A Nose Grows on Forehead
တရုတ်ပြည် က ဆရာဝန် တွေက လူ တစ်ယောက်ရဲ့ နဖူးမှာ နှာခေါင်း ကို အောင်အောင်
မြင်မြ င် မွေးယူ နိုင်ခဲ့ ပြီးတော့ မ ကြာ ခင်မှာ သူ့ရဲ့ ပျက်စီး သွားတဲ့
နဂို နှာခေါင်း နေရာမှာ ပြန် အစားထိုး ကုသပေး နိုင်တော့မှာပါ။
ဒီပုံထဲက လူက နဖူးမှာ နှာခေါင်း က နေရာ မှားပြီး လာပေါက် နေတာ မဟုတ် ပါဘူး။ သူက တရုတ် ပြည် က Xiaolian ဖြစ်ပြီး ၂၀၁၂ခုနှစ် သြဂုတ် လမှာ ကား မတော် တဆ မှုကြောင့် သူ့ရဲ့ နှာခေါင်း ပ...ျက်စီး သွားခဲ့ ပါတယ်။ နှာခေါင်း က infection ၀င်သွား တာကြောင့် ဆရာဝန် တွေက မူလ နှာေ ခါင်း ကို ကုသ လို့ မရ နိုင် ခဲ့ပါဘူး။ ဒါကြောင့် ဆရာဝန်က နှာခေါင်း အသစ် တစ်ခု ကို မွေးယူ ဖို့ ဆုံး ဖြတ်ပြီး သူ့ရဲ့ ပျက်စီး သွားတဲ့ နှာခေါင်း ကို အစားထိုး ကုဖို့ ဆုံးဖြတ် လိုက်ပါတယ်။

ဒါကြောင့် သူ့ရဲ့ နံရိုး က ရိုးဆက် အရိုး (cartilage) ကို ယူပြီး သူ့ရဲ
နဖူးက skin tissue တွေ အော က် မှာ ထိုးသွင်း လိုက် ပြီးတော့ နှာခေါင်း
ပုံသဏ္ဍာန် ရအောင် လို့ မွေးယူပါတယ်။ ဒီနှာခေါင်း ကိုေ တာ့ ပြီးရင် သူ့
နေရာမှန် ကို ပြန် အစားထိုး မှာ ဖြစ်ပါတယ်။ ဆရာဝန် တွေက နှာခေါင်း ကို
မွေးယူ ရာမှာ နှာခေါင်းက ကောင်းကောင်း ဖွံ့ဖြိုး တဲ့ အခြေအနေ ကို
ရောက်နေပြီး မကြာခင် မှာ အစားထိုး လို့ ရတော့ မယ် လို့ ဆိုခဲ့ပါတယ်။ ဒါက
ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ဇန်န၀ါရီ တုန်း ကလည်း Britain
ကဆရာဝန် တွေက နှာခေါင်း ကို လက်မောင်း မှာ မွေးယူ ပြီး ကုသ တာ ပြုလုပ်ခဲ့
ပါသေးတယ်။
Myanmar Youth Media Club
Myanmar Youth Media Club

0 comments:
Post a Comment