Thursday, December 5, 2013



ဗုဒ္ဓဘာသာဝင် ​မြန်မာ ​၈ ​ဦးကို ​ရိုက်သတ်ခဲ့တဲ့ ​အမှုနဲ့ ​ရိုဟင်ဂျာ ​၁၄ဦးကို ​အင်ဒိုနီးရှား ​တရားရုံးက ​ထောင်ဒဏ် ​၉ ​လစီ ​ချမှတ်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ​ဧပြီလက ​အင်ဒိုနီးရှားနိုင်ငံ ​ဆူမာတြာ ​ကျွန်း ​ထိန်းသိမ်းရေးစခန်းမှာ ​ထားရှိတဲ့ ​ခိုလုံခွင့်တောင်းခံသူ ​ရိုဟင်ဂျာတွေနဲ့ ​ဗုဒ္ဓဘာသာဝင် ​မြန်မာတွေကြား ​အကြမ်းဖက်မှုဖြစ်ပွားခဲ့ပြီး ​ရိုဟင်ဂျာတွေကနေ ​ဗုဒ္ဓဘာသာဝင် ​မြန်မာလူမျိုးတွေကို ​ရိုက်သတ်ခဲ့တာဖြစ်ပါတယ်။

အဆိုပါ ​ရိုက်သတ်ခံခဲ့ရတဲ့ ​မြန်မာတွေဟာ ​ငါးဖမ်းသမားတွေဖြစ်ကြပြီး ​အင်ဒိုနီးရှား ​ရေပိုင်နက်ကို ​ကျုးကျော်ဝင်ရောက်မှုနဲ့ ​ဖမ်းစီး ​ထိန်းသိမ်း ​ခံရတာဖြစ်ပါတယ်။

ထောင်ဒဏ်ချမှတ်ခံရတဲ့ ​ရိုဟင်ဂျာတွေဟာ ​အသက် ​၁၈နှစ်နဲ့ ​၃၇ ​နှစ်ကြားဖြစ်ပါတယ်။ ​အဲဒီရိုဟင်ဂျာ ​တွေပြောတာကတော့ ​မြန်မာငါးဖမ်းသမားတွေက ​ရိုဟင်ဂျာ ​အမျိုးသမီး ​နှစ်ယောက်ကို ​ကိုယ်ထိလက်ရောက် ​စော်ကားခဲ့တဲ့အတွက် ​ထိန်းသိမ်းရေးစခန်းမှာ ​အကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တာ ​ဖြစ်ပါတယ်။

အကြမ်းဖက်မှုနဲ့ ​လူသတ်မှုကျူးလွန်သူကို ​ထောင်ဒဏ် ​၁၂ ​နှစ် ​ကျခံရနိုင်ပေမယ့် ​လူသတ်မှုကျူးလွန်တဲ့ ​ရိုဟင်ဂျာတွေကို ​ထောင်ဒဏ်ကိုးလပဲ ​ချမှတ်ခဲ့တဲ့အတွက် ​တရားလိုဖက်က ​မကျေမနပ်ဖြစ်နေပါတယ်။

တဆက်တည်းမှာပဲ ​အင်ဒိုနီးရှားမှာရှိတဲ့ ​မြန်မာသံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးစားခဲ့တဲ့ ​အသက် ​၂၃ ​နှစ်အရွယ် ​မွတ်စလင်တဦးကိုလည်း ​အင်ဒိုနီးရှား ​တရားရုံးက ​ရုံးတင်စစ်ဆေးလျက်ရှိပါတယ်။

မွတ်စလင်တွေကို ​ဖိနှိပ်ဆက်ဆံတဲ့ ​ဘယ်သူမဆို ​သူ့အနေနဲ့ ​ရန်သူလို့ ​သတ်မှတ်သလို ​သူ့ရဲ့ ​လုပ်ရပ်အပေါ်မှာလည်း ​နောင်တမရဘူးလို့ ​အဲဒီမွတ်စလင်က ​တရားရုံးမှာ ​ထွက်ဆိုခဲ့ပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ ​မွတ်စလင်တွေ ​ဖိနှိပ် ​သတ်ဖြတ်ခံရတာကို ​ကလဲ့စားချေချင်တဲ့အတွက် ​မြန်မာ ​သံရုံးကို ​ဗုံးခွဲဖို့ ​ကြိုးစားခဲ့တာဖြစ်တယ်လို့လည်း ​ဆိုပါတယ်။

ABC Radio Australia

သတိလစ်နေသည့် ဇနီးသည်ကို ကားနောက်ခန်းတွင်ထားပြီး ဆေးရုံသို့ပို့ဆောင်စဉ် ကားနောက်ခန်းတံခါး ရုတ်တရက်ပွင့်၍ ပြုတ်ကျကာ အမျိုးသမီးမှာ ဦးခေါင်းဒဏ်ရာရရှိပြီး သေဆုံးသွားသည့် ဖြစ်စဉ်တစ်ခု ယခုလ ၂ ရက် နံနက်အစောပိုင်းက ပြင်ဦးလွင်မြို့နယ်အတွင်း ဖြစ်ပွားကြောင်း သတင်းရရှိသည်။

ယခုလ ၁ ရက်က မြစ်ကြီးနားမြို့တွင် တာဝန်ကျသည့် အသက်(၃၉)နှစ်အရွယ် တပ်ကြပ်ကြီးတစ်ဦးနှင့် ၎င်း၏ဇနီးဖြစ်သူ ရန်ကုန်မြို့နေ အသက်(၂၆)နှစ် အရွယ် အမျိုးသမီးတို့သည် နေပြည်တော်မှ ပြင်ဦးလွင်မြို့သို့ အဖြူရောင်ပါရာဒိုကားဖြင့် လာရောက်လည်ပတ်စဉ် ယခုကဲ့သို့ ဖြစ်စဉ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

၎င်းတို့နှစ်ဦးမှာ ပြင်ဦးလွင်မြို့ ရပ်ကွက်ကြီး(၅)ရှိ ဟိုတယ်တစ်ခုတွင် တည်းခိုရန် အခန်းစီစဉ်ပြီးနောက် ပါရာဒိုကားကို ကားပါကင်တွင်ထားခဲ့ကာ အငှားကားဖြင့် ဘုရားသို့သွားပြီး ည ၇ နာရီတွင် ဟိုတယ်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ည ၈ နာရီခွဲတွင် king and queen စားသောက်ဆိုင်သို့ အဖြူရောင်ပါရာဒိုဖြင့်သွားကာ ည ၁၀ နာရီခွဲ တွင် ဟိုတယ်သို့ ပြန်ရောက်လာသော်လည်း ဇနီးမောင်နံနှစ်ဦးစလုံးမှာ ၎င်းတို့တည်းခိုမည့်အခန်းသို့ပင် မပြန်နိုင်အောင် အမူးလွန်နေသောကြောင့် ယာဉ်ပေါ်တွင်သာ အိပ်စက်ခဲ့သည်။

နောက်တစ်နေ့ နံနက် ၄နာရီခွဲခန့်တွင် အမျိုးသားက ဇနီးသည်ကိုနှိုးရာ နိုးထလာခြင်းမရှိသည့်အတွက် ဟိုတယ်လုံခြုံရေးတာဝန်ရှိသူ အမျိုးသားကို ဆေးရုံနေရာမေးမြန်းပြီး ဆေးရုံသို့ပို့ဆောင်ရန် မန္တလေး- လားရှိုး လမ်းမအတိုင်း မောင်းနှင်ခဲ့ရာတွင် ကားနောက်ခန်းယာဘက်ခြမ်းတံခါးပွင့်ပြီး ဇနီးသည် ပြုတ်ကျသွားသည်။ အဆိုပါအမျိုးသမီးသည် လမ်းပေါ်သို့ ပြုတ်ကျသည့်ဖြစ်စဉ်ကြောင့် ဦးခေါင်း၌ဒဏ်ရာရကာ ဆေးရုံမရောက်မီ လမ်းတွင်ပင် သေဆုံးသွားကြောင်း သေဆုံးသူခင်ပွန်းသည်အမျိုးသားက ပြင်ဦးလွင်မြို့မရဲစခန်းမှ တာဝန်ရှိသူများရှေ့တွင် ထွက်ဆိုခဲ့သည်။

ယခုဖြစ်စဉ်တွင် ယာဉ်မဆင်မခြင်မောင်းနှင်မှုကြောင့် လူသေဆုံးခဲ့၍ တပ်ကြပ်ကြီးအဆင့်ရှိသူ အမျိုးသားကို ပြစ်မှုပုဒ်မ ၃၀၄ ကဖြင့် ပြင်ဦးလွင်မြို့မရဲစခန်းမှ အမှုဖွင့်ထားသော်လည်း တရားခံဖြစ်သူမှာ တပ်မတော်သားတစ်ဦးဖြစ်နေသည့်အတွက် စစ်တပ်တရားရုံးသို့ လွှဲပြောင်းပေးနိုင်ရေး စီစဉ်ဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။

7day Daily


မိုးဇေညိမ်း ဖေ့ဘုတ်
ကြာသပတေးနေ့၊ ဒီဇင်ဘာ ၅ ရက်၊ ၂၀၁၃ ခုနှစ်

နာမည်ကျော် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ မူးယစ်ဆေးဝါးနှင့် ဆက်နွှယ်ခဲ့ သည်ဟုဆိုသော ရဲစစ်ချက်မှတ်တမ်းများဟု ယူဆရသော အချက်အလက်များကို လူမှုကွန်ရက်စာမျက် နှာ ဖေ့စ်ဘွတ်တွင် ဖော်ထုတ်ခဲ့သော Moe Zay Nyein (မိုးဇေငြိမ်း) အကောင့်ပိုင်ရှင်ကို စုံစမ်းစစ်ဆေး ဖော်ထုတ်သွားမည်ဟု ရန်ကုန်အနောက်ပိုင်းခရိုင် မူးယစ်အထူးအဖွဲ့မှ ဒု-ရဲမှူး ခင်မောင်သိန်းက ဒီဇင် ဘာ ၄ ရက်တွင် မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ်က မူးယစ်ဆေးနှင့် ဆက်စပ်ပတ်သက်မှုဖြင့် အနုပညာရှင်အချို့ကို ခေါ်ယူ စစ် ဆေးမှုများ ရှိခဲ့သည်ဟုလည်း ဒုရဲမှူး ခင်မောင်သိန်းက ပြောသည်။

“အခု လျှို့ဝှက်စစ်ချက်တွေကိုရေးလိုက်တဲ့အတွက် တကယ်သာ ဆက်ဖော်ထုတ်ရတဲ့အမှုတွေဆို ဆက် ဖော်ထုတ်ဖို့ ခက်သွားနိုင်တယ်။ (အကောင့်ပိုင်ရှင်ကို) အထက်က ညွှန်ကြားချက်နဲ့ စုံစမ်းနေတဲ့ အဖွဲ့ရှိ တယ်။ ရေးတဲ့သူကို စုံစမ်းနေတယ်။ နိုင်ငံတော်လျှို့ဝှက်ချက်များ ဥပဒေအရ အရေးယူသွားမယ်”ဟု ၎င်း က ပြောသည်။

Moe Zay Nyein ၏ အကောင့်တွင် မူးယစ်ဆေးဝါး အစီရင်ခံစာနှင့် စစ်ချက်များတွင် နောက်ထပ် ဖော်ပြစရာများ ကျန်ရှိနေသေးသော်လည်း ပတ်သက်ရာ ပတ်သက်ကြောင်း အဖွဲ့အစည်းများ၏ မေတ္တာရပ်ခံချက်နှင့် ကာယကံရှင်များ၏ မေတ္တာရပ်ခံမှုများကို ထောက်ထားပြီး ဆက်လက် မဖော်ပြရန် ဆုံးဖြတ်လိုက်ကြောင်း ဒီဇင်ဘာ ၄ ရက်က ဖော်ပြထားသေးသည်။

ယင်းသို့ အရေးယူသွားမည့်ကိစ္စနှင့်ပတ်သက်ပြီး Moe Zay Nyein အကောင့်သို့ မဇ္ဈိမက မက်ဆေ့ခ်ျပို့ မေးမြန်းရာ “စစ်ဆေးပေါ်ပေါက်လို့ အရေးယူခံရမှုတစ်စုံတစ်ရာ ရှိနိုင်တယ်ဆိုရင်လည်း ကျွန်တော့်အနေ နဲ့ ရင်ဆိုင်ရဲပါတယ်။ ကျွန်တော်ရေးခဲ့တာတွေဟာ လုပ်ကြံ အပုတ်ချမှုမပါဘဲ ဖြစ်ရပ်မှန်ကိစ္စတွေ ဖြစ်တာရယ်။ နောက်ပြီး အာဏာရှင်အသိုင်းအ၀ိုင်း၊ အာဏာရှင်တွေနဲ့ ပတ်သက်နေသူတွေရဲ့ ဥပဒေကို သားရေကွင်းလို လိုသလို ချုံ့/ချဲ့ လုပ်နေတာတွေကို ပြည်သူတွေသိရအောင် ထောင့်တစ်ခုကနေ မီးမောင်းထိုးပြတာဖြစ်တာမို့ ကျွန်တော့်အတွက် လိပ်ပြာလုံပါတယ်”ဟု ပြန်လည်ဖြေကြားသည်။

အဆိုပါစစ်ချက်များ ရရှိခဲ့ခြင်းနှင့်ပတ်သက်၍လည်း မဇ္ဈိမက ဆက်လက်မေးမြန်းရာ အဆိုပါအကောင့်မှ တစ်ဆင့် “ကျွန်တော်နဲ့ ကျွန်တော့်မိတ်ဆွေတချို့ဟာ စစ်အစိုးရလက်ထက်ကတည်းက သူတို့နဲ့ပတ် သက်တဲ့ လုံခြုံမှုအဆင့်အတန်းရှိ စာရွက်စာတမ်း အတော်များများကို ရနိုင်သမျှ နည်းလမ်းတွေနဲ့ စု ဆောင်းခဲ့ပါတယ်။ စစ်အစိုးရရဲ့ ထိမ်ချန် လျှို့ဝှက်ထားတဲ့ကိစ္စတွေကို အကျိုးရှိမယ်ဆိုရင် ပြည်သူတွေ ကို တင်ပြနိုင်ဖို့ပါ။ ခု အမှုတွဲကတော့ အဲဒီထဲက တစ်ခုပါ။ ဘယ်ကနေရရှိလဲဆိုတာကိုတော့ ပြောပြဖို့ မဖြစ်နိုင်ပါဘူး”ဟု ပြောသည်။

