Saturday, November 23, 2013


နိုဝင်ဘာ ၁၇ ရက်ညတွင် တောင်ကြီးမြို့ ကျောင်းကြီးစုရပ်ကွက် အဝေရာမီးပုံးပျံကွင်း၌ ပြင်သစ်နိုင်ငံသူ Mrs.YE  LAVAL  ODETTE (၈၃)နှစ်သည် ၎င်း၏ဧည့်လမ်းညွှန်နှင့်အတူ တောင်ကြီးမြို့ ဟိုတယ်တစ်ခုတွင် တည်းခိုပြီး တန်ဆောင်တိုင်မီးပုံးပျံပွဲ လည်ပတ်ရာမှ အမောဖောက်လာသဖြင့် ပွဲတော်ကွပ်ကဲရုံးရှိ လူနာတင်ယာဉ်အား အကူအညီတောင်းခံပြီး စဝ်စံထွန်း ဆေးရုံသို့ ပို့ဆောင်ခဲ့ရာ လမ်းခုလပ်၌ သေဆုံးသွားကြောင်း သိရသည်။

Mrs.YE  LAVAL   ODETTE  သည် မူလက နှလုံးရောဂါအခံရှိကြောင်း စုံစမ်းသိရှိရပြီး ပြင်ပဒဏ်ရာတစ်စုံတစ်ရာမတွေ့ရှိရဘဲ သေဆုံးသဖြင့် သေဆုံးမှုနှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်းဟုတ်၊ မဟုတ်စစ်ဆေးရန်အတွက်  မြို့မနယ်မြေရဲတပ်ဖွဲ့စခန်းက သေမှုသေခင်းအမှတ်(၂၂/၂ဝ၁၃)ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။                      

စိုင်းတင်ဦး(ရှမ်း/တောင်)

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment