Sunday, September 22, 2013

ဆုံဆို့နာ (diptheria)

ဘက်တီးရီးယားပိုးကြောင့် ဖြစ်ရတဲ့ဆုံဆို့နာဟာ အသက်ရှူလမ်း ကြောင်းကိုပိတ်ဆို့ပြီး အသက်အန္တ ရာယ်ဖြစ်စေနိုင်သလို ပိုးဆိပ်ကြောင့် လည်း သွက်ချာပါဒနှင့် နှလုံးရောဂါများဖြစ်ပွားစေတတ်ပါတယ်။ ဆုံဆို့ နာကာကွယ်ဆေးကို ၁၉၄၀ ခုနှစ်ကစတင်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ အ သက်တစ်နှစ်အောက် ကလေးများ ကို ကာကွယ်ဆေးထိုးပေးခြင်းဖြင့် ဆုံဆို့နာရောဂါကို ကာကွယ်နိုင်ပြီဖြစ် ပါတယ်။

ဝက်သက် (measles)

ဝက်သက်ဗိုင်းရပ်စ်ပိုးကို ထိ တွေ့ခြင်း၊ ရှူမိခြင်းဖြင့် ကူးစက်လေ့ ရှိပါတယ်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အနီကွက်များထွက်ခြင်းတို့ ဖြစ်ပေါ် တတ်ပါတယ်။ ၁၉၆၃ ခုနှစ်ကတည်း က ဝက်သက်ကာကွယ်ဆေး ထိုးနေ ပေမယ့် ယခုအချိန်အထိ ကြိုကြားကြို ကြားတွေ့ရဆဲဖြစ်ပါတယ်။

ပိုလီယို (polio)

တံတွေးနှင့် ဝမ်းမှကူးစက်တတ် ပြီး အောက်ပိုင်းသေခြင်း၊ ခြေလက် လေးချောင်းစလုံးသေခြင်း တို့အထိ ဖြစ်ပေါ်စေပါတယ်။ ၁၉၅၅ ခုနှစ် ကတည်းက ပိုလီယိုကာကွယ်ဆေး တိုက်လာခဲ့တာကြောင့် ယခုအခါ ပိုလီယိုရောဂါ ပျောက်ကွယ်လုနီးဖြစ် လျက်ရှိပါတယ်။

မေးခိုင် (tetanus)

ကြွက်သားတွေအလွန်အမင်း တောင့်တင်းကာ အသက်ရှူကြွက် သားများပါလှုပ်ရှားမရတော့တဲ့အထိ အန္တရာယ်ပေးတတ်ပါတယ်။ ဒုတိယ ကမ္ဘာစစ်မှာ မေးခိုင်ကာကွယ်ဆေးစထိုးခဲ့တာဖြစ်ပြီး ကာကွယ်ဆေးထိုး ထားမယ်ဆိုလျှင် မေးခိုင်ရောဂါကို ရာနှုန်းပြည့် ကာကွယ်နိုင်ပါတယ်။

သီဟ

0 comments:

Post a Comment