မည်သူမဆို အစိုးရ၏ လျှို့ဝှက်စစ်ချက်များကို ဖြန့်ချိဖော်ထုတ် ရေးသားပါက မြန်မာနိုင်ငံအစိုးရလျှို့ဝှက် ချက်များအက်ဥပဒေ ပုဒ်မ ၅၊ ပုဒ်မခွဲ ၄ အရ နှစ်နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးကိုဖြစ်စေ ချမှတ်နိုင်သည်ဟု တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

အဆိုပါအချက်အလက်များမှာ Moe Zay Nyein အကောင့်မှ စတင်ပျံ့နှံ့လာခြင်းဖြစ်ကာ တစ်ချိန်က အနု ပညာရှင်များကို မူးယစ်ဆေးသုံးစွဲမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာမှ ခေါ်ယူစစ်ဆေးခြင်း ရှိခဲ့သော်လည်း ယခုအချိန်တွင် အနုပညာရှင်များအတွက် ထိခိုက်နစ်နာမှုများ ရှိသောကြောင့် လုပ်ဆောင်နေခြင်းများကို ရပ်တန့်ပေးရန် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက မေတ္တာရပ်ခံကြောင်း ဒီဇင်ဘာ ၃ ရက်နေ့စွဲဖြင့် ထုတ် ပြန်ထားသေးသည်။

ယင်းသို့ ရေးသားချက်များနှင့်ပတ်သက်၍လည်း သရုပ်ဆောင်စိုးမြတ်သူဇာက သူ၏ဖေ့စ်ဘွတ်အကောင့် မှတစ်ဆင့် ဒီဇင်ဘာ ၂ ရက်တွင် ပြန်လည်ပြောကြားထားပြီး အဆိုပါအကောင့်ပိုင်ရှင်ကို မသိသလို မည် သည့်ရည်ရွယ်ချက်ဖြင့် ရေးသားထားသည်ကိုလည်း မသိပါကြောင်း တင်ထားသည့် အကြောင်းအရာ များကို တစ်ဦးတစ်ယောက်ကမျှ မထောက်ခံသည့်အတွက် လုံးဝအမှန်ဟု မယူဆသင့်ကြောင်း စသည် ဖြင့် ပြန်လည် ရေးသားထားသည်။

အေးမြင့်စန်း
Mizzima - News in Burmese


အင်းစိန်မြို့နယ်ရှိ ရပ်ကွက်တစ်ခု၏ လမ်းထဲတွင် ရုတ်တရက် လူများစုပြုံ ရောက်လာသည်။ ”ဟာ .. ဖြစ်မှဖြစ်ရလေ”၊  ”ဘယ် လိုဖြစ်တာလဲ”၊ ”မြန်မြန်ဆွဲထုတ်မှ ဖြစ် မယ်”၊ ”ငယ်ငယ်လေးပဲရှိသေးတယ်”ဆို သော အာမေဋိတ်နှင့် မေးခွန်းတွေက လူ အယောက် ၂ဝ ခန့် ရှိသော နေရာမှပေါ် ထွက်လာခြင်းဖြစ်သည်။ သူလည်း ဈေးရောင်းလက်စကိုထား ခဲ့ကာ ထိုနေရာသို့ ပြေးသွားခဲ့သည်ဟု အသီးအနှံရောင်းချသည့် ဒေါ်သန်းသန်း က ပြန်ပြောင်းပြောကြားသည်။ ဘာဖြစ် တာလဲလို့ သူမေးကြည့်တော့ ကလေးတစ် ယောက်ကို ကားဘီးနဲ့ကြိတ်မိသွားလို့ဆို သည့် အသံကလူအုပ်ထဲက ပြောခြင်းဖြစ် သည်။ သို့နှင့် သူလည်း လူအုပ်ထဲကို တိုး ဝှေ့ကြည့်ရာ ကားဘီးအောက်ရောက်နေ သော အသက် ၁ဝ နှစ်အရွယ်ကောင်လေး တစ်ဦး။ လူအုပ်ထဲရှိ အမျိုးသားတစ်ဦးက ”ကလေးက သူ့သူငယ်ချင်းတွေနဲ့ ဂေါ်လီ လုံးလှိမ့်တမ်း ကစားနေကြတာ။ အဲဒီနား မှာပဲ ကားကလည်း နောက်ဆုတ်နေတာ။ ကလေးရဲ့ဂေါ်လီလုံးက ကားဘက်နားကို ရောက်သွားလို့ ငုံ့ကောက်နေတဲ့အချိန် ကားက လည်း နောက်ဆုတ်လိုက်တော့ ကားနောက်ဘီးနဲ့ ကြိတ်မိသွားတာပဲ”ဟု ပြောရင်း ကလေးကို ဆွဲထုတ်ကြသည်။ ကလေးမိဘတွေက ဆေးရုံပို့ဖို့ ခေါ်သွား မှပင် သူလည်း မိမိဈေးဆိုင်သို့ ပြန်ရောက် ရှိလာသည်ဟု ၎င်းကဆိုသည်။

သူသည် ယာဉ်မတော်တဆမှု ဖြစ် သည့်နေရာနှင့် ပေ ၅ဝ အကွာအဝေးတွင် ရှိသည့် ဈေးဆိုင်တွင်ဈေးရောင်းနေခြင်း ဖြစ်သည်။ ယင်းမတော်တဆမှုဖြစ်စဉ် သည် နိုဝင် ဘာ ၃ဝရက်က အင်းစိန်မြို့ နယ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

”ဒီနေ့ထိတော့ အဲဒီကလေးသတင်း  ဘာမှမကြားရသေးဘူး။ ဆေးရုံတင်ထား တုန်းပဲ။ အဲဒီကလေးက သူတို့အိမ်ရှေ့ နားက ကွင်းပြင်မှာဆော့နေကြရင်း ဖြစ် သွား တာတော့ စိတ်မကောင်းဘူး”ဟု ဒေါ်သန်းသန်းက လေးလံသည့် သက် ပြင်းချကာပြောသည်။ ကားများဖြင့် ရှုပ်ထွေးလှသည့် လမ်းမ ကြီးများတွင် ဖြစ်ပွားခဲ့ခြင်း မဟုတ် သည့် အတွက် ပို၍ပင်ယူကြုံးမရဖြစ်နေကြသည် ဟု ထိုစဉ်က မြင်ကွင်းအရ သူကပြော သည်။ ”ရပ်ကွက်ထဲမှာက ဆိုင်ကယ်တွေ အရမ်းများတော့ ဆိုင်ကယ်တိုက် မှာ ပဲ ကြောက်နေရတယ်။ အခုက ကားက လည်း နောက်က လွတ်တာပဲဆိုပြီး ဆုတ် လိုက်တော့ဖြစ်သွားတာ”ဟု ဈေးရောင်း ရင်းဆိုသည်။

”အဲဒီကားသမား ဘာဖြစ်မလဲတော့ မသိဘူး။ လူကြီးတွေလာပြီးတော့ စစ် ဆေးသွားတာတော့တွေ့တယ်။ ကျွန်မ အထင်တော့ ကလေးကလည်း သူ့ဂေါ်လီ လုံး ကားေ အာက်ဘက် ရောက်မှာစိုးတဲ့ စိတ်နဲ့။ ကားသမားကလည်း လူရှင်းနေတာပဲဆိုပြီး နောက်ဆုတ်လိုက်လို့ ဖြစ် သွားတာလို့ထင် တယ်”ဟု ဒေါ်သန်း သန်း ဈေးဆိုင် တွင် ဈေး လာဝယ်သည့် အသက် ၄ဝ ကျော်အမျိုးသားတစ်ဦးကပြောသည်။

ယာဉ်တိုက်မှုကြောင့် တစ်မိနစ်လျှင် ၁၂ ဦးသေဆုံးပြီး ကလေးငယ်များမှာ သုံး မိနစ်လျှင်တစ်ဦး သေဆုံးနေကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ခန့်မှန်းထားသည်။ ကမ္ဘာပေါ်တွင် ယာဉ်တိုက်မှုသည် အခြား သော နာမကျန်းရောဂါများထက် ပိုများ ပြီး သေဆုံးမှုတွင် ဒုတိယနေရာရှိသည်။ ကမ္ဘာပေါ်တွင် ယာဉ်စီးရေ တစ် သိန်းလျှင် တစ်နှစ်ပျမ်းမျှလူသေနှုန်းမှာ ဗီယက်နမ်၊ လာအို၊ ဖိလစ်ပိုင်နှင့် အင်ဒို နီးရှားတို့၌ အများဆုံးဖြစ်ပြီး မြန်မာနိုင်ငံသည် ပဉ္စမနေရာတွင်ရှိသည်။ခရီးသည်တင် အထူးယာဉ် လိုင်းမှ စပယ်ယာတစ်ဦးက”ယာဉ်တိုက်မှုတွေ က နေ့တိုင်းလိုလို တွေ့နေရတာပဲ။ တစ်နေ ရာမဟုတ် တစ်နေရာမှာ တိုက်နေကြတာ ပဲ။ ကျွန်တော်တို့ စပယ်ယာတွေက လမ်း ပေါ်မှာပဲတစ်နေကုန် အချိန်ပြည့်ရှိနေ တော့ ယာဉ်တိုက်မှုမဖြစ်ဖို့ကိုပဲဆုတောင်း နေရတယ်”ဟု ဆိုသည်။ ယာဉ်မတော်တဆမှု လျော့ကျစေ ရန်နှင့် ယာဉ်အန္တရာယ် ကင်းရှင်းစေရန် အတွက် လမ်းအသုံးပြုကြသည့် ယာဉ်နှင့် လူအများ စည်းကမ်းလိုက်နာရမည်ဖြစ် သည်လူတစ်ဦးတစ်ယောက် စည်းကမ်း လိုက်နာရုံနှင့် ယာဉ်မတော် တဆမှု လျော့ ကျမည်မဟုတ်ဘဲ လူတိုင်းသည်ပင်လျှင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို သိရှိပြီး လိုက်နာဆောင်ရွက်ရမည်ဖြစ် သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အောက်တိုဘာလ ယာဉ်မတော်တဆမှု ဖြစ်စဉ်များတွင် ယာဉ်နှင့်ယာဉ်ချင်း တိုက် မှု ၈ဝ၊ ယာဉ်မှလူ ၇၅ မှု၊ ယာဉ်မှ ဆိုက်ကား ၈ မှု၊ ယာဉ်မှ စက်ဘီး ၁၂ မှု၊ ယာဉ် မှအရာဝတ္ထု ၂၅ မှု၊ စက်ဘီးမှ လူ ၁ မှုနှင့် ယာဉ်တိမ်းမှောက်မှု ၁၃ မှု ရှိကြောင်း အမှတ်(၂)ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူး (ရန်ကုန်) မှသိရသည်။ လမ်းပေါ် တွင် စည်းကမ်းဖောက်ဖျက် သောယာဉ်များကို နေ့စဉ်တွေ့နေရကြောင်း၊ လမ်းပြောင်းပြန် မောင်းနှင်ခြင်း၊ ယာဉ်နှစ် ထပ်မရပ်ရသည့်နေရာ၌ ရပ်ခြင်းစသည့် တစ်နည်း မဟုတ်တစ်နည်းဖြင့် စည်းကမ်း ဖောက်ဖျက်သည့်ယာဉ်များကို စစ်ဆေး တွေ့ရှိကြောင်း ယာဉ်စစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၌ ယာဉ်မတော်တဆ ဖြစ်ပွားမှုနှင့် ယာဉ်ကြောကျပ်မှုများတွင် ယာဉ်မောင်းမကျွမ်းကျင်ခြင်းတို့ကြောင့် အဓိကဖြစ်ပြီး လမ်းဖြတ်ကူးသူများ၏ပေါ့ ဆမှုကြောင့် လည်းဖြစ်နိုင်သည်ဟု ဝါရင့် ယာဉ်မောင်း လုပ်သက်ရှိသူများက သုံး သပ်သည်။ ယာဉ်မောင်းလုပ်သက် ၁၆ နှစ်ရှိသူ ဦးလေးမင်းက ”မြန်မာနိုင်ငံက လိုင်းကား အကုန်လုံး က တစ်စီးနဲ့တစ်စီးလုယက် ကျော်တက်ပြီး မောင်းနေရတာ။ အဲဒီလို လိုင်းကားတွေ စည်းကမ်းဖောက်ပြီး လု ယက်ကျော်တက်ပြီး မောင်းစားနေရတာ လေ”ဟု ဆိုသည်။

ယခင်က မိမိနေအိမ်မှ လုပ်ငန်းခွင် သို့ ရောက်ရှိရန် ကြာမြင့်သည့်အချိန် ထက် တစ်နာရီဝန်းကျင်ပိုမို ကြာမြင့်လာ သည်မှာ မှတ်တိုင်စိပ်သည်အထိ ယာဉ် ကြော ကျပ်ေ နခြင်းနှင့် သတ်မှတ်ယာဉ် ကြောအတိုင်း မောင်းနှင်မှုမရှိခြင်းကြောင့် ဖြစ်သည်ဟု နေ့စဉ်ခရီးသွားများကဆိုသည်။ ”လိုင်းကားတွေက မှတ်တိုင်မှာ အတိ အကျမရပ် ဘူး။ မှတ်တိုင်မှာအကြာကြီးရပ် ထားတော့ နောက်ကားတွေက လမ်းပိတ် တာပေါ့။ ကားပြိုင်လာရင်လည်း လမ်းအ လယ်မှာ လူတင်လူချလုပ်တယ်”ဟု တာ မွေမြို့နယ်မှ မယဉ်နွယ်က ပြောသည်။

