Wednesday, November 13, 2013



[ D မင်း ၊ ကျော်မြတ်ဇံ ၊ ရန်ကုန် ၊ နိုဝင်ဘာ ၁၂ ]

ရန်ကုန် တိုင်းဒေသကြီးရှိ လူဦးရေနှင့်ရဲ တပ်ဖွဲ့ဝင်များ၏အင်အားကို အ ခြားနိုင်ငံများနှင့် နှိုင်းယှဉ်ပါက အလွန်နည်းပါးနေကြောင်း အ မှတ်(၂) ရဲတပ်ရင်းများကွပ်ကဲရေး အဖွဲ့မှူး ရဲမှူးချုပ်သူရဦးဘိုနီက ပြောသည်။

ရဲမှူးချုပ် သူရဦးဘိုနီက ''ရန်ကုန် လူဦးရေခြောက်သန်း မှာ ရဲအင်အားက တစ်ထောင်နီးပါး ပဲရှိတော့ ဘယ်လိုထိန်းမလဲ။ ဂျပန် နိုင်ငံမှာဆို လူ၂၀ဝနဲ့ ၆၀ဝကြား မှာ ရဲတစ်ယောက်ရှိတယ်''ဟု ပြော သည်။

ယခုအခါ မြန်မာနိုင်ငံရဲတပ် ဖွဲ့ကို နိုင်ငံတော်သမ္မတ၏လမ်း ညွှန်မှုနှင့်အတူ အဆင့်မြှင့်တင်မှု များပြုလုပ်လျက်ရှိပြီး နိုင်ငံတကာ မှ ရဲတပ်ဖွဲ့ဝင်များ၏ ထောက်ပံ့ ကူညီမှုများလည်း များစွာရရှိနေ ကြောင်း သိရသည်။

နိုင်ငံတကာရဲတပ်ဖွဲ့ဝင်များ ၏ လုပ်ထုံးလုပ်နည်းစနစ်များနှင့် အညီ လူ့အခွင့်အရေးကို အခြေ ခံကာ ဆောင်ရွက်နေကြောင်း သိရသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ယခုအခါ ရေကြောင်း၊ လေကြောင်း ရဲတပ်ဖွဲ့ဝင်များကို ဖွဲ့စည်းထားသည့်အပြင် ငွေကြေး နှင့် ကမ္ဘာလှည့်ခရီးသွား၊ အကြမ်း ဖက်၊ လူကုန်ကူးများနှင့်သက်ဆိုင် သည့် ရဲတပ်ဖွဲ့ဝင်များလည်း ဖွဲ့ စည်းထားကြောင်း သိရသည်။

အမှတ်(၈) ရဲတပ်ရင်းမှ ဒုရဲ မှူးကောင်းမြင့်နိုင်က ''အခု အီး ယူနိုင်ငံတွေက ရဲတပ်ဖွဲ့ဝင်တချို့ က ကျွန်တော်တို့ကို လူစုလူဝေး စနစ်တကျ ကိုင်တွယ်နည်းတွေကို သင်ကြားပေးနေတယ်။ ဒီနည်း စနစ်တွေနဲ့ လက်တွေ့လုပ်ဆောင် မှုတွေလုပ်နေတယ်။ အောင်မြင် မှုလဲရနေပါပြီ''ဟု ပြောသည်။

Yangon Media Group

0 comments:

Post a Comment