

ရှမ်းပြည်နယ်အတွင်း မူးယစ်ဆေးဝါးများပပျောက်ရေးအတွက် စီမံချက်ချမှတ်
အကောင်အထည်ဖေါ် ဆောင်ရွက်လျက်ရှိပြီး ပြည်သူများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်
မှုကြောင့် နေ့စဉ် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိလျက်ရှိရာ ၁၄.၁၀.၂၀၁၃ ရက်နေ့
၁၅၃၀အချိန် ရွာငံမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးစီး ပူးပေါင်းအဖွဲ့သည်
သက်သေများနှင့်အတူ ရွာငံမြို့၊ ရွှေပွင့်လင်းဘုရားမုဒ်ဦး ရှေ့၊
အောင်ပန်း-ဟန်မြင့်မိုရ် သွားကားလမ်းမပေါ်တွင် ယာဉ်များအား ရှောင်တခင်
စစ်ဆေးနေစဉ် စန်းဖေ၊ ၃၇နှစ်(ဘ)ဦးချစ်မုန်း၊ တောင်သူ၊ ပစ်ဆိုင်ကျေးရွာ၊
ပင်လယ်ဘူးမြို့၊ စစ်ကိုင်းတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ဆိုင်ကယ်အား
ရပ်တန့်စစ်ဆေးရာ ဆိုင်ကယ်ပေါ်တွင် တင်ဆောင်ထားသော ပီနံအိတ်အတွင်းမှ
ဘိန်းစိမ်း ၄၀.၉၀၇ ကီလိုဂရမ်ခန့်နှင့် ငွေစက္ကူရောရာ ၁၂၀၀၀ိ/-အား
ရှာဖွေတွေ့ရှိခဲ့ပြီး ဆက်လက်စောင့်ဆိုင်းခဲ့ရာ ထွန်းမင်းလတ်၊ ၃၉နှစ်
(ဘ)ဦးစံအောင်၊ တောင်သူ၊ ရှမ်းဝတီကျေးရွာ၊ တောင်ငူမြို့၊
ပဲခူးတိုင်းဒေသကြီးနေသူ မောင်းနှင်လာသော ၃၂.၆၆ ကီလိုဂရမ်ခန့်နှင့်
ငွေစက္ကူရောရာ ၂၀၀၀၀ိ/-အား ရှာဖွေတွေ့ရှိသဖြင့် စန်းဖေ အား
ရွာငံမြို့မရဲစခန်း မယ(ပ)၁/၂၀၁၃၊ မူး/စိတ်ပုဒ်မ
၁၅/၁၉(က)/၂၀(က)အရလည်းကောင်း၊ ထွန်းမင်းလတ်အား ရွာငံမြို့မရဲစခန်း
မယ(ပ)၂/၂၀၁၃၊ မူး/စိတ်ပုဒ်မ ၁၅/၁၉(က)/၂၀(က)အရလည်းကောင်း
အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
၁၄.၁၀.၂၀၁၃ရက်နေ့
၁၅၅၀အချိန် ဒုရဲအုပ် စိုးသန်း ဦးစိးအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ
ကျောက်မဲမြို့နယ်၊ မွေတော်ကျေးရွာနေ ခင်မောင်ဦး(ခ)ကိုဦး၊
၄၀နှစ်(ဘ)ဦးအောင်သန်းရွှေ၊ တောင်ယာလုပ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ
နေအိမ်တွင် ခင်မောင်ဦး(ခ)ကိုဦး အား အသင့်တွေ့ရှိရပြီး နေအိမ်အတွင်းရှိ
စားပွဲပေါ်မှ ချဲထီးလောင်းကစား ရောင်းချရာတွင် အသုံးပြုသော
စာရွက်စာတမ်းများနှင့် လောင်းကြေးငွေ ၃၇၇၀၀ိ/-အားရှာဖွေတွေ့ရှိသဖြင့်
ကျောက်မဲမြို့မ ရဲစခန်း(ပ)၁၀၁/၂၀၁၃၊ လောင်းကစား ၁၅(က)/၁၆(က)အရ အရေးယူ
ထားကြောင်း သတင်းရရှိပါသည်။
၁၄.၁၀.၂၀၁၃ရက်နေ့ ၁၅၅၅အချိန်
ဒုရဲအုပ် ထွန်းခိုင်စိုး ဦးစီးအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ
ကျောက်မဲမြို့နယ်၊ မွေတော်ကျေးရွာနေ ဒေါ်နန်းအေးဖိန်း၊
၅၃နှစ်(ဘ)ဦးပေါဆံဆော၊ တောင်ယာလုပ်၏ နေအိမ်အား ၀င်ရောက်ရှာဖွေရာ နေအိမ်တွင်
ဒေါ်နန်းအေးဖိန်း အား အသင့်တွေ့ရှိရပြီး နေအိမ်အတွင်းရှိ စားပွဲပေါ်မှ
ချဲထီးလောင်းကစား ရောင်းချရာတွင် အသုံးပြုသော စာရွက်စာတမ်းများနှင့်
လောင်းကြေးငွေ ၉၂၀၀၀ိ/-အားရှာဖွေတွေ့ရှိသဖြင့် ကျောက်မဲမြို့မ
ရဲစခန်း(ပ)၁၀၂/၂၀၁၃၊ လောင်းကစား ၁၅(က)/၁၆(က)အရ အရေးယူ ထားကြောင်း
သတင်းရရှိပါသည်။
by Myanmar News Now
0 comments:
Post a Comment