ကာင်းကင်မှသံတမန်များ သည် တခြားသူများ မဟုတ်ပေ။ အမိအဖများသာ ဖြစ်ကြသည်။လူတို့သည်မိမိတို့၏ သွားလာရာ လမ်းခရီးတွင် ဆူးညှောင့်ခလုတ်များ ကို တွေ့ရပါက အလွန်ပင် ဒေါသထွက်မိပေလိမ့် မည်။သို့သော် ဒေါသမထွက်သင့်ပေ။ သင်တို့စဉ်းစားလိုက်မိသလောက်စဉ်းစားစေချင်သည်။ အမိအဖတို့သည် သင်တို့ထင်သလို အညတရ မေတ္တာရှင်များမဟုတ်ကြပေ။ အမိအဖ တို့၏ ရင်ထဲ၌ဖြစ်ပေါ်နေသော ပိတီကို သင်တို့၏ ပေးစွမ်းသော တန်ဖိုးရှိပစ္စည်း လိုက်မမီပေ။ သင်တို့လိုသမျှ ဖြည့်စွမ်းပေးသော အမိအဖများ သည် ကောင်းကင်မှဆင်းသက်လာကြသော သံတမန်များဖြစ်ကြပေသည်။ သင်သည် ခလုတ်တိုက်လျှင် အမိကိုသော်လည်းကောင်း၊ အဖကိုသော် လည်းကောင်း တကောင်းတနေလိမ့်မည်။ ထို့သို့တ မိနေခြင်းသည် ခလုတ်တိုက်မိသော အချိန်ကာလအတောအတွင်း၌သာပင် ဖြစ်ပေသည်။ မိဘတို့သည်ပါးစပ်မှမတဘဲလက်တွေ့
ကျကျ သားသမီးတို့၏ ဘ၀ကိုပုံဖော်ပေးလျက်ရှိသော ရှေ့နေကောင်းကင်သံတမန်များဖြစ်ကြသည်။ ပုဂံပြည်ကြီး ပျက်စီးမည့်ဘေးအန္တရာယ်မှကာကွယ်ရန် ရှင်ဒိသာပါမောက်သည် မိမိ၏ ဥာဏ်စွမ်းကိုကောင်းစွာ အသုံးချ သွားခဲ့သည်။ ချီးကျူးဖွယ်ပင်တည်း။ အရှင်တော်မြတ်သည် ရဟန်းဖြစ်ပါလျှက် လူသားတို့၏ အရေး၌၀င်ရောက်စွက်ဖက်ခဲ့ကာ ပုဂံပြည်ကို ကာကွယ်ခဲ့သည့်ပထမဆုံးသော သူရဲကောင်းပင်တည်း။ ပုဂံပြည်သည် ယဉ်ကျေးမှုစတင်ထွန်းကားရာ နေရာလည်းဖြစ်၊ အချိန်လည်းဖြစ်ပေသည်။ သင်တို့ငယ်စဉ်အခါက ကျောင်းသုံးစာအုပ်များ၌ ပါဝင်သည့်အကြောင်းအရာလေးပင်ဖြစ်ပါသည်။သို့သော်လည်းထိုအကြောင်းအရာများသည် ယနေ့တိုင်အသစ်ဖြစ်နေဆဲ၊ ရှိနေဆဲပင်ဖြစ်သည်။အပြင်သတ္တလောက၌ ရဟန်းများသည် သင်တို့အဖို့ကိုးကွယ်အားထားရာ ဘုရား၏သားတော်များပင်ဖြစ်ကြသည်။ ပိုမိုသဘောပေါက်စေရန် ဆက်လက်ရှင်းပြချင်ပါသည်။
သံတမန်ဆိုသည်မှာ ရှေးခေတ် နန်းတွင်းအသုံးအနှုန်းတစ်ခုဖြစ်သည်။ တိုင်းပြည်တစ်ပြည်လုံးကို ငြိမ်းချမ်းအောင်၊ စည်ပင်သာယာဝပြောအောင် တိုင်းပြည်ကြီးဘေးအန္တရာယ်မှကင်းဝေးအောင်တိုင်းပြည်တစ်ခုမှတစ်ခုသို့
ပြည်နယ်တစ်ခုနှင့်တစ်ခုသို့ စာရွက်စာတမ်းများကိုယူဆောင်ကာ သေချာစွာဆောင်ရွက်ရသော မင်းမှုထမ်းများဖြစ်ကြသည်။ ထို့သို့ဆိုလျှင်သင်တိုသည် သံတမန်တို့၏ အလုပ်များကို နားလည် သဘောပေါက်ပေလိမ့်မည်။
ထို့သို့သော သံတမန်များကို အမိအဖများနှင့်ခိုင်းနှိုင်းကြည့်ချင်ပါသည်။ သားသမီးတို့ တိုးတက်ရာ တိုးတက်စေခြင်းအလို့ငှာ အသက်ကိုစွန့်လျက် စီးပွားရေးများကိုကုန်းရုန်းကာ လုပ်ကိုင်ရှာဖွေကျွေးမွေးနေသောသံတမန်
များမှာ အမိအဖများသာဖြစ်တော့သည်။သင်သည်ငယ်စဉ်အချိန် အခါက မိဘရဲ့အရိပ်အာဝါသ အောက်မှာနေထိုင်ရခြင်းသည် ငြိမ်းချမ်းသလောက် သာယာသည်။ ယခုသင်တို့အသက်အရွယ်ကြီးပြင်းလာသောအခါ မိဘ၏
အရိပ်အောက်၌ မရှိကြတော့ပေ။ထို့သို့သော အချိန်သည် သင်တို့အတွက် အလွန်စွန့်စားရသော အချိန်များဖြစ်ပေသည်။ ထို့သို့စွန့်စားနိုင်ရန် သင်တို့အား လမ်းဆိုးကို လမ်းကောင်းဖြစ်စေကာ ဆူးခင်းလမ်းပေါ်သို့ နူးညံ့သော ကတ္တီပါခင်းကိုခင်းစေသော ကောင်းကင်သံတမန်များဖြစ်ကြပေသည်။ အလွန်မှ ရိုင်းစိုင်းခက်ထန်သော လူရိုင်းဖခင်(သို့)မိခင်သည် သားသမီးအပေါ်၌နူးညံ့နေပေလိမ့်မည်။ ဖြစ်စဉ်မှာ သွေးက စကားပြောနေခြင်းကြောင့်ဖြစ်သည်။ ဆက်လက်ဖတ်ရူရန်...................
Thursday, September 5, 2013
Subscribe to:
Post Comments (Atom)
ဆက်လက်ဖတ်ရူပေးပါရန် သူငယ်ချင်းတို့ရေ
ReplyDelete