Tuesday, September 17, 2013

FEC (Foreign Exchange Certificate) ငွေလက်မှတ် လက်ဝယ်ရှိသူများ ဆုံးရှုံးနစ်နာမှု မရှိစေရန် ဖျက်သိမ်းမည့် သတ်မှတ်ကာလကို တိုးမြှင့်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဗဟိုဘဏ်က ယမန်နေ့ နေ့စွဲဖြင့် ကြေညာလိုက်သည်။ ၁၉၉၃ ခုနှစ်တွင် စတင်ထုတ်ဝေခဲ့သော FEC ကို ဖျက်သိမ်းရာတွင် ၁-၄-၂၀၁၃ ရက်နေ့ အစား ၃၀-၆-၂၀၁၃ ရက်နေ့သို့ လည်းကောင်း၊ ခိုင်လုံသော အကြောင်းပြချက်ဖြင့် ၁-၇-၂၀၁၃ ရက်နေ့အစား ၃၁-၃-၂၀၁၄ ရက်နေ့သို့ လည်းကောင်း အပ်နှံလဲလှယ်ခြင်းများ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ ၁၂ နာရီ အချိန်မှ စတင်ပြီး မိတ္ထီလာမြို့တွင် တုတ်၊ ဓားများ ကိုင်ဆောင်ခွင့် မပြုတော့ဘဲ လိုက်လံ သိမ်းဆည်းနေသကဲ့သို့ အကြမ်းဖက်သည့် လူများကိုလည်း ဖမ်းဆီး အရေးယူသွားမည်ဟု လုံခြုံရေး အရာရှိတဦးထံမှသိရကြောင်း
မန္တလေးတိုင်း၊ မိတ္ထီလာတွင် ဖြစ်ပေါ်နေသော အဓိကရုဏ်း ဖြစ်ပွားနေမှုနှင့် ပတ်သက်ပြီး ရန်ကုန်ရှိ အမေရိကန် သံရုံးက ယနေ့ နေ့စွဲဖြင့် ကြေညာချက်တစောင် ထုတ်ပြန်လိုက်သည်။
နိုင်ငံခြားသားများ မြန်မာနိုင်ငံတွင် အမြဲတမ်းနေထိုင်ခွင့် (PR) ပေးရေး အကောင်အထည်ဖော်ရန် အစည်းအဝေးကို ယနေ့ နေ့လည်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန၌ ကျင်းပကြောင်း သိရသည်။
ထိုင်းနိုင်ငံ ပတ္တယားမြို့တွင် လူကုန်ကူးမှု၊ ယင်းနှင့် ဆက်စပ်သော မူခင်းများ ပူးပေါင်းတိုက်ဖျက်ရေးနှင့် တရားစွဲဆိုရေးဆိုင်ရာ ကိစ္စများအတွက် မြန်မာရဲတပ်ဖွဲ့နှင့် ထိုင်း အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာနတို့ မတ်လ ၂၀ ရက်နေ့မှ
လက်ပံတောင်း ကြေးနီစီမံကိန်း လယ်မြေသိမ်းခံ ဒေသခံများအား လျော်ကြေးငွေများကို ကာလပေါက်ဈေးဖြင့် ပေးလျက်ရှိရာ မတ်လ ၁၆ ရက်မှ ၁၉ ရက်အတွင်း ကျေးရွာအုပ်စု ၆ စုတွင် လျော်ကြေးငွေ ကျပ် ၉၅၈၉ သိန်း ထုတ်ပေးပြီးဖြစ်ကြောင်း သိရသည်။
အမေရိကန် သံအမတ် ဒဲရစ်မစ်ချဲလ် သည် မြန်မာနိုင်ငံ ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံတကာ ဆက်ဆံရေး ဒီပလိုမာ သင်တန်းသား ၁၀၀ ကျော်တို့အား ပထမဆုံး အကြိမ်အဖြစ် ၁၉ ရက်နေ့က ဟောပြောခဲ့ကြောင်း
ကမ္ဘာ့လက်နက်တင်ပို့သော နိုင်ငံများ စာရင်းတွင် တရုတ်သည် အဆင့် ၅ သို့ စာရင်းဝင်လာကြောင်း ရိုက်တာ သတင်း တရပ်တွင် ဖော်ပြထားသည်။ စစ်အေးကာလ ပြီးဆုံးပြီးနောက် လက်နက်တင်ပို့ ရောင်းချမှု အမြင့်ဆုံး အဆင့်ကို ရောက်ရှိလာခြင်း
မြန်မာ့ တပ်မတော်(ရေ)က မလေးရှားနိုင်ငံ လန်က၀ီ ကျွန်းတွင် ကျင်းပမည့် LIMA 2013 ၂၀၁၃ ခုနှစ် ၁၂ ကြိမ်မြောက် ရေတပ် ၊ လေတပ် ဆိုင်ရာ စွမ်းရည်ပြပွဲ နှင့် လက်နက်ပစ္စည်းများ ပြသပွဲသို့ သွားရောက်ရန် ရှိကြောင်း သတင်းရသည်။
