Wednesday, November 20, 2013


 


201311191943782734_20
ဒုက္ခသည်စခန်းမှ ရိုဟင်ဂျာ ကလေးငယ်များ [Getty Images]
မြန်မာနိုင်ငံအတွင်းရှိ လူနည်းစု ရိုဟင်ဂျာများအား နိုင်ငံသားအဖြစ် ခွင့်ပြုရန်နှင့် ဗုဒ္ဓဘာသာဝင်များမှ ရိုဟင်ဂျာများနှင့် မြန်မာနိုင်ငံ အတွင်းရှိ အခြားသော အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက်နေမှုများကို နှိမ်နင်းရန် မြန်မာအစိုးရအား တိုက်တွန်းသည့် ဆုံးဖြတ်ချက်ကို  ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မတီ၏ အင်္ဂါနေ့က ပြုလုပ်တဲ့ နှစ်ပတ်လည် အစည်းအဝေးတွင် အဖွဲ့ဝင်နိုင်ငံအားလုံးမှ သဘောတူ အတည်ပြုခဲ့ပါတယ်။
ထိုဆုံးဖြတ်ချက်တွင် မြန်မာအစိုးရ၏ နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးမှုကို ကြိုဆိုထားပြီး၊ ယခုနှစ်ကုန်တွင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးမည်ဆိုသည့် သမ္မတ ဦးသိန်းစိန်၏ ကတိအား တည်ကြည်ရန်လည်း တိုက်တွန်းခဲ့သည်။
ထို့ပြင် အခြားလူ့အခွင့်အရေး ချိုးဖောက်မှုများဖြစ်သည့် စုံစမ်းစစ်ဆေးခြင်းမရှိဘဲ ဖမ်းဆီးမှု၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လူ့အခွင့်အရေးဆိုင်ရာ လှုပ်ရှားဆောင်ရွက်သူများအား ဖမ်းဆီးထိန်းသိမ်းမှု၊ အတင်းအဓမ္မ နေရာရွှေ့ပြောင်းမှု၊ လယ်မြေများ သိမ်းဆည်းခြင်း၊ စစ်တပ်၏ အဓမ္မကျင့်မှုများနှင့် အခြားသော လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ညှင်းပန်းနှိပ်စက်မှုများနှင့် လူမဆန်သော လုပ်ရပ်များနှင့် ပတ်သက်ပြီး စိုးရိမ်မိကြောင်း ဖော်ပြခဲ့သည်။
ထိုဆုံးဖြတ်ချက်တွင် ကော်မတီတွင် ပါဝင်သည့်အဖွဲ့ဝင် ၁၉၃ နိုင်ငံစလုံးက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသည့် လူမျိုးရေး အကြမ်းဖက်မှုများ၊ ရခိုင်ပြည်နယ်အတွင်းရှိ ရိုဟင်ဂျာ လူနည်းစုများအား ညှင်းပန်း နှိပ်စက်မှုများနှင့်ပက်သက်၍ အလွန်စိုးရိမ်မိကြောင်း အလေးထား ဖော်ပြခဲ့ကြသည်။
ထိုဆုံးဖြတ်ချက်အား လာမည့်ဒီဇင်ဘာလတွင် ကျင်းပပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် အတည်ပြုရန် ရှိနေသည်ဟု သိရသည်။

0 comments:

Post a Comment