Monday, September 16, 2013

မေးခွန်း- ခင်ဗျား ကြော်ငြာသီချင်း ရေးတဲ့ဆိုတဲ့သူတွေ ခင်ဗျားရှေ့ဖြတ်ရင် ဆဲတယ်ဆိုတာ ဟုတ်လား။”

We Love Music
မေးခွန်း- ခင်ဗျား ကြော်ငြာသီချင်း ရေးတဲ့ဆိုတဲ့သူတွေ ခင်ဗျားရှေ့ဖြတ်ရင် ဆဲတယ်ဆိုတာ ဟုတ်လား။”
“ဟုတ်တယ်။ ငယ်ငယ်ကတည်းက စွဲခဲ့ညိခဲ့တဲ့ ဘီတယ်(လ်) တို့၊ မြို့မငြိမ်းတို့ သီချင်းတောင် မရှောင်ဘဲ အမျိုးသမီး လစဉ်သုံး ကြော်ငြာ၊ အရက်ကြော်ငြာ လုပ်ဆိုနေတဲ့ ဘယ်တေးရေး၊ တေးဆိုမဆို ဆဲတယ်။ ထူးအိမ်သင်မှာက အာဏာလည်းမရှိ၊ ငွေလည်းမရှိတော့ ဆဲပြီးကာကွယ်တာဗျ။

Monday, September 9, 2013

မောင်မောင်ဇော်လတ်စကားထဲက လေးဖြူနဲ့မျိုးကြီး

 

မောင်မောင်ဇော်လတ်စကားထဲက လေးဖြူနဲ့မျိုးကြီး

The Ants အဖွဲ့ရဲ့ ပဲ့ကို်င်ရှင် မောင်မောင်ဇော်လတ်ဆိုတာ ၁၉၇၃ ဇန်န၀ါရီလ ၃၀ ရက်နေ့မှ ဖြစ်တည်ခဲ့တဲ့ လူသားတစ်ယောက် ။ စာပေသွေးပါတဲ့ မြန်မာစာကျောင်းဆရာ အဖေ ဦးစိုးမောင် ( ကလောင်နာမည် အင်းလေးမောင်တင်မြိုင် ) နဲ့ ဒေါ်သန်းနွဲ့တို့ရဲ့ တစ်ဦးတည်းသော သားအဖြစ် ကြီးပြင်းလာတဲ့လူတစ်ယောက် ။

Saturday, September 7, 2013

နိုင်ဇော်- သီချင်းလေးညည်းရင်းလမ်းလျှောက်မယ် ဘာမှမလိုတော့ဘူး မှ

 
We Love Music
သူငယ်ချင်းတစ်ယောက်က ‪#‎အယ်ဖြူ‬ ကို သီချင်းခွေ တစ်ခွေ လက်ဆောင်ပေးရာမှ အစပျိုးသွားခြင်းဖြစ်သည်။ ဖွင့်နားထောင်ကြည့်လိုက်တော့ ဂွမ်ဂွမ် ဂွမ်ဂွမ် ၀ုန်းဒိုင်း ၀ုန်းဒိုင်းနှင့်။
အယ်ဖြူတစ်ချက်တွေ သွားသည်။

ကျွန်တော့် ဆရာ စောဘွဲ့မှူး

 
Music is Heaven
ကျွန်တော့် ဆရာ စောဘွဲ့မှူး
(ဂီတပညာရှင် စောဘွဲ့မှူး ကွယ်လွန်ခြင်း (၁၉) နှစ်ပြည့် (၂၄၊ ဇူလိုင်၊ ၂၀၁၃) အမှတ်တရ၊ မိုးမခ)

ဒေါက်တာကိုကိုလွင် (Iron Cross)

ဓာတ်ပုံ – IC Live Show

ကိုဘွဲ့ အကြောင်းက ကျွန်တော့် အတွက်တော့ ရေးစရာတွေအများကြီးပါပဲ။ ဒီလို စာတပုဒ်နဲ့ သူ့ အကြောင်း ပေါ်လွင်အောင် ဖေါ်ပြဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒါပေမယ့် တတ်နိုင်သလောက်တော့ ကျွန်တော် သိတဲ့ သူ့ အကြောင်းအချို့ကို ပရိသတ်တွေလည်း သိရအောင် ပြောပြပါ့မယ်။