ဒုတိယ ကမ္ဘာစစ်အတွင်းကာလက မြန်မာ့မြေ ပေါ်တွင် ကျဆုံးခဲ့သော အမေရိကန် စစ်သားများ၏ ရုပ်အလောင်း ရှာဖွေရေး လုပ် ငန်းစဉ်များကို အဆုံးသတ်လိုက်ပြီ ဖြစ်ကြောင်း အေပီ သတင်းတရပ်၌ ဖော်ပြထားသည်။
လေယာဉ်မောင်း အတတ်ပညာနှင့် လေကြောင်း ပညာ ဆည်းပူးလိုပြီး ပညာသင်စရိတ် မတတ်နိုင်သူ မြန်မာနိုင်ငံသား မျိုးဆက် သစ် လူငယ်များအတွက် Htoo Foundation က ပညာသင် ထောက်ပံ့ရေး အစီအစဉ်
နိုင်ငံကူးလက်မှတ် လျှောက်ထားရာတွင် ယခုအခါ ကျပ်၂၃၀၀၀ သာ ကုန်ကျတော့မည် ဖြစ်ပြီး စိစစ်ချိန် ၁၀ ရက် အတွင်းသာ ကြာ မည် ဖြစ်ကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ရွှေတိဂုံစေတီတော် ၀န်းကျင်တွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်မှုအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ) က အထပ်ဖြင့် ကန့်သတ်ခြင်းအစား
ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်မှ ၃ လအတွင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က စိတ်ကြွဆေးပြား တသိန်းကျော်ကို ဖမ်းဆီး ရမိကြောင်း သိရသည်။
မနက်ဖြန် မတ်လ ၂၀ ရက်နေ့တွင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek J Mitchell နှင့် အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Rick Barton တို့ ကယားပြည်နည်သို့ သွားရောက်မည်ဖြစ်ကြောင်း
ရှမ်းပြည်တပ်မတော် (SSA) တောင်ပိုင်း တပ်ဖွဲ့ဝင်များ အခြေစိုက် လှုပ်ရှားနေသည့် ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းဆတ်ခရိုင် မိုင်းထမြို့နယ်ခွဲရှိ လွိုင်မို့နန်းလျန်း တပ်စခန်း တနေရာကို ယခုလ ၂၀ ရက်နေ့ နောက်ဆုံး ထားပြီး ထပ်မံ ဆုတ်ခွာပေးရန် အစိုးရစစ်တပ်က အကြောင်းကြားထားကြောင်း သိရသည်။
ကရင် တိုင်းရင်းသားများ အနာဂတ်ရေးဆိုင်ရာ အစည်းအဝေးတခုကို ကရင်ပြည်နယ် ဘားအံမြို့ရှိ ဇွဲကပင် ဟိုတယ်တွင် ယခုလ ၂၉ နေ့မှ စတင်၍ ၂ ရက်ကြာ ကျင်းပပြုလုပ်ရန် စီစဉ်ထားကြောင်း သိရသည်။
ကမ္ဘာ့စားသုံးသူ အခွင့်အရေးနေ့ (World Consumer Rights) ကို မတ် ၁၅ နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ် ရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်ရုံး ခန်းမ၌ ကျင်းပကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
ပြည်ထောင်စု လွှတ်တော်က နေပြည်တော် စည်ပင်သာယာရေး ဥပဒေကြမ်းကို ပြဌာန်းလိုက်သည်။ ယင်း ဥပဒေ၌ လုပ်ငန်းတာဝန် များ၊ လုပ်ပိုင်ခွင့်များ၊ အခွန်စည်းကြပ်ကောက်ခံခြင်း၊ စည်ပင်သာယာရေး လုပ်ငန်း စီမံခန့်ခွဲခြင်း၊ အနှေးယာဉ်နှင့်
