”မေမေစု အကြောင်း ဆိုရင် သူ အကျယ်ချုပ်တုန်း က ဆင်းရဲဒုက္ခခံခဲ့ရတာတွေ ပဲ လူတွေက ပြောကြတယ်။ မိသားစုလည်း ဥကွဲ သိုက် ပျက် ဒုက္ခရောက်ခဲ့ရတယ်။ မိသား စုဆိုတာက ပင်လယ် သမုဒ္ဒရာတွေခြားနေရတယ်။ ဒီမှာကျတော့လည်း ယောက်ျားလည်းမရှိ၊ သားတွေလည်းမရှိ၊ အဖေလည်းမရှိ အမေလည်းမရှိနဲ့ မြန်မာပြည်သူ သန်း ၆ဝ အတွက်ပဲ သူနေခဲ့တာပါ။ တကယ်တော့ ဒီပုံတင်တာဟာ ဗိုလ် ချုပ်မို့ မဟုတ်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်မို့လို့ မဟုတ်ဘဲ၊ အဲဒါ တွေ ကြားချပြီး လူသားဆန်ဆန် နှလုံးသားတွေကို ပြချင်တာပါ” ဟု မစီစီက သူပုံတင်ဖြစ်ခြင်း၏ ခံစားချက်ကို ပြောသည်။ သူ့ခံစားချက်က ပြောစရာများသည်။ တကယ်တော့လည်း အမှန်တရားဖြစ်ပါသည်။ ဒေါ်စု၏ ခင်ပွန်းဖြစ်သူက ကင်ဆာ ရောဂါဖြစ်ပွားချိန်တွင် ကျန်းမာရေးအကြောင်းပြ ချက်ဖြင့် ပြည်ဝင် ခွင့်မရခဲ့ချိန်တွင်တော့ စိတ်ဂျုံးဂျုံးကျကာ ကွယ်လွန်ခဲ့ခြင်း ဖြစ် သည်။
ထို့ပြင် ထိုဓာတ်ပုံတွင် ဒေါ်စုက သားဖြစ်သူကို ငေးကြည့်နေ သည့် မျက်ဝန်းများကိုလည်း မစီစီက”ပုံထဲမှာ သားကိုပဲ ကြည့်နေ တာ။ သားကို ဘယ်လောက်ချစ်လဲ ဆိုတာ ပေါ်လွင်နေတာပဲ”ဟု သူ့ခံစားချက်ကို ပြောသည်။
တကယ်တမ်း မစီစီသာမက ဖတ်ဖူးသည့်လူသားတိုင်း စိတ်မကောင်းဖြစ်ရသည်ကNoriko Otsu ၏ Letter for Aung San
Su Kyi (မသီတာ-စမ်းချောင်းဘာ သာပြန်) ‘ဒေါ်အောင် ဆန်းစုကြည်အတွက်
စာတစ်စောင်’စာအုပ်ထဲမှ ဒေါ်စုက ခင်ပွန်း ဖြစ်သူကို နောက်ဆုံးပြောခဲ့သည့်စကား
ဖြစ်သည်။
”အဲဒီစာကိုဖတ်ရတာ စိတ်ထိခိုက်ရတယ်။ အဲဒီမှာရေးတာက
”မိုက်..မင်းနဲ့ငါနဲ့အချစ်ကို ဘယ်သူမှ ရွေ့လျားလို့ မရနိုင်ပါဘူး တဲ့”ဟု
မစီစီက သူ့ခံစားဖြင့် မျှဝေပြောပြ သည်။ သူကပင်ဆက်၍ ”ဒီစာအုပ်က
မြန်မာပြည်သားတိုင်း လူတိုင်းဖတ်သင့်တဲ့စာအုပ်ပါ။ ဒီစာအုပ်ကို ဖတ်ရင်
နှလုံးသားရှိတဲ့သူငိုမှာပဲ။ မငိုတဲ့သူဟာ နှလုံးသားမရှိတဲ့
သူဖြစ်မှာပါ”ဟုလည်း လှိုက်လှဲစွာဆိုခဲ့သည်။
ထိုဓာတ်ပုံတွင် ခင်ပွန်းဖြစ်သူ မိုက်ကယ်က ဇနီးနှင့် သား
များကိုချစ်မြတ်နိုးကာ ဗုဒ္ဓဘာသာထုံးတမ်းစဉ်လာအတိုင်း သံဃာ တော်တွေကို
ရှိခိုးကန်တော့ခဲ့သည်ကို လည်း မြင်နိုင်ပြီး ထိုဓာတ် ပုံကို ဒေါ်စု
အကျယ်ချုပ်မှ လွတ်မြောက်စဉ်က မစီစီကိုယ်တိုင် ဒေါ်စုထံပေးခဲ့ဖူးပြီး
ထိုမှတ်တမ်းများ အယ်လ်ဘမ်နှင့် ရှိသည်ဟု လည်း ပြောခဲ့ သည်ဟု မစီစီက
သမိုင်းကို ဖြည့်စွက်ခဲ့သည်။
တကယ်တော့ ဒေါ်အောင် ဆန်းစုကြည်သည်လည်း လူ သားတစ်ဦးပင်ဖြစ်ရာ မြန်မာ
ပြည်သူများအတွက် ကြံ့ကြံ့ခံရပ်တည်ရင်ဆိုင်နေသော်လည်း သူ၏နှလုံးသားထဲ
လူသားဆန်သော အလွမ်း၊ ဆုံးရှုံးမှုနှင့် မျိုသိပ်ခံစားရခြင်းများလည်း
ရှိနိုင်ပေရာ ထိုဓာတ်ပုံကအမှတ်မထင်လှပ်ပြနိုင်ခဲ့ခြင်းပင် ဖြစ်သည်။
Popular Myanmar News Journal
Popular Myanmar News Journal
0 comments:
Post a Comment