အမျိုးသားဒီမိုကရေစီအ ဖွဲ့ချုပ်က ပြုလုပ်တဲ့ ပြည်သူ့ဆန္ဒရယူတဲ့ပွဲမှာ အခုလို ဆန္ဒပြုခဲ့ကြတာ ဖြစ်တယ်လို့ သာယာဝတီမြို့နယ် အဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူး ဦးကျော်နိုင်ဦးက ပြောပါတယ်။
“ ဆန္ဒခံယူရင်တော့ ၃ သောင်းခွဲနဲ့ ၄ သောင်းကြားရှိတဲ့ တက်တဲ့ လူထုရဲ့ ၉၅ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်မယ်လို့ ဆန္ဒသဘောထားပေးတယ်ခင်ဗျ။ ၅ ရာခိုင်နှုန်းက အသစ် ရေးဆွဲမယ်လို့ ဆန္ဒသဘောထား ပေးပါတယ်။”
ဆန္ဒရယူ ပွဲမှာ အဖွဲ့ချုပ်ရဲ့ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းမြင့်နဲ့ အဖွဲ့ချုပ် ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး ဗဟိုအဖွဲ့ဝင် ဦးဌေးဦးတို့က ဖွဲ့စည်းပုံပါ ပြင်ဆင်ရမယ့်အချက်အလက်တွေကို ပြည်သူတွေထံ ရှင်းပြခဲ့ပါတယ်။
အဲဒီနောက် အဖွဲ့ချုပ်ရဲ့ နာယက သူရဦးတင်ဦးနဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့က မိန့်ခွန်းအသီးသီး ပြောကြားခဲ့ကြပါတယ်။
အပြန်လမ်းခ ရီးတလျှောက်မှာ သုံးဆယ်နဲ့ ဥက္ကံမြိုတို့မှာ ရှိတဲ့ ဒေသခံပြည်သူတွေကို ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဘာကြောင့် ပြင်ဆင်ဖို့ လုပ်ရသလဲ ဆိုတာတွေ ရှင်းလင်း ပြောကြားခဲ့တယ်လို့ အဖွဲ့ချုပ်ရဲ့ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးထင်လင်ဦးက ပြောပါတယ်။
ဒီဇင်ဘာ ၁၄ ရက်ကလဲ အလားတူအခမ်းအနားတခု ရန်ကုန်တိုင်း ကော့မှူးမြို့နယ်မှာ ပြုလုပ်ခဲ့ပြီး ဒေသခံ ပြည်သူ ၉၉ ရာခိုင်နှုန်းက ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ ဆန္ဒပြု ခဲ့ကြပါတယ်။
By ရွှေအောင် (ဒီဗွီဘီ)
0 comments:
Post a Comment