Monday, September 16, 2013

မြန်မာမလေးတွေ လှကြပါသည်

ညီမလေးတစ်ယောက်ပို့ပေးလာတဲ့ မင်္ဂလာဆောင်ဓါတ်ပုံလေးကို ကြည့်ရင်း ကိုယ်လည်းမြန်မာပြည်ပြန်ရောက်ရင်ဖြင့် ထမီတွေပြန်ဝတ်ရတော့မှာပဲလို့ ပြောမိတော့ အမျိုးသားက ထမီကြီးဝတ်မှမဟုတ်ပါဘူး၊ ဘောင်းဘီတွေပဲဝတ်ပါတဲ့ လုံလုံခြုံခြုံရှိဘို့အဓိကတဲ့။း)ဒါပေမယ့်လည်း ကျွန်မတို့ပြန်လာရင် မင်္ဂလာဆောင်ကြမယ်ဆိုတဲ့ မောင်ငယ် ၊ ညီမငယ်တွေရဲ့မင်္ဂလာပွဲကိုတော့ မြန်မာဝတ်စုံလေးနဲ့ သန့်သန့်ခန့်ခန့်သွားသင့်တာပေါ့နော်။ကျွန်မ မြန်မာပြည်ပြန်ရောက်ရင် မင်္ဂလာဆောင်ဖိတ်မယ့် ဘလော့ဂါမောင်ငယ် ၊ ညီမငယ်တွေက တော်တော်များနေတယ်။ဟုတ် မဟုတ်တော့ မသိဘူး။တချို့မောင်ငယ် ညီမငယ်တွေကလည်း မမ၀ါတို့ကို လာစေချင်လို့ မမ၀ါတို့ပြန်လာမှ မင်္ဂလာဆောင်ဘို့ စီစဉ်ထားကြတယ်ဆိုပဲ။ကျွန်မကလည်းပြန်ပြောလိုက်ပါတယ် အဲလိုပဲပြောနေကြတာ ၃ ယောက်ရှိပြီလို့။း)

ဒီနေ့တော့ စိတ်လိုလက်ရပဲ မြန်မာဝတ်စုံလေးတွေကို ရှာကြည့်မိပါတယ်။ငယ်ငယ်ရွယ်ရွယ်နဲ့ လှပသူတွေဝတ်ပြထားတော့လည်း ကျွန်မတို့မြန်မာဝတ်စုံလေးတွေက လှပသပ်ယပ်နေတာပါပဲ။ကြည့်ရတာ အရမ်းကျက်သရေရှိပါတယ်။မြန်မာပြည်ပြန်ရောက်ရင် မင်္ဂလာအခမ်းအနားလေးတွေ ၊ ဘုန်းကြီးကျောင်းအလှူပွဲတွေသွားရင် ၀တ်ဖို့ မြန်မာဝတ်စုံလေးတွေချုပ်ရပါဦးမယ်။နဂိုကတည်းကမှ နုနုနွဲ့နွဲ့မဟုတ်တဲ့ ကျွန်မနဲ့ မြန်မာဝတ်စုံက သိတ်မလိုက်ဖက်သလိုပါပဲ။သူများတွေ မြန်မာဝတ်စုံလေးတွေနဲ့ လှလှပပ ချပ်ချပ်ယပ်ယပ်ရှိနေကြရင် ကျွန်မကတော့ အားကျမိပါတယ်။




































ပွဲတက်အခမ်းအနားလေးတွေမှာတော့ မြန်မာဝတ်စုံလေးတွေဝတ်ပြီး အခမ်းအနားတက်ရတာ တင့်တယ်ခန့်ညားပါတယ်။ ခေတ်မှီမှီစတိုင်လေးနဲ့ လုံလုံခြုံခြုံသတ်သတ်ယပ်ယပ်ရှိနေတဲ့ သက်မွန်မြင့်ဝတ်ထားတဲ့စတိုင်လေးတွေကိုလည်း မျက်စိကျမိပြန်ပါတယ်။
ဘာရယ်မဟုတ်ပါဘူး။ကိုယ်ကြည့်မိလို့ သူများတွေကိုလည်း အပျင်းပြေကြည့်စေချင်လို့ ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်ရှင်။း)




0 comments:

Post a Comment