ယာဉ်မောင်းများအနေဖြင့် ယာဉ် စည်းကမ်းများကို လိုက်နာသကဲ့သို့ လမ်း အသုံးပြုသူများအနေဖြင့်လည်း လမ်း စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ သို့သော် လည်း မိမိသွားလိုသော ခရီးကို မြန်မြန်ရောက်လိုသည့် စိတ်ကိုသာ အာရုံ စိုက်သွားလာနေကြရာ သူလည်းမမှန် ကိုယ်လည်းမှား အခြေအနေပင်ဖြစ် သည်။ခရီး သည် များနှင့် ယာဉ်မောင်းများ ၏ ပေါ့ဆမှုများကြောင့် ယာဉ်မတော် တဆမှုများမှာ တစ်နှစ်ထက်တစ်နှစ်ပိုများ လာပြီး ကမ္ဘာတစ်ဝန်းလုံးတွင် နှစ်စဉ် ယာဉ်မတော် တဆ မှုကြောင့် လူပေါင်း ၂ ဒသမ ၃သန်း သေဆုံးနေခြင်း၌ မဖွံ့ဖြိုး သေးသောနိုင်ငံများတွင် ၉ဝ ရာခိုင်နှုန်း အထိဖြစ်ပွားကြောင်း ယာဉ်ထိန်းရဲတပ် ဖွဲ့မှူးရုံးမှ ရဲမှူးကြီးကျော်ေ ထွးက ပြော သည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ခရီး သည်တင် ယာဉ်မတော်တဆဖြစ်ပွားမှု သည် ဇန်နဝါရီလမှ အောက်တိုဘာလ အထိ ၂၁၇ မှုဖြစ်ပွားပြီး ၇၃ ဦးသေဆုံး ကာ ၇၁၉ဦးဒဏ် ရာရရှိခဲ့ကြောင်း မထသ (ဗဟို)ထုတ်ပြန်ချက်အရ သိရသည်။ ယာဉ်မတော်တဆဖြစ်ပွားရသည့် အကြောင်းရင်းများတွင် ယာဉ်စက်ချို့ ယွင်းခြင်း၊ လမ်းမကောင်းခြင်း၊ မဆင် မခြင်မောင်းခြင်း၊ လမ်းကူးသူပေါ့ဆခြင်း၊ ရာသီဥတုဆိုးရွားခြင်း၊ ယာဉ်မောင်း မကျွမ်းကျင်ခြင်း၊ ခရီးသည်ပေါ့ဆခြင်း၊ အနှေးယာဉ်ကြောင့်ဖြစ်ပွားမှု၊ ယာဉ် မောင်း လိုင်စင်မရှိမှု၊ စည်းကမ်းချိုးဖောက် မှု၊ အရက်သောက် မောင်းနှင်မှုနှင့် အရှိန် ပြင်းမောင်းနှင်မှုတို့ကြောင့်ဖြစ်သည်။

၁၂၄ ယာဉ်လိုင်းမှ ယာဉ်မောင်း လုပ်သက် ၁ဝ နှစ်ရှိသူဦးသန်းဝင်းက ”ယာဉ်ကြောကျပ်တော့ အချိန်ကကြာသွား တယ်။ ရတဲ့အချိန်မှာ အရှိန်ပြင်းမောင်း တယ်လေ။ ဒီလိုမှ မမောင်းရင် ခေါက် ရေမရဘူး”ဟု အရှိန်ပြင်းမောင်းနှင်ရခြင်း အခြေအနေကို ပြောကြားသည်။ ခရီးသည်တင်ယာဉ်များ လမ်း၏ ညာဘက်တွင် မောင်းနှင် ရမည်ဆိုသော် လည်း အိမ်စီးကားနှင့် တက္ကစီကားများ ဝင်ရောက်မောင်းနှင်ခြင်းကြောင့် မိမိ လမ်းကြောင်း မဟုတ်သည့် ယာဉ်ကြော ကိုကျော်တက်မောင်းနှင်ရကြောင်း သိရ သည်။ ဦးသန်းဝင်းက ”လိုင်းကားရဲ့ လမ်း ကြောက ကျပ်လို့အပေါ်ကြောက တင် မောင်းရင် ယာဉ်မောင်းကျော်တက်ဆိုပြီး ဖမ်းတယ်၊ ဖမ်းရင်လည်း မတတ်နိုင်ဘူး လစ်ရင် လစ် သလို မောင်းရတော့တာပဲ။ ဒီဥပဒေကြီးထုတ်ထားတာ ဘာလို့အပေါ် တက်မောင်းမှာလဲ။ မဖြစ်သာလို့ မောင်း နေရတာ”ဟု ဆိုသည်။ မိမိယာဉ်ကြော အ တိုင်း ပြေး ဆွဲ မည် ဆိုပါက တစ်နေ့တာအတွက် သတ်မှတ် ထားသည့်ေ ခါက်ရေ လျော့ကျလာနိုင် ကြောင်း ပြေးဆွဲမှု ခေါက်ရေလျော့ကျ လာသည်နှင့် ဝင်ငွေ ရရှိမှု နည်း လာ ပါက ယာဉ်ပိုင်ရှင်မှ ငြိုငြင်မှုရှိကြောင်း၊ ယင်း ကြောင့် မိမိတို့ စားဝတ်နေရေးကိုပါ ထိ ခိုက်လာမည်ဖြစ် သည်။

”အရေးကြီးတာက ကျွန်တော်တို့ရဲ့ စားဝတ်နေရေးပဲ။ ကျွန်တော်တို့မှာ ကိုယ် ပိုင်ကားမရှိဘူး။ ဒီအခု သတ်မှတ်ထားတဲ့ စည်းကမ်းကိုလိုက်နာမလား၊ Owner စကားကို လိုက်နာမလား၊ ဥပဒေစည်းကမ်း ကို မလိုက်နာတာမဟုတ်ဘူး။ သူဌေးက ကျေနပ်မှ ကျွန်တော်တို့က ကားမောင်းရ တာအဆင်ပြေမှာ”ဟု ဦးသန်းဝင်းက ဥပဒေ စည်းကမ်းထက် စာဝတ်နေရေးက ပိုမိုအရေးကြီးခြင်းကြောင့် ယာဉ်/လမ်း စည်းကမ်းမလိုက်နာမှုများရှိသည်ကို ပြော သည်။ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချ မှတ်ထား သည့်အပေါ် ခရီးသည်တင်ယာဉ်များ လိုက်နာမှုအားနည်းသည်ကိုသာ မြင် ကြပြီး အိမ်စီးယာဉ်နှင့် တက္ကစီယာဉ်များ ၏ စည်းကမ်းဖောက်မှုကို မမြင်ကြကြောင်း ခရီး သည်တင်ယာဉ်မောင်းများက ပြောသည်။ ယာဉ်မောင်းလုပ်သက် ၁ဝ နှစ် ဝန်း ကျင်ရှိသည့် ကိုဘိုမြင့်က ”စည်းကမ်းတကျ မောင်းနေရင်တော့ အရင်ဦးဆုံး ခရီးသည် မရရင် စပယ်ယာက ငြိုငြင် မယ်။ အဲဒီတော့ကျွန်တော်တို့ကို မမောင်း ခိုင်းချင်တော့ဘူး။ ညကျရင် Owner  နဲ့ ရှင်းရမယ်။ အဲဒီအခါ အသက်မွေး ဝမ်း ကျောင်း အလုပ် ကိုထိခိုက်တယ်”ဟု ယာဉ် စည်းကမ်းလမ်းစည်းကမ်း မလိုက်နာရ ခြင်း အကြောင်းရင်းတစ်ခုကို ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရီးသည်တင်ယာဉ်များ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဖောက်ဖျက်မှုသည် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီမှ အောက်တိုဘာ လအထိ မှတ်တိုင် မရောက်ရပ်မှု ၁ဝ၃၂ မှု၊ ဝတ်စုံမဝတ်မှု ၉၄၇ မှု၊ ယာဉ်စီးခ နှုန်းထားမပါမှု ၆၄၈ မှု၊ တံခါးဖွင့် မောင်း ၅၅ဝ မှု၊ လိုင်စင်/လိုက်ခွင့်မပါမှု ၃၂၂ မှု၊ မှတ်တိုင်မရောက်မီခရီးသည် တင်/ချ မှု ၂၇၇ မှု၊ စစ်ဆေးစဉ် ကားမရပ်မှု ၁ဝ၈ မှုနှင့် အခြားသောစည်းကမ်းဖောက်ဖျက် မှု စုစုပေါင်း ၆ဝ၅၁ မှုရှိခဲ့ကြောင်း မထသ (ဗဟို) စည်းကမ်းထိန်းသိမ်းရေးဌာနမှ သိရသည်။ ယာဉ်လိုင်းများ၏ စည်းကမ်းဖောက် ဖျက်သော ယာဉ်လုပ်သားများကို ၂ဝ၁၁ ခုနှစ်တွင် ၂၃၃ဦး၊ ၂ဝ၁၂ ခုနှစ်တွင် ၄၁ဝ ဦးနှင့် ၂ဝ၁၃ ခုနှစ်အောက်တိုဘာလ အထိ ၂ဝ၇ ဦးထုတ်ပယ်ခဲ့သည်။

ခရီးသည်တင် ယာဉ်များကြောင့် သေဆုံးသူများ၏ အသက်အုပ်စုနှိုင်း ယှဉ်ပါက အသက် ၁၉ နှစ်မှ ၄၅ နှစ်အ တွင်း အများဆုံးဖြစ်ပြီး ဒုတိယအများဆုံး မှာ ၄၆ နှစ်မှ ၆ဝ နှစ် အထိဖြစ်ကြောင်း၊ ယာဉ်တိုက်မှုဖြစ်ပွားသော ယာဉ်မောင်း များ၏ အသက်အုပ်စု နှိုင်းယှဉ်ပါက ၂၅ နှစ်မှ ၄၅ နှစ်အတွင်း အများဆုံးဖြစ်ပြီး ၄၅ နှစ်မှ ၆ဝ နှစ် အတွင်း ဒုတိယအများဆုံး ရှိကြောင်း  သိရသည်။ ယာဉ်မောင်းအများစု ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း မလိုက်နာဘဲ စည်း ကမ်းမဲ့မောင်းနှင်ကြခြင်းသည် ဥပဒေ သက်ရောက်မှု နည်းပါးခြင်းကြောင့်ဟု ယူဆရပြီး ၎င်းသည် နိုင်ငံတော်၏ အထွေထွေစီးပွားရေး ကျပ်တည်းလာ ခြင်းမှ ဖြစ်လာသည်ဟု ယူဆကြောင်း လမ်းမတော် ၂ လွှတ်ေ တ်ာကိုယ်စား လှယ်ဦးစိုးဝင်းက ပြောသည်။

လွှတ်တော်ကိုယ်စားလှယ် ဦးစိုး ဝင်းက ”တည့်ကြော၊ ကွေ့ကြော၊ အမျိုး မျိုးပြောင်း၊ ခေါင်းထိုးဝင်၊ လက်ကလေး ပြပြီး မောင်းသူအချင်းချင်းနားလည်မှုယူ ဒါတွေက ယာဉ်လောကမှာ ဥပဒေကဲ့သို့ တည်နေတယ်။ ဒါတွေလည်း ပြုပြင်ရ မယ်”ဟု ယာဉ်ကြောကျပ်ပြီး စည်းကမ်းမဲ့ မောင်းနှင်သူများ၏ စရိုက်လက္ခဏာများ ကို တစေ့ တစောင်းပြောသည်။လမ်းအသုံးပြုသူတိုင်း ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်းလိုက်နာရန်အတွက် ကျောင်းစာများ၏ သင်ရိုးများတွင် သင် ခန်းစာအနေဖြင့် ထည့် သွင်း သင့်ကြောင်း ၎င်းက သုံးသပ်သည်။

ခရီးသည်တင် ယာဉ်မောင်းများက အိမ်စီးယာဉ်နှင့် တက္ကစီယာဉ်များ စည်း ကမ်းမလိုက်နာခြင်းကြောင့် ယာဉ်ကြော ကျပ်ခြင်းဖြစ်ပြီး ယင်းယာဉ်များကြောင့် မိမိတို့စား ဝတ်နေရေးအတွက် ဝင်ငွေ လျော့ကျမခံလိုခြင်းကြောင့် စည်းကမ်း ဖောက်ဖျက်မောင်းနှင်ရခြင်း ဖြစ်သည်ဟု ဆိုသည်။ ဘတ်စ်ယာဉ်မောင်းဦးလေးမင်းက

”မြန်မာနိုင်ငံက ယာဉ်လိုင်းတွေက ယာဉ် မောင်း၊ ယာဉ်လုပ်သားတိုင်းဟာ ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်းနားလည်ကြ တယ်။ သိကြတယ်။ ယာဉ်ကြောကျပ်လို့ ပိုက်ဆံ လိုချင်လို့ တစ်စီးနဲ့တစ်စီး ဖိုက်ပြီး မောင်းရင်သာမောင်းကြမှာ” ဟု ပြော သည်။၎င်းက ”အိမ်ကားတွေ၊ တက္ကစီတွေ က ယာဉ်စည်းကမ်း လမ်းစည်းကမ်းမှာ ဘယ် လိုမောင်း ရင် ဘယ်လိုဥပဒေရှိတယ် ဆိုတာ သိလားလို့ မေးကြည့်၊ သူတို့မှာ လိုင်စင်ရှိတာတစ်ခုပဲ”ဟု မြန်မာနိုင်ငံ၌ ယာဉ်မောင်းလိုင်စင်ထုတ်ပေးမှုတွင် အား နည်းချက် များရှိ သည်ကို ထိုကဲ့သို့ပြောသည်။ ကားလမ်းပိတ်သည်ကို အကြောင်းပြ ပြီး လမ်းပြောင်းပြန်မောင်းနှင်ခြင်း၊ သတ် မှတ်လမ်းကြောင်းအတိုင်း မမောင်းနှင် ခြင်းနှင့် အရှိန်ဖြ င့်မောင်းနှင်ခြင်းတို့ ပိုမို တွေ့လာရကြောင်း ခရီးသည်များက ပြောသည်။