ပြည်ပသို့ ထွက်ခွာမည့် နိုင်ငံသားများအနေနှင့် ပြည်ထဲရေး ၀န်ကြီးဌာန နိုင်ငံကူးလက်မှတ် ထုတ်ပေးရေးအဖွဲ့သို့ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် အတွက် ပညာရေး လျော်ကြေး ကင်းရှင်းကြောင်း ထောက်ခံချက် တင်ပြရန် မလိုအပ်တော့ကြောင်း သိရ သည်။
၂၀၁၃-၂၀၁၄ ဘဏ္ဍာရေး နှစ်တွင် နိုင်ငံ့ဝန်ထမ်းများအား လစာတိုးမြှင့်ပေးမည် ဖြစ်ကြောင်း သိရသည်။ လာမည့် ဧပြီလမှ စ၍ ဝန်ထမ်းများကို တလလျှင် ကျပ် နှစ်သောင်း နှုန်း တိုးမြှင့်ပေးမည် ဖြစ်ပြီး
မစိုးရိမ် တိုက်သစ်ကြီး ၃ တိုက်၏ အဓိပတိ မဟာနာယက ဆရာတော် ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ သည် ကင်ဆာ ရောဂါဖြင့် မန္တလေး ဆေးရုံကြီး တွင် ယမန် နေ့က ပျံလွန်တော်မူသွားသည်။
ဒု သမ္မတ ဦးဉာဏ်ထွန်းသည် တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန အာရှရေးရာဌာန အထူးကိုယ်စားလှယ် H.E. Mr. Wang Yingfan နှင့် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသားများ ပြည်ပသို့ ထွက်ခွာရာတွင် ပြည်တွင်း အခွန်များ ဦးစီးဌာန၏ အခွန်ကင်းရှင်းကြောင်း ယူရသည့် ပုံစံ(ဂ) သက် သေခံ လက်မှတ်ကို မတ်လ ၁၅ ရက်မှ စ၍ ယူရန် မလိုအပ်တော့ကြောင်း
ဘင်္ဂလားဒေ့ခ်ျ ရဲတပ်ဖွဲ့ဝင် ၃ ဦးနှင့် အရပ်သား တဦးကို မတ်လ ၁၃ ရက်နေ့က မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနှင့် ကွပ်ကဲရေး (နစက) က ဖမ်းဆီးထားကြောင်း သတင်းရရှိသည်။
ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ မြန်မာ ရေချိုငါးများ နယ်စပ်ကုန်သွယ်ရေးမှ တဆင့် ပြီးခဲ့သည့် ရက်ပိုင်းက တင်ပို့ကြောင်း သိရသည်။
သမ္မတ ဦးသိန်းစိန်သည် သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများသို့ ချစ်ကြည်ရေး ခရီးစဉ်ကို ယနေ့က စတင်ထွက်ခွာသွားသည်။
သင်္ကြန် သီချင်းနှင့် သံချပ်စိစစ်ရေး ကော်မတီ၏ ခွင့်ပြုချက်ဖြင့်သာ သီချင်းစပ်ဆိုခြင်း၊ သံချပ်ထိုးခြင်းများ ဆောင်ရွက်ရမည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရက ထုတ်ပြန်ကြေညာထားသည်။
ထိုင်း-မြန်မာ ပူးပေါင်းဆောက်လုပ်နေသည့် အာရှ အဝေးပြေးလမ်းမကြီး စီမံကိန်း လုပ်ငန်းများကို ၂၀၁၄ တွင် အပြီးသတ်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၏ အတည်ပြုချက်ကို ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။
လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာအား ၂ဝ၁၃ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ကြေညာပြီးနောက် ထိုစီမံကိန်းကို လုပ်ဆောင်နေသော မြန်မာ့စီးပွားရေး

0 comments:

Post a Comment