ဟန်ထူးလွင်နဲ့ တွေ့ဆုံခြင်း

 
Mr. Magazine added 5 new photos to the album Artist Review "ဟန်ထူးလွင်".
သူက Big Bag ဆိုတဲ့ တီးဝိုင်းနဲ့အားလုံးအ တွက် ပန့်ခ်ဆိုပြီး ပရိသတ်ရှေ့ကို ပွဲထွက်ခဲ့သူ။ Green Day တီးဝိုင်းရဲ့ ဟန်တွေပါတဲ့ အားလုံးအ တွက် ပန့်ခ်၊ ပန့်ခ်အကြောင်းမပြောနဲ့ စတဲ့ စီးရီး ခွေတွေနဲ့ ပရိသတ်အားပေးမှုတွေ လက်ခံရရှိလာ ပြီးနောက် ကိုယ်ပိုင်သံစဉ်ပန့်ခ်ရော့ခ် သီချင်းများနဲ့ မြန်မာပြည်ဂီတလောကမှာရပ်တည်ခဲ့ပြီး ၂ဝ၁၂ ဝန်းကျင်မှာတော့ Blood Sugar Politik ဆိုတဲ့ တီးဝိုင်းခွဲတစ်ခုကိုလည်း ထပ်မံတည်ထောင်ခဲ့ပြီး တစ်နှစ်အတွင်းမှာ ပြည်ပနို င်ငံတွေမှာပါ ၂ ကြိမ် တိုင် သွားရောက်ဖျော်ဖြေခဲ့သူလည်းဖြစ်ပါတယ်။ သူကတော့ ဟန်ထူးလွင်။

Thursday, September 5, 2013

“သီချင်းနောက်ကို လိုက်နိုင်မှ အဆိုတော်ကောင်းတစ်ယောက်လို့ ပြောတဲ့ အငဲ”

 
We Love Music
“သီချင်းနောက်ကို လိုက်နိုင်မှ အဆိုတော်ကောင်းတစ်ယောက်လို့ ပြောတဲ့ အငဲ”

ဒီတစ်လ ရွှေအမြုတေ ပရိသတ်အတွက် ကျွန်မ ကြိုးစားဖြစ်တာကတော့ အဆိုတော် အငဲနှင့် တွေ့ဆုံ ခြင်းပဲ ဖြစ်ပါတယ်။ သီချင်းတွေ အရေးကောင်းသလောက်၊ သီချင်းတွေ အဆိုကောင်းသလောက်၊ စာမျက်နှာတွေ ပေါ်မှာကျတော့ နေရာကောင်းမယူဘဲ စာဖတ် ပရိသတ်နဲ့ အတွေ့ကြဲလွန်းတဲ့ ဂီတသမားကောင်းကိုမှ ကျွန်မကလည်း တွေ့ဆုံချင်တာ ဖြစ်ပါတယ်။

Tuesday, September 3, 2013

Wake me up When September ends

 
MM Social Sky
Wake me up When September ends
နာမည်ကြီး Punk အဆိုတော် Green Day ကို သိကြမယ်ထင်ပါတယ်။
သူ့ ရဲ့  နာမည်ကြီး သီချင်းတစ်ပုဒ်ဖြစ်တဲ့ ..Wake me up when september ends ဆိုတဲ့ သီချင်းလေးရဲ့  ခေါင်းစဉ်အကြောင်းလေး ပေးဖြစ်ခဲ့ပုံက ပုံပြင်ဆန်တဲ့ အကြောင်းလေးပါ။

Saturday, August 31, 2013

“ကိုယ်တိုင်ရေးပုံတူ”

 
We Love Music
“ကိုယ်တိုင်ရေးပုံတူ”
ကျွန်တော့်ရဲ့ခင်မင်လှစွာသော သူငယ်ချင်း ပန်းချီဆရာက ကျွန်တော့်ရဲ့ အလုပ်ကြမ်းသမား ခြံသမားဘ၀မှာ လက်ဆောင်ပေးခဲ့တဲ့ ရော့ဒ်စတူးဝပ်ရဲ့သီချင်းတစ်ပုဒ်ကို ကျွန်တော် စွဲလမ်းမိရာက ဘာသာပြန်ရေးချင်စိတ် ပေါက်လာပါတယ်။

Tuesday, August 27, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၂)