တက္ကစီယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးမောင်မောင်အေးက ”အခုက လမ်း ပိတ်တာက တချို့ကားတွေဆို စည်းကမ်း ကိုမသိကြတော့ဘူး။ လိုင်းကားတွေရော၊ အချို့ တက္က စီတွေရော ခရီးသည်ရဖို့ပဲ ကြည့်တော့တယ်။ ကားမောင်းမကျွမ်း ကျင်တဲ့သူတွေများလာတာ ဒီနှစ်ထဲမှာ ပို တွေ့လာရတယ်”ဟု ပြောသည်။ ယာဉ်မတော်တဆမှု အဖြစ် အများ ဆုံးသော မြို့နယ်များမှာ လှိုင်သာယာ၊ အင်းစိန်၊ မင်္ဂလာဒုံ၊ မရမ်းကုန်း၊ လှိုင် မြို့နယ်၊ မြောက်ဒဂုံ၊ တာမွေ၊ သင်္ဃန်း ကျွန်း၊ တောင်ဥက္ကလာပနှင့် မြောက် ဥက္ကလာ ပတို့တွင် အများဆုံးဖြစ်ပွား ကြောင်း သိရသည်။

ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း မလိုက်နာသည့် ယာဉ်များကို ယခင်က မော်တော်ယာဉ်ဥပဒေအရ အရေးယူ ပြီး ယခုအချိန်တွင် ကရိန်းဆွဲကာ အရေးယူမှု များ ပြု လုပ်ကြောင်း၊ လူကူးမျဉ်းကြားမှ မကူးသည့်ခရီးသွား ပြည်သူများကိုလည်း ပညာပေးမှုများပြုလုပ်ပေးကြောင်း အမှတ် (၂)ယာဉ်ထိန်းရဲ တပ်ဖွဲ့ခွဲမှူးရုံး (ရန်ကုန်)မှရဲ အုပ် ဇော်မျိုးထွန်းက ပြောသည်။ လူကူးမျဉ်းကြားပေါ်ရှိ ခရီးသည်နှင့် ယာဉ်များယာဉ်တိုက်မှု မရှိစေရန်အတွက် ယာဉ်များအနေဖြင့် အရှိန်လျှော့ပြီးေ မာင်း နှင် သ င့်ကြောင်း၊ ခရီးသည်အနေဖြင့် လမ်းကူးမည်ဆိုပါက ဘယ်ကြည့်၊ ညာ ကြည့်၊ ဘယ်ပြန်ကြည့်၊ ညာပြန်ကြည့်စနစ် ကျင့်သုံးကာ ယာဉ်များရှင်းလင်းမှ ဖြတ် ကူးသ င့်ကြောင်း ယာဉ်ထိန်းတပ်ဖွဲ့ခွဲမှူး ရုံးမှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မထသ(ဗဟို)မှ ဥက္ကဋ္ဌဦးလှအောင် က”စစ်ဆေးရေးအဖွဲ့တွေနဲ့ လမ်းပေါ်မှာ စစ်ဆေးရင်တွေ့ရတာကတော့ ယာဉ်/လမ်း စည်းကမ်းတကျမောင်းဖို့ ဒီနေ့လုပ်ပေးခဲ့ တယ်။ နောက်နေ့ အဲဒီနေရာသွားကြည့် အရင်အတိုင်းပဲ။ အဲဒီတော့ ပြုပြင်လိုတဲ့ စိတ်ပဲလိုတယ်”ဟု ပြောသည်။ ယာဉ်ကြောကျပ်သည့် လမ်းကြောင်း ကိုကြည့်ပါက လမ်းပြောင်းပြန်မောင်းပြီး ကျော်တက်သည့်ယာဉ်စီးရေ ၃ဝ တွင် ခရီးသည်တင်ယာဉ်စီးရေ ၅ စီးခန့်သာ ရှိကြောင်း မထသ(ဗဟို)မှ အတွင်းရေးမှူး ဦးဘမြင့်က ပြော သည်။ယာဉ်မောင်းလုပ်သက် ၂၅ နှစ်ခန့် ရှိပြီဖြစ်သည့် ဦးမြင့်စိုးက ”အိမ်စီးကား ရော၊ တက္ကစီရော ပိုက်ဆံရှိလို့ ကားဝယ် စီးတာ၊ စည်းကမ်းအရပြောမယ် ဆိုရင် တော့ သူတို့ဘာမှ နားမလည်ဘူး။ ကား ကျတော့လည်း ပိုက်ဆံရှိလို့ ဝယ်စီးလိုက် တယ်။ လိုင်စင်ကျတော့ အဝင်ပြတာ ပေါ့။ ဘယ်လောက်ပေး လိုက် ရင် နောက် နေ့ကျ လိုင်စင် လာယူ အဲဒါမျိုးတွေ”ဟု ပြောသည်။ ယခုနှစ် အောက်တိုဘာလအတွင်း တိုင်းဒေသကြီးအလိုက်ယာဉ်တိုက်မှုမှာ ရန်ကုန် ၂၈၅ မှု၊ မန္တလေး ၁၇၅ မှု၊ ဧရာဝတီ ၁၁၂ မှု၊ ပဲခူး ၁၃၆ မှု၊ စစ်ကိုင်း ၁၂၄ မှု၊ မကွေး ၇၅မှုနှင့် ပြည်နယ်အလိုက် ယာဉ်တိုက်မှုမှာ မွန် ၆၃ မှု၊ ရခိုင် ၂၆ မှု၊ ကချင် ၁၈ မှု၊ ကရင် ၃၆ မှု၊ ရှမ်း ၈၇ မှု၊ ကယား ၈ မှုနှင့် ချင်း ၅ မှုဖြစ်ပွား ခဲ့သည်။

ခရီးသွားပြည်သူများ အဆင်ပြေ ချောမွေ့စွာသွားလာနိုင်ရန် ”တကယ် ပြုပြင်ဖို့လိုတာက Mind Set ပါ။ ကြီး ကြီးကျယ်ကျယ်မပြောချင်ပါဘူး။ နှမ်း တစ်လုံးတည်းနဲ့ ဆီမဖြစ်ပါဘူး”ဆိုတဲ့ စကားဟာ အားလုံးစုပေါင်းညီညာခြင်း ကို ရည်ညွှန်းတာ။ အဲဒါကို အယူအဆ တလွဲကောက်ပြီး ”ငါတစ်ယောက်တည်း ပြုပြင်လို့မရပါဘူးကွာ”ဆိုပြီး ”ဒီပုတ်ထဲက ဒီပဲ”တွေ လုပ်မနေနဲ့ကြပါနဲ့”ဟု လမ်းမ တော် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက တိုက်တွန်းပြောဆိုလိုက် သည်။

ထက်ထက်မိုးမြင့်၊ ရန်နိုင်၊ ဇေဝေယံ

Popular Myanmar News Journal


အိမ်မဲ၊ ဒီဇင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင်တွင် လင်ယောက်ျား နှင့် ရန်ဖြစ်စိတ်ကောက်ပြီး အမျိုးသမီးတစ်ဦး အဆိပ်သောက်သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့ကြောင်း သိရှိ ရသည်။

ဖြစ်စဉ်မှာ ယခုလ ၁ ရက်က အိမ်မဲမြို့နယ် သရက်ကုန်းနယ်မြေရဲစခန်းပိုင် သပေါင်းကျေးရွာအုပ်စု ကွင်းကြီးကွင်း၌ လယ်လုပ်နေထိုင်သူ မထက်ထက်နွယ် အသက်(၁၈နှစ်)သည် နေအိမ်၌ အဆိပ်သောက် သေဆုံးကြောင်း သတင်းကြားသိရ၍ ကျေးရွာအုပ်ချုပ်ရေးမှူးက သရက်ကုန်း ရဲစခန်းသို့ သတင်းပို့ တိုင်ကြားခဲ့သည်။ ထို့ကြောင့် ရဲစခန်းမှတာဝန်ရှိသူများ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ ပြင်ပဒဏ်ရာ မရှိကြောင်း တွေ့ရသည်။

အဆိုပါ အဆိပ်သောက်သူမှာ လင်ယောက်ျားဖြစ်သူနှင့် စိတ်ကောက်စကား များပြီး အိမ်ပေါ်တက်အဆိပ်သောက်၍သေဆုံးကြောင်း မေးမြန်းစုံစမ်းလေ့လာတွေ့ရှိရသဖြင့် ဓမ္မတာအတိုင်း သေဆုံးခြင်း ဟုတ်/မဟုတ် ရဲဆေးစာဖြင့် လူသေအလောင်းအား သရက်ကုန်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့သည်။ သေမှုသေခင်းအမှတ်စဉ် ၄/၂ဝ၁၃ ရေးဖွင့်၍ သရက်ကုန်းရဲစခန်းမှူးရဲအုပ်မြင့်စိုးက စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း ရဲမှတ်တမ်းအရ သိရသည်။

သတင်းမင်းသား - The Union Daily


လေးမြွှာပူးကလေးငယ်များကို မိဘများနှင့်အတူတွေ့ရစဉ်။ ဓာတ်ပုံ - မင်းညီ
ရန်ကုန်။ ။ 'ကျွန်မတို့လင်မယား မစား ရရင်နေပါစေ ကလေးတွေ အတွက် နို့မှုန့်ဘူးလေး လှူပေးကြဖို့ မေတ္တာ ရပ်ခံပါတယ်'' အထက်ပါ စကား ကို ညှိုးငယ်သောမျက်လုံး တုန်ယင်သော အသံနဲ့ ပြောလာသူကတော့ မွန်ပြည် နယ် ပေါင်မြို့နယ် ဝတ်ကြီးကျေးရွာ မှ မသီတာဖြစ်သည်။

သူမသည် လွန်ခဲ့သော ခုနစ်လ ခန့်က ထူးထူးခြားခြား လေးမြွှာပူး ကို မွေးဖွားခဲ့သော (တိုးတိုး၊ နှင်းနှင်း၊ ထွန်း ထွန်းနဲ့ နွေးနွေး) လေးမြွှာ ပူးမောင်နှမ တို့ ၏ မွေးသမိခင်ဖြစ်သည်။

မသီတာ သည် ၂၀၀၀ ပြည့်နှစ်တွင် တစ်ရွာ တည်းနေသူ ကိုမြင့်ထွေးနှင့် အိမ်ထောင် ကျခဲ့ပြီး နောက်တစ်နှစ်တွင် သားဦး အမြွှာညီအစ်ကိုနှစ်ဦး ကို မွေးဖွားခဲ့ သည်။ သို့သော် ထိုအမြွှာညီအစ်ကို မှာ ကံမကောင်းစွာပင် မီးတွင်းထဲမှာ အသက်ဆုံးရှုံးခဲ့ရသည်။

နောက်ပိုင်း တွင် ကိုမြင့်ထွေး တို့လင်မယားသည် သမီးမိန်းကလေးနှစ်ဦး ကို ရှေ့ဆင့် နောက်ဆင့် ထပ်မံမွေးဖွားခဲ့သည်။ ယခုအခါ သမီးကြီးမှာ အသက်ကိုး နှစ်အရွယ် တတိယတန်းကျောင်းသူ ဖြစ်ပြီး သမီးငယ်မှာ အသက်လေးနှစ် အရွယ် လူမမည်အရွယ်ကလေးငယ် တစ်ဦးဖြစ်သည်။

၂၀၁၃ မေ ၁၇ ရက် နံနက် ၁၁ နာရီခွဲခန့်တွင် မသီတာသည် သူမ ၏ လေး မြွှာပူး ရင်သွေးငယ်လေးဦးကို သထုံပြည်သူ့ဆေးရုံတွင် မွေးဖွားခဲ့ သည်။ ကလေးငယ်များ၏ ကျန်းမာရေး အခြေအနေအရ ထိုနေ့ညနေပိုင်းတွင် ရန်ကုန် ဟယ်လ်ပင်ကလေး အထူးကု ဆေးရုံသို့ လွှဲပြောင်းဆေးကုသစေခဲ့ သည်။

''မွေးဖွားစကတော့ လူတွေစိတ် ဝင်စားလို့ ငွေကြေးနဲ့ အစားအစာတို့ လှူဒါန်းပေးကြတာ ရှိပါတယ်။ ခုတော့ လူတွေ လဲ မေ့မေ့ပျောက်ပျောက်ဖြစ် နေ လို့ ကျွန်တော်တို့မှာ ဒီကလေး လေး ဦးနဲ့ အတော် ဒုက္ခရောက်နေပါတယ်။ ပြီးတော့ ကလေးတွေရဲ့ နို့မှုန့်ဖိုးက လဲ အခုဆိုရင် တစ်ရက်ကို ကျပ် ၇၀၀၀ လောက် ကုန်နေတယ်။ ကျွန်တော် တို့မှာ စားဖို့အနိုင်နိုင် သူတို့နို့မှုန့်ဖိုး ကို ဘယ်လိုရှာရမှန်းလဲမသိတော့ဘူး။ ကလေးတွေက ခုနစ်လသားအရွယ် ဖြစ်လာပြီဆိုတော့ စားသောက်နှု န်း တွေက လဲ တစ်နေ့ထက်တစ်နေ့ တိုးတိုး နေပါတယ်။ တခြား ထမင်း နဲ့ဖြည့် စွက်စာတွေလဲ ထပ်ကျွေးနေရတော့ ကျွန်တော်တို့မှာ ဘယ်လိုမှ မတတ် နိုင်တော့ဘူး''ဟု ကိုမြင့်ထွေးက ပြောသည်။

