Wednesday, October 16, 2013



မန္တလေး    အောက်တိုဘာ   ၁၆

မန္တလေးမြို့ ဈေးချိုတော်အရှေ့မြောက်ဘက် အေရုံ ပထမထပ်ဝရန်တာရှိ  ထုပ်တန်းပေါ်တွင် မသင်္ကာဖွယ် ဂျပ်စက္ကူဖာတစ်ခုကို အောက်တိုဘာ ၁၆ ရက် နံနက် ၈ နာရီခန့်ကတွေ့ရှိပြီး   အထိတ်တလန့်ဖြစ်ပွားခဲ့သည်။ လှထိပ်တင်အလှကုန်ဆိုင်က စတင်တွေ့ရှိခဲ့ပြီး ဆိုင်ရှင် ဦးအောင်နိုင်က ရုံလူကြီးအား အကြောင်းကြားခဲ့ခြင်းဖြစ် သည်။

“မနက်ဆိုင်ခင်းနေတုန်း ကလေးတွေက တန်းပေါ်မှာ ဂျပ်ဘူးတစ်ခုတွေ့တယ်။ မသင်္ကာဘူးဆိုတာနဲ့ ကျွန်တော် ရုံလူကြီးကို အကြောင်းကြားပါတယ်။  သိပ်မကြာခင်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စည်ပင်ဝန်ထမ်းတွေ ရောက်လာပြီး ရှင်းလင်းရေးအတွက် စတင်လုပ်ဆောင်ပါတယ်”ဟု ဦးအောင် နိုင်က ပြောပြသည်။ အဆိုပါ မသင်္ကာဖွယ်ဂျပ်စက္ကူတွေ့ရှိရာနေရာအား လုံခြုံရေးရယူကာ သဲအိတ်များဖြင့် အကာအရံပြုလုပ်ပြီး မသင်္ကာဖွယ်ဂျပ်ဘူးအား ချိတ်ဖြင့်ဆွဲချရာ ဂျပ်ဘူးစက္ကူဖာအလွတ်တစ်ခုသာဖြစ်ကြောင်း တွေ့ရသည်။

သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

0 comments:

Post a Comment