သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် ဟိုမိန်းမြို့နယ်ခွဲအခြေစိုက် အစိုးရတပ်က သေနတ်အော်တိုဆွဲပစ်ခတ်မှုကြောင့် နယ် စပ်နေဒေသခံများ စိုးရိမ်ထိပ်လန့်ကြကြောင်း ဒေသခံများက ပြောသည်။
အောက်တိုဘာ ၂၁ ရက် မွန်းလွဲ ၂ : ၁၅ နာရီအချိန်တွင် ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင် ရတ်ထိုင်း ရွာ မျက်နှာချင်းဆိုင် ထိုင်းနယ်စပ် ၁ ကီလိုအကွာ သျှမ်းပြည်တောင်ပိုင်း ဟိုမိုင်းမြို့နယ်ခွဲ မယ့်အောကျေးရွာအုပ်စုဘက်လှုပ်ရှားသည့် အစိုးရတပ် ခလရ ၂၈၇ က ကျည်တကတ်ခန့် အော်တိုဆွဲ ပစ်ခတ် ခဲ့သည်ဟု ဒေသခံများက ပြောသည်။
“အစိုးရတပ်က ဟိုဟ နဲ့ နမ့်ပေ့ ရွာကြားမှာ လုံခြုံရေးလာချရင်း ပစ်တာ။ ဘယ်တပ်ဖွဲ့မှ သွားလာ လှုပ်ရှားတာ မရှိဘူး။ သေ နတ်သံကြောင့် တိုက်ပွဲထင်ပြီး ကျမတို့က ရွာကနေ ထွက်ပြေး တော့မလို့၊ သေချာနားထောင်ကြည့်တော့ ပစ်ခတ်သံက တ ဘက်တည်းဖြစ်နေတယ်။ အကြိမ် ၂၀ ကျော် တယ်။ အသံက ဆက်တိုက်ဘဲ” - ထိုင်းနယ်စပ် ဘန့်ရတ်ထိုင်း ဒေသခံတဦးက ပြောပါသည်။
အစိုးရတပ်ကိုင်ဆောင်သည့်သေနတ်များတွင် ကျည်ကတ် တကတ်လျှင် အမျိုးအစားအလိုက်ကျည်ဆံ ၂၅ တောင့် မှ ၃၀ တောင့်အထိ ရှိသည်ဟု နီးစပ်သည့်သူများကပြောသည်။
“သူတို့ ပစ်တဲ့နေရာက ကျနော်တို့ တပ်စခန်းရဲ့ တောင်ခြေ အောက်နားမှာဘဲ။ သူတို့ ရှိတယ်ဆိုတဲ့ အကြောင်း အချက်ပြ တာလား၊ ဘာလဲတော့မသိဘူး၊ သေနတ်သံကြားတော့ ကျနော်တို့ကို ချပြီလားပေါ့ ၊ စစ်ရေးအသင့်အနေအထားတော့ ပြင်ထားရတယ်” - ဟု RCSS အရာရှိတဦးက ပြောသည်။
အဆိုပါဒေသတွင် သျှမ်းပြည်တပ်မတော် RCSS/SSA ၊ ဝ အမျိုးသားတပ်မတော် WNA ၊ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေး တပ်တော် PNLA တို့ အခြေစိုက် နေထိုင်ကြသည်။
အောက်တိုဘာ ၆ ရက် က သျှမ်းပြည်တပ်မတော် အမှတ် ၆ စစ်ဒေသ လက်အောက်ခံတပ်ဖွဲ့က အစိုးရ တပ် ခလရ ၂၈၇ ဗိုလ်ကြီးကျော်သူရ ဦးဆောင်သည့် စစ်ကြောင်းနှင့် အဆိုပါဒေသအတွင်း ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ပါသေးသည်။ တိုက်ပွဲအပြီး လယ်ဆင်းနေသည့် ဒေသခံ နှစ်ဦးအား အဆိုပါ တပ်က သေနတ်ဖြင့် လှမ်းပစ်သောကြောင့် အသက်လုထွက် ပြေး ရသေးသည်ဟု ဒေသခံများကပြော သည်။
သျှမ်းသံတော်ဆင့်
0 comments:
Post a Comment