ကလေးများအား အချိန်ပြည့် ထိန်းနေရ ၍ သူကိုယ်တိုင် အလုပ်မ လုပ်နိုင်ဖြစ် နေသောကြောင့် အိမ်တွင်း ရှိ မိသားစုဝင်ရှစ်ဦး၏ စားဝတ်နေရေး မှာ အလွန်ဒုက္ခရောက်လျက်ရှိနေ ကြောင်း ကိုမြင့်ထွေးက ဆက်ပြော သည်။ ''ကျွန်တော်က ရွာထဲမှာရှိတဲ့ ကျောက်မိုင်းမှာ နေ့စား အလုပ် လုပ် ပါတယ်။ မိန်းမကတော့ အုတ်ဖုတ် လုပ်ငန်းမှာ နေ့စားလုပ်ပါတယ်။ ခု တော့ နှစ်ဦးစလုံး ကလေးထိန်းနေရ လို့ ဘယ်သူမှ အလုပ်မလုပ်နိုင်ကြ တော့ဘူး။ ဒါကြောင့် ဝင်ငွေလဲတစ် ပြားမှ မရှိတော့ဘူး''ဟု ယင်းကဆက် ပြောသည်။

ကလေးငယ် များ ကျန်းမာရေး နှင့်ပတ်သက်ပြီး ဇင်းကျိုက်နှင့် ပေါင် မြို့နယ်ရှိ ဆရာဝန်၊ ကျန်းမာရေးဝန် ထမ်းများက အခမဲ့ ကုသပေးလျက် ရှိသော်လည်း လိုအပ်သည့် အာဟာ ရအတွက် မည်သည့်အထောက်အပံ့ မှ မရရှိပုံကို မသီတာက ယခုကဲ့ သို့ ပြောပြသည်။ ''ကလေးတွေမွေးခါစ အချိန်တုန်း က မြို့နယ်အုပ်ချုပ်ရေးမှူးက ဆန် တစ်အိတ်နဲ့ ဆီတစ်ပုံး လာလှူပေး သွားခဲ့တယ်။ ခရိုင်အုပ်ချုပ်ရေးမှူးက ပိုက်ဆံ နှစ်သောင်းပေးခဲ့တယ်။ နောက် ပိုင်းတော့ တစ်ခေါက်မှ မလာ တော့ ဘူး။ ပေါင်မြို့မှာရှိတဲ့ စိတ္တသုခနာရေး ကူညီမှုအသင်းကတော့ နို့မှုန့် ငါးပါ ကင်ကို ငါးကြိမ်တိုင်တိုင် လာလှူပေး ခဲ့တယ်။ ပြီးတော့ ငွေကြေးတခိျု့ကို လည်းလှူခဲ့တယ်။ ဒါပေမဲ့ အခုကလေး တွေရဲ့ နို့မှုန်သောက်တဲ့ပမာဏက နှစ် ရက် ကို တစ်ဘူး နှုန်းဖြစ်နေတော့ ဘယ် လိုမှ မလောက်တော့ဘူး။ လက်ထဲ မှာလဲ ပိုက်ဆံမရှိတော့ ဒီကလေးတွေ ကို ဘယ်လိုဆက်ကျွေးမွေးရမှန်းလဲ မသိတော့ဘူး''ဟု ယင်းကပြောသည်။ ထို့ကြောင့် သက်ဆိုင်ရာတာဝန် ရှိသူများအနေဖြင့် အဆိုပါ လေးမြွှာ ပူးကလေးငယ်လေးဦး၏ ကျန်းမာရေး အတွက် လိုအပ်သည့် နို့မှုန့်ဘူးများ ကို ထောက်ပံ့ပေးစေလိုကြောင်းနှင့် ဖြစ်နိုင်ပါက UNICEF ကဲ့သို့ အဖွဲ့ များနှင့် ဆက်သွယ်ပေးပြီး သူတို့မိသား စု၏အခက်အခဲကို ကူညီပေးစေလို ကြောင်း ကိုမြင့်ထွေးက မေတ္တာရပ်ခံ ထားသည်။

ယင်းနှင့်ပတ်သက်၍ လူမှုဝန် ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာနမှ တာ ဝန်ရှိသူတစ်ဦးကို ရန်ကုန်တိုင်းမ်ဂျာ နယ်မှ ဆက်သွယ်မေးမြန်းရာ အဆိုပါ တာဝန် ရှိသူမှ ''ကျွန်တော်တို့ လူမှုဝန် ထမ်းဌာနအနေနဲ့ ဒုက0x081ခရောက် နေတဲ့ သူတွေကို အကူအညီပေးဖို့ တာဝန်ရှိ ပါတယ်။ အခုလို သုံးမြွှာပူးနဲ့အထက် မွေးဖွားတဲ့မိသားစုကို ကနဦး Initial Supporting အဖြစ် ငွေကျပ်ငါးသိန်း ထောက်ပံ့ဖို့ သတ်မှတ် ထားပါတယ်။ အဲဒီလေး မြွှာပူး ကလေးငယ် များကို မွေးဖွားပေးခဲ့တဲ့ မိဘများအနေနဲ့ လို အပ်တဲ့အကူအညီကိုရရှိဖို့ မွန်ပြည် နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည် နေရာချထားရေးဦးစီးဌာန ကို ဆက်သွယ်ပြီး အကူအညီတောင်း ခံဖို့ လမ်းညွှန်ချင်ပါတယ်။ ကျွန်တော် ကိုယ်တိုင် လဲ မွန်ပြည်နယ်လူမှုဝန် ထမ်းဌာန ဦးစီးမှူးထံ ဖုန်းဆက်ပြီး အဲဒီ ကလေးတွေကို အကူအညီပေး ဖို့ အကြောင်းကြားပေးပါမယ်''ဟု ပြန် လည်ဖြေကြားခဲ့သည်။

မင်းညီ

Yangon Media Group

ရန်ကုန်၊ ဒီဇင်ဘာ ၎

လှည်းကူးမြို့နယ် ငါးဆူတောင် ကျေးရွာအုပ်စုတွင် သေဆုံးသူ အမျိုးသမီးက အိပ်မက်ပေးကာ ရှာဖွေခိုင်းသော ၎င်း၏ ရုပ်အလောင်းနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသမီး ပျောက်ဆုံးသည့် ရက်မှစ၍ ရက်ပေါင်း ၄၀ ကျော်အကြာ ဒီဇင်ဘာလ ၃ ရက်နေ့တွင် အဓမ္မကျင့် လူသတ်ကာ အလောင်းဖျောက်သည်ဟု ယူဆရသူ အမျိုးသား သုံးဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိကြောင်း ငါးဆူတောင် နယ်မြေ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကျေးရွာအုပ်စုရှိ ရဲသုခ စိုက်ပျိုးရေးခြံတွင် အောက်တိုဘာလ ၂၁ ရက်နေ့ ညနေပိုင်းက အသက် ၂၃ နှစ်အရွယ် မချိုနွယ်ဝင်း (ခ) ကတုံးမသည် အမှတ် (၁) ကျေးရွာသို့ ဈေးဝယ်သွားရာမှ နေအိမ် သို့ ပြန်မလာသဖြင့် ခင်ပွန်း ဖြစ်သူက အောက်တိုဘာလ ၂၆ ရက်နေ့တွင် လူပျောက် တိုင်ချက်ဖွင့်ကာ ရှာဖွေနေခဲ့ကြောင်း၊ ကိုးရက်မြောက်နေ့တွင် ပျောက်ဆုံးသူ အမျိုးသမီး လုပ်ကိုင်ခဲ့သည့် စိုက်ပျိုးရေးခြံမှ အမျိုးသမီး အလုပ်သမားတစ်ဦးကို ၎င်း၏ အလောင်း ရှိသည့်နေရာ အိပ်မက် ပေးခဲ့သောကြောင့် သွားရောက် ရှာဖွေခဲ့ကြောင်း၊ ယင်းနေရာ၌ ပုပ်ပွကာ ဒဏ်ရာများဖြင့် သေဆုံးနေသည့် မချိုနွယ်ဝင်း၏ အလောင်းကို တွေ့ရှိခဲ့ကြောင်း၊ အဆိုပါ သေဆုံးမှုကို ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးစဉ် မသင်္ကာဖွယ် အမျိုးသားသုံးဦးကို ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

နေအိမ်မှ ဈေးဝယ်အသွား ကိုးရက်ကြာ ပျောက်ဆုံးနေခဲ့သော သေဆုံး ခဲ့သူ၏ ရုပ်အလောင်းကို ငါးဆူတောင်အုပ်စု ဧက ၁၀၀ ခြံအတွင်းရှိ လျှိုအဆင်းတွင် ပုပ်ပွလျက် တွေ့ရှိခဲ့ကြောင်း၊ ဦးခေါင်းတွင် ပေါက်ပြဲဒဏ်ရာ နှစ်ချက်၊ ညာဘက် ဝမ်းဗိုက်အောက်အတွင်း ပေါက်ပြဲဒဏ်ရာ တစ်ချက်တို့ကို တွေ့ရှိခဲ့ကြောင်း၊ အလောင်းကို လှည်းကူး ဆေးရုံသို့ ပို့ဆောင်ပြီး စစ်ဆေးခဲ့ရာ ဆေးစာအရ မသေဆုံးမီ အဓမ္မကျင့် ခံခဲ့သည်ကို တွေ့ရှိရကြောင်း လူသတ်မှု ဖြစ်ပွားခဲ့သော နေရာအနီးတွင် ရှိသည့် မယ်ဇလီကုန်း ကျေးရွာတွင် နေထိုင်သူ အချို့ထံမှ သိရှိရသည်။

သေဆုံးသူ အမျိုးသမီးသည် တစ်ခြံတည်း အလုပ်လုပ်ကိုင်သူ အလုပ်သမားများနှင့် ဆက်ဆံရေး အဆင်ပြေသော်လည်း လွန်ခဲ့သော တစ်လခန့်က ခြံကပ်လျက်တွင် အလုပ်လုပ်ကိုင်သူ အမျိုးသားတစ်ဦးနှင့် ငွေကြေးကိစ္စ စကားများခဲ့ ဖူးကြောင်း ရဲသုခ စိုက်ပျိုးရေးခြံ အလုပ်သမားများထံမှ သိရှိခဲ့ရပြီး၊ ယင်းလူသတ်မှုနှင့် ဆက်နွှယ်နိုင်သဖြင့် မသင်္ကာ၍ ဖမ်းဆီးခဲ့သူ အမျိုးသားသုံးဦးမှာ အဆိုပါ ခြံကပ်လျက် စိုက်ပျိုးရေးခြံတွင် လုပ်ကိုင်သူများ ဖြစ်ကြောင်း မဲဇလီကုန်း ကျေးရွာတွင် နေထိုင်သူများထံမှ စုံစမ်းသိရှိရသည်။

အဆိုပါ လူသတ်မှု ဖြစ်ပွားရသည့် အကြောင်းအရင်း၏ အသေးစိတ် အချက်အလက်ကို သက်ဆိုင်ရာ နယ်မြေရဲစခန်းသို့ တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းသော်လည်း တာဝန်ကျ ရဲအရာရှိက စစ်ဆေးဆဲ ကာလတွင် မဖြေပေးနိုင်ကြောင်း ပြောကြားသည်။

အဆိုပါ လူသတ်မှုနှင့် ပတ်သက်၍ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံး၊ အထူးမှုခင်း နှိမ်နင်းရေးအဖွဲ့နှင့် လှည်းကူးမြို့မ ရဲတပ်ဖွဲ့တို့က ပတ်ဝန်းကျင်ကို စုံစမ်းခဲ့ရာမှ ကိုကိုလင်း၊ ကျော်သူစိုး၊ ရွှေသိန်းတို့ သုံးဦးကို သံသယ ရှိသောကြောင့် ခေါ်ယူ စစ်ဆေးရာမှ ၎င်းတို့က ပြစ်မှု ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့သဖြင့် ယခင်စစ်ဆေးခဲ့သော ပုဒ်မ ၃၀၂ အစား ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပုဒ်မ ၃၀၂ မှ ပုဒ်မ ၃၀၂/၃၇၆ ဖြင့် ပြောင်းလဲ စစ်ဆေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။

The Voice Weekly

Wednesday, December 4, 2013



၁။ လက်ရှိပင်စင်ခံစားနေ သော အငြိမ်းစားများအား လက်ရှိ ပင်စင်လစာအပြင် ဝန်ထမ်းများ အား လစာတိုးမြှင့်ခွင့်ပြုသည့် ကျပ် ၂ဝဝဝဝ အပေါ် ပင်စင်နည်း ဥပဒေနှင့်အညီတွက်ချက်၍ ၂ဝ၁၃ ခုနှစ် ဧပြီလ လစာမှစ၍ တိုးမြှင့် ခံစားခွင့်ပြုခဲ့ပါသည်။

၂။ ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂ ရက်အထိ မြို့ပြကာကွယ်ရေး ပင်စင်စားဦးရေ ၅၇၁၆၄၆ ဦး၊ စာရင်းရှိအင်အား၏ ၁ဝဝ ရာခိုင် နှုန်းအတွက် ပင်စင်လစာသစ်ထုတ် ယူခွင့်ကို မြန်မာ့စီးပွားရေးဘဏ် များသို့ အကြောင်းကြား ဆောင် ရွက်ပြီးဖြစ်ပါသည်။ မြန်မာ့စီးပွား ရေးဘဏ်များ၌ ပင်စင်လစာထုတ် ယူရန် ကျန်ရှိဦးရေမှာ ၁ဝ၉၆၄၁ ဦး ဖြစ်ပါသည်။

၃။ တိုးမြှင့်ပင်စင်လစာသစ် အား မြန်မာ့စီးပွားရေးဘဏ်များ တွင် ပိတ်ရက်မှအပ နေ့စဉ်ထုတ် ပေးလျက်ရှိပါသဖြင့် ဆက်သွယ် ထုတ်ယူကြပါရန် အသိပေးနှိုးဆော် အပ်ပါသည်။

