေးတယ်။

မြို့နယ်ရုံးကိုရောက်တော့ တာဝန်ရှိတဲ့သူတွေ က ဒီမှာနေ လို့မရဘူးလို့ ပြောတယ်။သမီးတို့ကဒီကိုလာတာဒီမှာပဲ ဖြေရှင်း   မယ်လို့ပြန်ပြောထားတယ်၊ ၂နာရီလောက်ညှိနှိုင်းပြီးတော့မှ သမီး 
 တို့ ကို ဟောခန်းတစ်ခုမှာ နေရာချထားပေးပါတယ်။ မနက်ကျရင် ရှင်းပေးမယ်လို့ပြောပါတယ်ရှင်” ဟုပြောသည်။
                      
စက်တင်ဘာလ ၁၆ ရက်နေ့က ထမင်းစားစရာမရှိဖြစ် နေ ကြသည့် အလုပ်သမားတစ်ရာကျော် အတွက် စားစရာ ဆန်နှင့်  သောက်စရာရေများ အကူညီရလိုရငြား အလှူခံရန်ထွက် လာကြသည့် အလုပ် သမ ဇနီး မောင်နှံတို့အား ထိုင်းပုလိပ် ၉ဦးက ၀ိုင်းဝန်းဖမ်းဆီးခံခဲ့ရသည်။

အလုပ်သမား ၁၁၀ ဦးအနက်  မိန်ကလေး ၁၁ဦးနှင့်အမျိုး   သား ၄၅ဦး  တို့ လမ်းလျှောက်လာခဲ့ကြခြင်းဖြစ်သည်။ အခြားအ လုပ် သမားများမှာ ပန်းရံဆိုဒ်ထဲတွင် ကျန်နေခဲ့ကြပါသည်။
  
၂၀၁၃ ခုနှစ်အစပိုင်းကာလက နိုင်ငံတော်  သမ္မတကြီးဦးသိန်းစိန် က ပြည်ပရောက် မြန်မာ သံရုံးများသို့ ရွှေ့ပြောင်း အလုပ်သမားများကို ကူညီစောင့်ရှောက်ကြရန် မှာကြားထားဖူး သည်။ ဒေါ်အောင်ဆန်းစုကြည် ကလည်း ထိုင်းရောက် မြန်မာ အလုပ် သမားများကို ကူညီစောင့်ရှောက်ပေးမည် ဟု ပြောဆိုခဲ့ဖူးေ သ်ာလည်း ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားများ၏ဖိနှိပ်ခံရမှုမှာ   မြူတစ်မှုန်မျှ လျှော့ပေါ့ သွားခြင်းမရှိသေးကြောင်း MAT အဖွဲ့ကပြောသည်။
  
မြန်မာနိုင်ငံအတွင်းမှ သြဇာရှိသည့် မြန်မာ့အရေး တက်ကြွ လှုပ်ရှား သူများကလည်း  သန်းချီရှိသည့် ထိုင်းနိုင်ငံမှ အလုပ် သမား အရေးထက်၊ သိန်းကဏန်းသာရှိသော မလေးရှားနိုင်ငံေ ရာက် မြန်မာအလုပ် သမားအရေးကို စိတ်ဝင်စားကြသည်ဟု သိရှိရသဖြင့် ငိုအားထက်ရည်အားသန်မိကြောင်း MAT အဖွဲ့ကပြောသည်။
            
မြတ်ညို (အလွတ်သတင်းထောက်)

0 comments:

Post a Comment