 
 
August 24, 2013 at 11:36pm
ဒေသကောလိပ်တွေမှာ သင်္ချာနဲ့ ဇီဝဗေဒ အဓိကမေဂျာ နှစ်ခုပဲရှိတယ်၊ ဆေးကျောင်းသွားချင်ရင် ဇီဝဗေဒကိုယူ၊ အင်ဂျင်နီယာကျောင်းသွားချင်ရင် သင်္ချာကိုယူ၊ ဒေသကောလိပ် ၂ မှာကျနော်က သင်္ချာယူထားတော့ မနက် ၇ နာရီကျောင်းတက်ရတယ်၊ မနက်ပိုင်းမတက်ဖြစ်တာများပါတယ်၊

ရိုးသားသောဂီတ

 
We Love Music
>>>>>>ရိုးသားသောဂီတ<<<<<<<<

ကျွန်တော်တို့ လူငယ်ဘ၀တုန်းက ဂီတကို ရိုးသားစွာ ခံစားကြသည်ဟုဆိုလျှင် ယနေ့ခေတ် လူငယ်များ နားလည်မည်မဟုတ်ပါ။ ဒေါသထွက်ကောင်း ထွက်နိုင်သည်။ ကျွန်တော်တို့ (၁၀)တန်းအောင်ပြီးစ အချိန် ဂစ်တာကို မတောက်တစ်ခေါက် တီးတတ်သည်။ လမ်းဘေးတွင် ထိုင်တီးသည်။ လသာသေညများသည် ကျွန်တော်တို့၏ စင်တင်တေးဂီတဘ၀။

သူ့အလှည့်ကျမှ

 
We Love Music
သူ့အလှည့်ကျမှ
ကောလဟာလ မဟုတ်ဘဲ
အလောင်းကို တပ်အင်မြင်ရ။
အခုပဲ
ခင်ဗျားစင်အောက်မှာ ခင်ဗျားနဲ့ တသားတည်း
ကလို့ ခုန်လို့ကောင်းတုန်းရှိသေး

Monday, August 26, 2013

ဝင်းဦး (သို့မဟုတ်) စွယ်စုံအနုပညာရှင်

 
 
သန်းဝင်းလှိုင် ဇွန် ၈၊ ၂၀၁၃
စာရေးဆရာ၊ ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာ၊စန္ဒာမဂ္ဂဇင်းထုတ်ဝေသူ၊ အဆိုတော်အဖြစ်အောင်မြင်ကျော်ကြားနေသောပြည်သူ့အချစ်တော် ဝင်းဦးသည်စွယ်စုံရအနုပညာရှင်ဖြစ်သည်။ဝင်းဦးကို ၁၉၃၅ခုနှစ် မတ်လ ၁၃ ရက် ဗုဒ္ဓဟူးနေ့တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့ သည်။

ကျနော်နဲ့ ဂီတသူရဲကောင်းများ (၁)

 
 
ကျနော် ဆယ်တန်းအောင်ပြီး ဒေသကောလိပ်မတက်ခင် အိမ်နီးချင်းသူငယ်ချင်း ကိုကျော်ဇော(ကွယ်လွန်) တို့ ညီအကိုတွေနဲ့ ညဘက်တွေမှာ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေရှေ့သီချင်းသွားဆိုကြတာ လိုက်လိုက်သွားတဲ့ အဆောင်ညတွေ ၁၉၇၉ ခုနှစ်။

Sunday, August 25, 2013

ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန် နဲ့ အမျိုးသမီးရော့ခ်ကာ သျှီ

 
We Love Music
ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန် နဲ့ အမျိုးသမီးရော့ခ်ကာ သျှီ
__________________________________________
ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန် နဲ့ အမျိုးသမီးရော့ခ်ကာ သျှီ"မြန်မာပြည် ဂီတလောကမှာ အမျိုးသမီး ရော့ခ်ကာ ဆိုတာ လက်ချိုးရေ လို့ ရပါတယ်။ အဲ့ဒီထဲမှာ ၉၇ခုနှစ်မှာ ဂန္ဒာရီ ဆိုတဲ့ စီးရီးနဲ့ ဂီတလောကထဲ ဝင်ရောက် လာသူ အမျိုးသမီးတေး သံရှင် သျှီတစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

0 comments:

Post a Comment