၎။ ပင်စင်လစာနှင့်ပတ်သက် ၍ အခက်အခဲရှိပါက ကာကွယ် ရေးပင်စင်စားများသည် သက်ဆိုင် ရာကာကွယ်ရေးငွေစာရင်းရုံးခွဲများသို့ ဆက်သွယ်ဆောင်ရွက်ပါရန်နှင့် မြို့ပြပင်စင်စားများသည် မိမိတို့ နှင့်နီးစပ်ရာ ပင်စင်ဦးစီးဌာနရုံး ချုပ်၊ တိုင်းဒေသကြီးရုံးနှင့် ပြည် နယ်ရုံးများရှိ အောက်ပါဖုန်း/င်္ထေ နံပါတ်များသို့ ဆက်သွယ်သတင်း ပေးပို့ကြပါရန်နှင့် ပင်စင်ခံစားခွင့် ရရှိရေး အမြန်ဆုံးဆောင်ရွက်ပေး သွားမည်ဖြစ်ပါကြောင်း အသိပေး တင်ပြအပ်ပါသည်။

ပင်စင်ဦးစီးဌာန

The Union Daily

Monday, December 2, 2013


ပရိတ်သတ်များရှင် ဒီရက်ပိုင်းအတွင်း FB စာမျက်နာပေါ်သို့ ရောက်လာသည့် ကျမ နှင့် ပတ်သက်သော အကြောင်းအရာများနှင့် ပတ်သက်ပီး ကျမ မိသားစု မိတ်ဆွေသူငယ်ချင်းများအပါအဝင် ကျမကို သံယောဇဉ် ရှိကြတဲ့ ပရိတ်သတ်များ အားလုံး စိတ်အနှောက်အရှက် များစွာဖြစ်ရသလို ကာယကံရှင် ကျမကိုယ်တိုင်လဲ အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက် နာကျင်ရပါတယ်။

 Moe Zay Nyein ကိုကျမ မသိပါ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီလိုလုပ်ရပ်ကို လုပ်ခဲ့လဲ ဆိုတာကိုလည်း ကျမ နားမလည်ပါ သူတင်ပြထားတဲ့ အကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှ မထောက်ခံထားသလို လုံးဝ အမှန်လို့လဲ မယူဆသင့်ပါ အခြေအနေမှန်ကို သေချာမသိဘဲ ဝင်ရေးထားတဲ့ comment နှစ်ခုလောက်ကို မြင်ရတဲ့အခါ ကျမ တော်တော် ကို စိတ်ပျက်မိပါတယ်။

 အနုပညာရှင်တွေဟာ စည်းကမ်းမရှိ အရှက်အကြောက်မရှိ ဥပဒေ ဘောင်တွင်း တကယ် နိုင်ငံတော်အစိုးရက ဒီတိုင်းကြည့်မနေဘဲ ထိထိရောက်ရောက်အပြစ်ပေးခဲ့တာ လူတိုင်းလဲသိကြပါတယ် nobody perfect ဆိုပေမဲ့ perfect ဖြစ်တဲ့သူတွေလဲ အများကြီးရှိနိုင်ပါတယ် သေချာတာက ကျမဟာ perfect မဟုတ်ဘူး ဆိုတာပါဘဲ ကျမ မှာ အားနဲချက် ချို့ယွင်းချက်တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလဲ မဟုတ်ပါဘူး ကျမ အသက် ၄၂ နှစ်ရှိပါပြီ လက်ရှိမိဘ တွေနဲ့ တူတူနေပြီး ကျမ ကျွမ်းကျင်တဲ့ အသက်မွေး ဝမ်းကျောင်းပညာနဲ့ လူ့ပါတ်ဝန်းကျင် အသိုင်းအဝိုင်း မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ်အောင် ရပ်တည်နေပါတယ် အခုကိစ္စမှာ ကျမကို မရည်ရွယ်လဲ ကျမ ဓါတ်ပုံ နဲ့ ခေါင်းစဉ်တတ် အကြောင်းအရာတွေကိုတော့ကျမ အနေနဲ့ အင်မတန် ခံရခက်ပါတယ်။

 နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုး မရှိတဲ့ အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမဲ့ ဒီနိုင်ငံသူတစ်ယောက်အနေနဲ့ နိုင်ငံ့အရေးကိုတော့ ကျမ စိတ်ဝင်စားပါတယ် ပစ္စုပ္ပန်ကာလ မှာ ရုပ်ရှင်မင်းသမီးတစ်ယောက်ဖြစ်နေတဲ့ အတွက် ကျမ နဲ့သက်ဆိုင်သော ကိစ္စ များကိုဘဲ ကျမ စိတ်ဝင်စားပါတယ် ကျမ အလုပ်ကို လေးလေးစားစား လုပ်ပါတယ်ံဘယ်သူ့ကိုမှ အနိုင်မယူ ဘ်ာသူ့ကိုမှ အရူံး မပေး Win win situation ကို လက်ခံကျင့်သုံးပါတယ် ကျမ life ကို Day by day ဖြတ်သမ်းပါတယ်။

 ကျမ ပျော်ပျော်နေတတ်ပေမဲ့ ဘယ်တုန်းက မှ ပေါ့ပေါ့ မနေခဲ့ပါဘူ့း  ကျမ life perfect မဖြစ်ပေမဲ့ ဒီနေ့ဒီအချိန်ထိ ကျမကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နစ်နာအောင် ပျက်ဆီး ဆုံးရူံးအောင် ဆိုးဝါးတဲ့ အမှားမျိုး အပြစ်မျိုး မလုပ်ခဲ့တဲ့အတွက် ဒီအသက်မရွယ်ထိ ဒီနေရာမှာ ကျမ ရပ်တည်ခွင့် ရနေတာ လူတိုင်းအမြင်ပါဘဲ လိပ့်ပြာသန့်တဲ့အတွက် ကျမ ဘဝက မင်္ဂလာ ရှိပါတယ် MZN ရဲ့အမှန်တရားဖော်ထုတ်တဲ့ ကိစ္စက ကျမတင်မက အကြောင်းအရာ ထဲမှာနံမည်ပါတဲ့ လုပ်ဖော် ကိုင်ဖက် ကျမရဲ့ အနုပညာရှင်မောင်နှမတွေ ကိုပါ အများကြီး ထိခိုက်နစ်စေပါတယ်။

 မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန် အလှန်လေးစားတဲ့ ဆက်ဆံရေးကို ပျက်ဆီးစေပါတယ် သံသယ တွေနဲ့ ရင်းနှီးမူ ကို ဒုက္ခ ရောက်စေပါတယ် အဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ အများအတွက် နစ်နာဆုံးရူံးမူကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက်ဘဲ ( အမှန် ) ဖြစ်နေပါစေ နောက်ဆုံးမှာ ( အမှား ) ဖြစ်စေပါတယ် ပရိတ်သတ်များရှင် MZN တင်ပြချက်မှာပါတဲ့ ကျမနဲ့ပတ်သက်တဲ့ ဓါတ်ပုံအပါအဝင် အကြောင်းအရာ အရာအားလုံးကို ကျမ လုံးဝ လက်မခံပါဘူး အစစ်မှန်ဆိုတာကိုလဲ မယုံတဲ့ အတွက် အသိအမှတ်လဲ မပြုပါဘူး ကျမ အတွက် အချိန်က ဘဝ ပါ ဘဝကို တန်ဖိုးထားသလို အချိန်ကိုလဲ ကျမ အရမ်းတန်ဖိုးထားပါတယ်။

 ကျမရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကိုအကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျမကို ချစ်တဲ့ လေးစားကြတဲ့ ပရိတ်သတ်တွေကို ကျမ တန်ဖိုးထားထားလို့ပါ ကျမ အတွက် နံပါတ် တစ် ဦးစားပေး အရေးပါတဲ့ လူတွေထဲမှာ ပရိတ်သတ်များ ပါပါတယ် ဆက်လျှောက်ဖို့ ကျန်နေသေးတဲ့ ခရီးမှာ ကျမကို လက်တွဲထားမဲ့ အဖော်ကောင်း မပါပေမဲ့ မိတ်ဆွေကောင်းတွေကို လက်တွဲပြီး ပရိတ်သတ်ပေးတဲ့ ခွန်အားတွေနဲ့ ကျမ ဆက်လျှောက်ချင်ပါတယ် MZH က comment တစ်ခုမှာ မကြီးစိုး စဆရ လို့ သုံးနူန်းထားပါတယ် စစ်သားသားသမီးဖြစ်လို့ ဒီအသုံးအနူံးကို ကျမ နားလည်ပါတယ် ဦး MZN ရှင် ( ဦးနဲ့ပတ်သက်လို့ အနဲငယ် သိထားတဲ့ အတွက် ဦးတတ်ပြီး ခေါ လိုက်တာပါ ) ဦးပြောသလို အကြောင်းအရာတွေ ချန်ထားခဲ့လို့ ဆိုပြီး မရှိတဲ့ အကြောင်းအရာ တွေ အတွက် ကျမ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင် ဒါပေမဲ့ ဦးပြောတဲ့ အသုံးနူန်းတိုင်း ပြောရရင် ကျမ အတွက် MZN စဆရ မှာ မိတ်ဆွေကောင်းတွေ အများကြီး ထပ်ရလိုက်လို့ ဒီအတွက်တော့ ဦး ကို ကျေးဇူးတင်မိပါတယ်။

 ဘယ်သူ နဲ့မှ ရေရှည် အခြေ အတင် မဖြစ်ချင်တာ ကျမ ဆန္ဒ ပါ လူမူဆက်ဆံရေးဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကဏ္ဍ ပါ လူမူဆက်ဆံရေး မပြေလည်ရင် တခြား ဘယ်အရာ မှ အဆင်ပြေမှာ မဟုတ်ပါဘူး ကျမ နိုင်ငံခြားမှာနေရတဲ့ အချိန်မှာ သိခဲ့တဲ့ ဥပဒေ တစ်ခု ရှိပါတယ် ဘယ်နိုင်ငံမှာဘဲ နေနေ နိုင်ငံတိုင်းရဲ့ ဥပဒေ မှာ တူညီတဲ့ ဥပဒေ တစ်ခုတော့ ရှိပါတယ် အနုပညာရှင်များ (သို့) အောင်မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို (၁) ကာယကံရဲ့ ခွင့်ပြုချက်မရရှိပါက (၂) တရားဥပဒေအရ အကြောင်းမတိုက်ဆိုင် (သို့) တရားရုံးမှ ခွင့်ပြုချက်မရရှိပါက (၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက် ကျုးလွန်နေသူဟု ခိုင်လုံသော သတင်းအထောက်အထား မရှိပါက ဘယ်တော့မှ လူအများမြင်သာတဲ့ နေရာတွေမှာ ဖြန့်ဝေ နိုင်ခွင့် မရှိဘူး ဆိုတာပါဘဲ ကျမကတော့ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင် သလို ဥပဒေ နဲ့ စကားပြောရတာမျိုးတွေ အထိ လဲ အလုပ်တွေ မရူပ်ချင်ပါ အဲဒါကြောင့် ဒါနဲ့ပတ်သက်ပြီး ပထမဆုံးနဲ့နောက်ဆုံး ရှင်းပြတာပါ
နောက်ထပ် ဒါနဲ့ ပတ်သက်တဲ့ ဘာ အကြောင်းအရာ ကိုမှ ကျမ ပြန်ရှင်းပြ မှာ မဟုတ်ပါဘူး။

လူ့အခွင့်အရေး ကို တကယ်နားလည်လေးစားမယ်ဆို ရင် စာနာစိတ်နဲ့ ဆက်ဆံရေးကို အသုံးပြုကြတာ အကောင်းဆုံး မဟုတ်ဘူးလား။

ကျမကို ချစ်တဲ့ ပရိတ်သပ်များ
ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး
နာမည်ပါခဲ့တဲ့ အနုပညာ မောင်နှမ များရှင်
ကျမနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက် ရခဲ့ကြတဲ့ အတွက် ဒီနေရာကနေ ကျမ တောင်းပန်ပါတယ်
ကျမ ကိုနားလည်ပေးကြပါ

ဒီကိစ္စမှာ ကျမ ကိုကူညီဖေးမခဲ့တဲ့ သူများ နဲ့ အကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို
အထူးကျေးဇူးတင်ပါတယ်

အားလုံး မင်္ဂလာရှိသော သူများ ဖြစ်ကြပါစေရှင်။

စိုးမြတ်သူဇာ
2nd December 2013
1:30 pm

SOEMYAT THUZAR စိုးမြတ်သူဇာ ဖေ့ဘုတ်မှ

Popular Journal


ဘုန်းကြီးတစ်ပါး သင်္ကန်းကိုကြိုးပြုပြီး အမြင့်ပေနှစ်ဆယ်ခန့်ရှိ သစ်ပင်ပေါ်တက်၍ ဆွဲကြိုးချသေဆုံး


ဒီဇင်ဘာ(၂)ရက်နေ့ နံနက်(၇)နာရီအချိန်ခန့်တွင် မကွေးမြို့ နံကပ်ကျွန်းကျေးရွာအုပ်စု ချမ်းမြေ့သာယာ ကျေးရွာ စက်မှုဝန်ကြီးဌာန မြန်မာ့အထည်အလိပ်လုပ်ငန်း ဆေးဆိုးပန်းရိုက်စက်ရုံရှေ့ရှိ ဂန္ဓာရသစ်ပင်ပေါ်တွင် ဘုန်းကြီးတစ်ပါး အမြင့်ပေနှစ်ဆယ်ခန့်ရှိ သစ်ပင်ပေါ်တက်၍ သင်္ကန်းကိုကြိုးပြုပြီး ဆွဲကြိုးချသေဆုံးကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ(၂)ရက်နေ့ နံနက်(၃)နာရီခန့် စောစောအချိန်၌ သင်္ကန်းဝတ်ဖြင့် ဘုန်းကြီးတစ်ပါးကို ရေနံချောင်းဘက်မှလာသော လိုင်းကားတစ်စီးမှ ၎င်းနေရာ၌ ချထားခဲ့ကြောင်း၊ ၎င်းနေရာတွင် အဆိုပါဘုန်းကြီးက အော်ဟစ်နေကြောင်း၊ မြန်မာ့အထည်အလိပ်လုပ်ငန်း ဆေးဆိုးပန်းရိုက်စက်ရုံရှေ့က လုံခြုံရေးဂိတ်ပေါ်သို့ တက်ရန် ပြုလုပ်နေ၍ တားဆီးလိုက်ရကြောင်း ဂိတ်စောင့်တစ်ဦးကုပြောသည်။

နံနက်(၇)နာရီခန့်တွင် လမ်းသွားသူများမှ ဘုန်းကြီးတစ်ပါး ဆွဲကြိုးချသေဆုံးကြောင်း တွေ့မြင်ရပြီး သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်(လ.၀က)တို့ရောက်ရှိလာကြောင်း မကွေးမြို့နယ် မီးသတ် ဌာန မှ မော်တော်ယာဉ်ပါ မီးသတ်တပ်ဖွဲ့ဝင်လေးဦးတို့သည် နံနက်(၉း၂၀)နာရီအချိန် ရောက်ရှိလာ ကြောင်း၊ မီးသတ်ရဲဖော်နှစ်ဦးတို့က သစ်ပင်ပေါ်တက်ပြီး အဆိုပါ ကြိုးဆွဲချတန်းလန်းဖြင့် ဘုန်းကြီးကို မီးသတ် ကယ်ဆယ်ကြိုးဖြင့် ပထမချီနှောင်၍ သင်္ကန်းကြိုးအား ဖြတ်ချပေးပြီးမြေသို့ချပေးရကြောင်း၊ မီးသတ်ကယ် ဆယ်ရေးယာဉ်ငယ်အမှတ် ၇ခ/၉၄၆၃ ဖြင့် အလောင်းအားသယ်ယူ၍ မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း၊ ``သင်္ကန်းတွေက အသစ်ကြီးတွေဗျ၊ သင်္ကန်းကြိုးတစ်ဖက်နဲ့ သစ်ကိုင်းကို အသေချီထားပြီး ကျန်တစ်ဖက်က လည်ပင်းမှာလဲအသေချီထားပြီး ခုန်ချလို့ ယခုလိုတန်းလန်းကြီးဖြစ်နေတာပါ၊ အခြားပြင်ပဒဏ်ရာ မရှိဘူး၊ ဒူးခေါင်းကတော့ သစ်ပင်နဲ့တိုက်ထားတယ်ထင် တယ်၊ ဒဏ်ရာအနည်းငယ်ပွန်းနေ တာတွေ့ရပါတယ်၊ သစ်ပင်အမြင့်က ပေနှစ်ဆယ်လောက်ရှိမယ်ထင်ပါတယ်။´´ ဟု မီးသတ်တပ်ဖွဲ့က တပ်ကြပ် ဦးဝင်းညွှန့် က ပြောသည်။

အဆိုပါသေဆုံးသောဘုန်းကြီးကို သံဃာ့သာသနာမှတ်တမ်း ပါ ၊ မပါ မကွေးမြို့နယ်(လ.၀.က)ရုံး သို့ သွားရောက်မေးမြန်းရာ သာသနာ့မှတ်တမ်းမပါကြောင်း၊ သေဆုံးသော ဘုန်းကြီးထံမှ နိုင်ငံသားကဒ်တွေ့ရှိ ကြောင်း။ သင်္ကန်းဝတ်ဖြင့် လူအမည် ဦးသန်းစိုး(အဘ) ဦးမြင့်သိန်း၊ အသက်(၄၄)နှစ်၊ နိုင်ငံသားစီစစ်ရေးအမှတ် ၁၄/မအန(နိုင်) ၁၆၀၁၁၀ ကိုင်ဆောင်သူဖြစ်ကြောင်း၊ နေရပ်လိပ်စာ မြန်အောင်မြို့နယ်၊ သရက်တောကေျးရွာအုပ် စု၊ ကျောက်စရစ်ကုန်းရွာတွင် နေထိုင်သူဖြစ်ကြောင်း၊ သင်္ကန်းအား ကြိုးအဖြစ်အသုံးချ၍ ဆွဲကြိုးချသေဆုံး နေကြောင်း မကွေးမြို့နယ်(လ.၀.က)မှ စုံစမ်းသိရှိရသည်။ ၎င်းသေဆုံးမှုကို မကွေးမြို့မရဲစခန်းတွင် ဒီဇင်ဘာ(၂)ရက် နံနက်(၁၁)နာရီခန့်၌ သေမှုသေခင်းအမှတ်စဉ် ၁၀/၂၀၁၃ အမှုဖွင့်ပြီး စစ်ဆေးဆောင်ရွက် နေကြောင်း သတင်းရရှိသည်။

ဝိုင်းကြည်အောင်

by Thit Htoo Lwin


အ​မျိုး​သား​ဒီ​မို​က​ရေ​စီ​အ​ဖွဲ့​ချုပ် (​အန်​အယ်လ်​ဒီ)​ပါ​တီ​က ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​အ​တွက် ​သ​မ္မ​တ၊ ​လွှတ်​တော်၊ ​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ်​နဲ့ ၄ ​ပွင့်​ဆိုင် ​တွေ့​ဆုံ​ဆွေး​နွေး​ရေး ​ကမ်း​လှမ်း​ချက်​ကို  ​အ​စိုး​ရ​က ​အ​ချိန်​မ​ကျ​သေး​ဘူး​လို့ ​ပြော​ဆို​လိုက်​တဲ့​အ​ပေါ် ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​တုံ့​ပြန် ​ပြော​ဆို​လိုက်​ပါ​တယ်။

ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြင်​ဆင်​ရေး​ကိ​စ္စ ​အ​ဆင်​ပြေ​ချော​မွေ့​စေ​ဖို့ ​သ​မ္မ​တ​ဦး​သိန်း​စိန်၊ ​လွှတ်​တော်​ဥ​က္က​ဋ္ဌ၊ ​ကာ​ကွယ်​ရေး​ဦး​စီး​ချုပ်​တို့​နဲ့ ​တွေ့​ဆုံ​ဆွေး​နွေး​ဖို့​  ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြီး​ခဲ့​တဲ့​သီ​တင်း​ပတ်​က  ​စာ​ရေး​ကမ်း​လှမ်း​ထား​တာ ​ဖြစ်​ပါ​တယ်။

ဒီ​အ​ပေါ် ​သ​မ္မ​တ​ရဲ့ ​ပြော​ရေး​ဆို​ခွင့်​ရှိ​သူ​က ​မြန်​မာ​နိုင်​ငံ​မှာ ​ပါ​တီ ၅၈ ​ပါ​တီ ​ရှိ​တဲ့​အ​နက် ​ပါ​တီ​တ​ခု​တည်း​ရဲ့ ​ခေါင်း​ဆောင်​နဲ့​တွေ့​ရင် ​မ​သ​င့်​တော်​တဲ့​အ​ကြောင်း​၊  ​လွှတ်​တော်​က  ​ဖွဲ့​စည်း​ပုံ​အ​ခြေ​ခံ​ဥ​ပ​ဒေ ​ပြု​ပြင်​ပြောင်း​လဲ​ရေး​နဲ့ ​ပတ်​သက်​လို့ ​သုံး​သပ်​နေ​တဲ့​အ​ချိန်​မှာ  ​ပြည်​ထောင်​စု​လွှတ်​တော်​ကို ​ကျော်​ပြီး ​မ​လုပ်​သင့်​သ​လို  ​လွှတ်​တော်​ကော်​မ​တီ​ရဲ့​  ​အ​စီ​ရင်​ခံ​စာ ​တင်​ပြီး​တဲ့​အ​ချိန်​အ​ထိ ​စောင့်​သင့်​ကြောင်း ​ဒါ​ဟာ ​မ​တွေ့​ဘူး​လို့ ​ငြင်း​တာ ​မ​ဟုတ်​တဲ့​အ​ကြောင်း ​တုံ့​ပြန်  ​ပြော​ကြား​ထား​ပါ​တယ်။

ဒီ​ကမ်း​လှမ်း​ချက်​ဟာ ​အ​ထူး​အ​ခွင့်​အ​ရေး​အ​ဖြစ် ​တောင်း​ဆို​တာ ​မ​ဟုတ်​ဘူး​လို့ ​ဩ​စ​တြေး​လျ​မှာ ​ရောက်​ရှိ​နေ​တဲ့ ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ကြား​သွား​ပါ​တယ်။

“​ဒီ​မို​က​ရေ​စီ​နိုင်​ငံ​တိုင်း​မှာ ​အ​ကြီး​ဆုံး ​အ​တိုက်​အ​ခံ​ပါ​တီ​ကို ​အ​ထူး ​အ​ခွ​င့်​အ​ရေး ​ပေး​ပါ​တယ်။ ​အ​ထူး​အ​နေ​အ​ထား​မှာ ​ထား​ပါ​တယ်။ ​အဲ​ဒီ​တော့ ​ကျ​မ​တို့ ​တောင်း​တဲ့ ​အ​ခွ​င့်​အ​ရေး​ဟာ ​လွန်​ကျွံ​တာ ​မ​ဟုတ်​ပါ​ဘူး​။ ​ဒီ​မို​က​ရေ​စီ​လုပ်​ထုံး​လုပ်​နည်း​အ​ရ ​လွန်​လွန်​ကျွံ​ကျွံ ​တောင်း​တဲ့ ​အ​ခွ​င့်​အ​ရေး ​မ​ဟုတ်​ပါ​ဘူး​။”

ဒါ့​ပြင် ​အ​စိုး​ရ​ရဲ့ ​ဆောင်​ရွက်​ချက်​တွေ​ဟာေ​ရှ့​နောက် ​ညီ​ညွတ်​မှု ​မ​ရှိ​ဘူး​လို့​လည်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ဝေ​ဖန်​ပြော​ကြား​လိုက်​ပါ​တယ်။

“​နောက်​တ​ခု​က ​အေ​ရှ့​အ​နောက်​မ​ညီ​တာ​လေး​တွေ​တော့ ​ကျ​မ​က ​ထောက်​ပြ​ချင်​တယ်။ ​နိုင်​ငံ​ရေး​အ​ရ ​ထောက်​ပြ​ပိုင်​ခွ​င့်​လည်း ​ရှိ​တယ်။ ​ထောက်​ပြ​ရ​မယ့် ​တာဝန်​လည်း ​ရှိ​တယ်။ ​အ​ထူး​သ​ဖြ​င့် ​တ​ရား​၀င်​အား​ဖြ​င့် ​အ​များ​က ​အ​တိုက်​ခံ​ပါ​တီ​အ​ဖြစ် ​လက်​ခံ​ထား​တာ​ကိုး​၊ ​အဲ​ဒီ​တော့ ​အ​တိုက်​အ​ခံ ​ဆို​တော့​လည်း ​အ​တိုက်​အ​ခံ​လေး​တော့ ​နည်း​နည်း​လုပ်​ရ​မှာ​ပေါ့​။ ​အဲ့​တော့ ​ထောက်​ပြ​ရ​မယ်​ဆို​ရင်၊ ​အ​ခု ​ငြိမ်း​ချမ်း​ရေး​ပွဲ​တွေ ​လုပ်​နေ​တဲ့​အ​ခါ​မှာ ​တိုင်း​ရင်း​သား​အ​ဖွဲ့ ​တော်​တော်​များ​များ​က​နေ​ပြီး​တော့ ​အား​လုံး ​စု​ပေါင်း​ပြီး​တော့ ​အ​စိုး​ရ​နဲ့ ​ဆွေး​နွေး​ချင်​တယ်​လို့ ​ပြော​တဲ့​အ​ခါ​ကျ​တော့ ​အ​စိုး​ရ​ပိုင်း​က ​စု​ပေါင်း​ပြီး​တော့ ​မ​ဆွေး​နွေး​ချင်​ဘူး​၊ ​တ​ဖွဲ့​စီ၊ ​တ​ဖွဲ့​စီ​နဲ့​ပဲ ​ဆွေး​နွေး​ချင်​ပါ​တယ်​လို့ ​ပြော​တယ်။ ​အဲ​ဒီ​တော့ ​အေ​ရှ့​နဲ့ ​အ​နောက် ​မ​ညီ​ဘူး​လား​လို့​။”

မဲလ်​ဘုန်း​မြို့​က ​မြန်​မာ​တိုင်း​ရင်း​သား​များ ​မိ​သား​စု​တွေ​နဲ့ ​တွေ့​ဆုံ​ပွဲ​မှာ ​ဒေါ်​အောင်​ဆန်း ​စု​ကြည် ​ပြော​ကြား​သွား​တာ ​ဖြစ်​ပါ​တယ်။

၁၉၈၈-၈၉ ​ခု​နှစ်​က​လည်း ​ဗိုလ်​ချုပ်​ကြီး​စော​မောင်​ကို  ​အန်​အယ်လ်​ဒီ​ပါ​တီ​က  ​တိုင်း​ပြည် ​အ​ခြေ​အ​နေ​နဲ့ ​ပတ်​သက်​လို့ ​တွေ့​ချင်​တယ်​လို့ ​ကမ်း​လှမ်း​ခဲ့​တုန်း​က​လည်း ​ပါ​တီ​ပေါင်း ၂၀၀ ​ကျော်​ရှိ​တဲ့​အ​ထဲ​မှာ ​တ​ပါ​တီ​ရဲ့ ​ခေါင်း​ဆောင်​နဲ့​ပဲ​တွေ့​ရင် ​မ​သ​င့်​လျော်​တဲ့​အ​တွက် ​မ​တွေ့​ဘူး​လို့ ​တုံ့​ပြန်​ခဲ့​ဖူး​ကြောင်း ​ဒေါ်​အောင်​ဆန်း​စု​ကြည်​က ​ပြော​ပါ​တယ်။

ဒေါ်​အောင်​ဆန်း​စု​ကြည်​ဟာ ​ဒီ​ဇင်​ဘာ ၁ ​ရက်​နေ့​က ​မဲ​လ​ဘုန်း​မြို့​မှာ ​ကျင်း​ပ​တဲ့ ​က​မ္ဘာ့ ​အေ​အိုင်​ဒီ​အက်စ်​နေ့ ​အ​ခမ်း​အ​နား​ကို  ​ကု​လ​သ​မ​ဂ​ရဲ့ ​အေ​အိုင်​ဒီ​အက်စ်​သံ​တ​မန်​တ​ဦး ​အ​ဖြစ် ​တက်​ရောက် ​မိန့်​ခွန်း​ပြော​ကြား​ခဲ့​ပြီး ​ဒီ​နေ့ ​မြန်​မာ​နိုင်​ငံ​ကို ​ပြန်​လာ​ဖို့ ​ရှိ​နေ​ပါ​တယ်။

By ​ဒီ​ဗွီ​ဘီ

မူးယစ်ဆေးဝါး သုံးစွဲခဲ့သည့် အနုပညာရှင်များအား ၂၀၀၈ ခုနှစ်က ရန်ကုန်တိုင်း မူးယစ်ရဲတပ်ဖွဲ့က စစ်ဆေးခဲ့သည့်ဖြစ်စဉ်မှာ ဟုတ်မှန်ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ် မှုခင်းအထူးအဖွဲ့မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြုပြောကြားပြီး ထိုစဉ်က ပြည်ထဲရေးဝန်ကြီးဌာနက အရေးမယူခဲ့ဘဲ ယဉ်ကျေးမှုဝန်ကြီးဌာနကသာ ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် အနုပညာရှင်များအား ခေါ်ယူသတိပေးမှု ပြုလုပ်ခဲ့ကြောင်း ပြောသည်။

““ရန်ကုန်တိုင်းမူးယစ်အဖွဲ့က ပြည်ထဲရေးဝန်ကြီးဌာနရုံး (ရန်ကင်း)မှာ ဖြစ်စဉ်မှာ ပါခဲ့တဲ့ အနုပညာရှင်တွေကို ခေါ်ပြီး စစ်ဆေးခဲ့တာ။ အသေးစိတ်အချက်အလက်တော့ ဦးတို့အနေနဲ့ ပြောလို့မရပါဘူး။ မူးယစ်ဆေးသုံးစွဲတယ်ဆိုတဲ့ အနုပညာရှင်တွေကိုတော့ ယဉ်ကျေးမှုဝန်ကြီးဌာနက ခေါ်ပြီးသတိပေးတယ်လို့ သိရပါတယ်””ဟု အဆိုပါရဲအရာရှိက ပြောသည်။

Moe Zay Nyein ဟူသော အကောင့်အမည်ဖြင့် အင်တာနက်သုံးစွဲသူတစ်ဦးက နိုင်ငံကျော်အနုပညာရှင်များဖြစ်သည့် စိုးမြတ်သူဇာ၊ န၀ရတ်တို့၏ ရန်ကုန်အရှေ့မူးယစ်အထူးအဖွဲ့ စစ်ဆေးချက်ကို အစစ်ခံချက်ပုံစံဖြင့် နိုဝင်ဘာ ၃၀ ရက်မှ စတင်ကာ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာပေါ် တင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ဧပြီ ၃၀ ရက်က စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း အဆိုပါအကောင့်ပိုင်ရှင်က ရေးသားထားပြီး ယင်းဖြစ်စဉ်မှာ အမှန်တကယ် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မှုခင်းရဲတပ်ဖွဲ့(နေပြည်တော်)မှ ရဲအရာရှိကြီးတစ်ဦးက အတည်ပြု ပြောကြားခဲ့သည်။

Moe Zay Nyein အကောင့်ပိုင်ရှင်က စိတ်ကြွရူးသွပ်ဆေးဝါးများ သုံးစွဲခဲ့သည့် အနုပညာရှင်များဖြစ်သော စိုးမြတ်သူဇာနှင့် န၀ရတ်တို့အပြင် နာမည်ကြီး အနုပညာရှင်သုံးဆယ်ကျော်ကိုပါ နာမည်နှင့်တကွ ဖော်ပြထားခြင်း ဖြစ်သည်။ ၂၀၀၈ ခုနှစ်က ဖြစ်ပေါ်ခဲ့သည့် အဆိုပါဖြစ်စဉ်တွင် အစိုးရအရာရှိကြီးအချို့၏ သားသမီးများနှင့် ဆွေမျိုးသားချင်းများ ပါဝင်ခဲ့သောကြောင့် အစိုးရက ထိထိရောက်ရောက် အရေးမယူခဲ့ခြင်းဖြစ်ကြောင်း ဆက်လက်ရေးသားထားသည်ကို တွေ့ရသည်။
““အနုပညာရှင်အချင်းချင်းလည်းရောင်းတယ်။ အပြင်ကလူတွေလည်း နာမည်ကြီးတစ်ယောက်နဲ့ ချိတ်ထားရင် သူနဲ့ဆက်စပ်တဲ့သူတွေနဲ့ ချိတ်မိသွားပြီး အရောင်းအ၀ယ်တွေ ဖြစ်ကြတယ်။ ဒီလူတွေကို အာဏာပိုင်တွေက အရေးယူတယ်။ လာစစ်တယ်လို့ မကြားဖူးဘူး။ သူတို့ဟာ အင်မတန်လွတ်လပ်စွာနဲ့ လုပ်ချင်ရာလုပ်နိုင်နေကြတယ်”” ဟု အမည်မဖော်လိုသူ နာမည်ကြီး ရုပ်ရှင်ဒါရိုက်တာတစ်ဦးကလည်း အနုပညာရှင်များ မူးယစ်ဆေးသုံးစွဲခြင်းနှင့် ပတ်သက်၍ ပြောသည်။

ရန်ကုန်မြို့ပေါ်တွင် ဘိန်းကို အလွယ်တကူ ၀ယ်ယူရရှိနိုင်သည့် ၁၉၉၈ ခုနှစ်နောက်ပိုင်း မူးယစ်ဆေးဝါးသုံးစွဲသည့် အနုပညာရှင် အများစုမှာ ရောင်းဝယ်ဖောက်ကားမှုတွင် ပါဝင်ပတ်သက်မှု မရှိသလောက်နည်းပါးခဲ့ကြောင်း ယင်းကာလကို ဖြတ်သန်းခဲ့သည့် ရုပ်ရှင်ဒါရိုက်တာ ၀ိုင်းက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြောကြားခဲ့သည်။
““တချို့ရုပ်ရှင်ထုတ်လုပ်ရေးတိုက်တွေမှာ စိတ်ကြွဆေးတွေကို ဧည့်ခန်းမှာ ပန်းကန်နဲ့ချထားပြီး ဧည့်ခံနေတာ။ မကင်းနိုင်တဲ့သူအများစုက အ၀င်အထွက်လုပ်တော့ လူစည်တယ်။ ရိုက်ကွင်းမှာဆိုလည်း မင်းသား၊ မင်းသမီးကို ဆေးဝယ်ပေးချင်တဲ့၊ ဆေးသယ်ပေးချင်တဲ့လူတွေကို တစ်ပုံကြီး။ ပွဲတော်ကြီးလိုဖြစ်နေတာ”” ဟု အမည်မဖော်လိုသည့် ရုပ်ရှင်ဒါရိုက်တာတစ်ဦးက သူ၏အတွေ့အကြုံကို ပြောသည်။

နာမည်ကြီး အနုပညာရှင်များထဲတွင် မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် ၂၀၁၃ ခုနှစ်အတွင်း ရုပ်ရှင်သရုပ်ဆောင် ရဲတိုက်၊ ဘုန်းလျှံနှင့် အဆိုတော် Dဖြိုးတို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

7day Daily


ရန်ကုန်၊ ဒီဇင်ဘာ ၁

လုပ်သား ကိုယ်စားလှယ်များ အလုပ်မထုတ်ရန် အပါအဝင် စာချုပ်ပါ အချက်အချို့ကို အလုပ်ရှင်က ချိုးဖောက်သည်ဟုဆိုကာ ရန်ကုန်မြို့တော် လှိုင်သာယာ စက်မှုဇုန် အပိုင်း (၄) ရှိ North Shore အထည်ချုပ်စက်ရုံမှ လုပ်သား ၁၀၀ ကျော် နိုဝင်ဘာလ ၂၉ ရက်နေ့မှစတင်ကာ ယင်းစက်ရုံ၌ ဆန္ဒပြ တောင်းဆိုနေကြကြောင်း လုပ်သား ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဦးအောင်သူရက ပြောကြားသည်။

အဆိုပါ စက်ရုံတွင် လုပ်ခ တိုးမြှင့်ရေး အပါအဝင် အချက် ခုနစ်ချက်ကို နိုဝင်ဘာလ ၁ ရက်နေ့ကလည်း ဆန္ဒပြ တောင်းဆိုခဲ့ကြပြီး နိုဝင်ဘာလ ၄ ရက်နေ့တွင် အလုပ်ရှင်နှင့် လုပ်သားများအကြား ညှိနှိုင်းမှုများကြောင့် အချက်ခုနစ်ချက်လုံး သဘောတူညီကာ ပြေလည်မှု ရရှိခဲ့သော်လည်း အလုပ်ရှင်ဘက်က ယင်းစာချုပ်ပါ အချက်ခုနစ်ချက်အနက် ဆန္ဒပြ လုပ်သားများကို အလုပ်မထုတ်ရန်၊ လုပ်သားများ သဘောတူညီချက်ဖြင့်သာ အချိန်ပို ခိုင်းစေရန်၊ လုပ်သားများကို ခွဲခြားမဆက်ဆံရန် အချက်သုံးချက်ကို ချိုးဖောက်သဖြင့် ယခုကဲ့သို့ ထပ်မံဆန္ဒပြခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

နိုဝင်ဘာလက ဆန္ဒပြမှုတွင် ပါဝင်ခဲ့သည့် လုပ်သားကိုယ်စားလှယ် သုံးဦးမှာ အလုပ်ထုတ်ခံ ထားရကြောင်း လုပ်သားများထံမှ သိရှိရသည်။

လုပ်သားများ ဆန္ဒပြ တောင်းဆိုရသည့် အကြောင်းအရင်းများကို ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း၊ စက်ရုံကလည်း လုပ်သားများအတွက် ပြည့်ပြည့်စုံစုံ လုပ်ဆောင် ပေးထားကြောင်း North Shore စက်ရုံမှ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားသည်။

North Shore အထည်ချုပ် စက်ရုံတွင် လုပ်သား ၁၀၀၀ ကျော် ရှိသည့်အနက် လုပ်သား ၁၀၀ ကျော် ဆန္ဒပြ တောင်းဆိုနေကြခြင်း ဖြစ်သည်။

The Voice Weekly

ဒီဇင်ဘာ ၂

မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းအား ဆက်သွယ်ဖောက်လုပ်ထားရှိသည့် ဧရာဝတီမြစ်ကူး ရတနာပုံ တံတားကြီးပေါ်တွင် တံ တားလုံခြုံရေးတာဝန်ကျ ရဲဝန်ထမ်းတစ်ဦး ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည့်အတွက် စစ်ကိုင်းမြို့မရဲစခန်းက ယခုလ ၁ ရက်နေ့ ည ၁၁ နာရီ ခွဲ အချိန်တွင် အမှုရေးဖွင့်ခဲ့ရကြောင်း စစ်ကိုင်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးရှိ ရဲတပ်ဖွဲ့ဝင်တစ်ဦးမှ မဇ္ဈိမ သို့ ပြောသည်။

တံတားလုံခြုံရေး ရဲဝန်ထမ်းတစ်ဦး မန္တလေးဘက်မှ မောင်းနင်းလာသည့် ဂျာလင်းဒို ဆိုင်ကယ် အမျိုးအစား ယာဉ်အမှတ် ၂၀ယ/ ၃၀၉၉၀ သည် အရှိန်မထိန်းနိုင်ဘဲ တံတားသံဘောင်အား ၀င်ရောက်တိုက်မိရာ မျက်နှာ၊နဖူး၊ ဦးခေါင်းအက်ကွဲ( မျက်နှာ တခြမ်းက တံတားပေါ်မှာပဲ့ကျကျန်ခဲ့ခြင်းဖြစ်တယ်)ဒဏ်ရာများဖြင့် ထိုနေရာတွင်သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း တံတားအသုံးပြုခ ကောက်ခံရေး ဂိတ်စခန်းမှ ပြောသည်။

သေဆုံးသူ ရဲဝန်ထမ်းမှာ ယခင် ဧရာဝတီ မြစ်ကူး အင်းဝ တံတားကြီး၏ မန္တလေးဘက်အခြမ်း တံတာလုံခြုံရေး တာဝန်ထမ်း ဆောင်နေသူ ကိုယ်ပိုင်အမှတ် လ/ ၂၃၆၁၆၂ ရဲတပ်သား ကျော်သူရ အသက်(၂၃) နှစ်ဆိုသူဖြစ်ပြီး မန္တလေးတိုင်း အမရပူရ ရဲစခန်တွင်နေထိုင်သူတစ်ဦးဖြစ်ကြောင်း စစ်ကိုင်းမြို့မရဲစခန်း၏ ယာဉ်တိုက်မှု မှုခင်းမှတ်တမ်းများတွင် ဖော်ပြထားသည်ဟု ၎င်းရဲစခန်းက မဇ္ဈိမ သို့ အတည်ပြုပြောသည်။

၎င်း မှတ်တမ်းများတွင် သေဆုံးသူရဲဝန်ထမ်းအား စစ်ကိုင်းမြို့မရဲစခန်းက ယာဉ်(ပ) ၉၄/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၄(က) အရ အမှု ရေးဖွင့်ထားကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်အနည်းခန့်က နိုဝင်ဘာ ၃၀ ရက်နေ့က နေပြည်တော်၊ မန္တလေး အမြန်လမ်းမကြီး မိုင်တိုင်အမှတ် ၃၃၃/၄နှင့် ၃၃၃/၅ အကြားနေရာတွင် ယာဉ်အရှိန်မထိန်းနိုင်သည့်အတွက် ရဲဝန်ထမ်းများလိုက်ပါသည့် ဂျစ်ကားတစ်စီး တိမ်းမှောက်ခဲ့ရာ ရဲဝန်ထမ်းတစ်ဦးသေဆုံးခဲ့ပြီး ရဲသုံးဦး အပြင်းအထန်ဒဏ်ရားများရရှိခဲ့ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။ ထိုမျှမ က စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော် ဥက္ကဌ ၏ နေအိမ်ကားအား လိုက်ပါမောင်းနင်းပေးသူ စစ်ကိုင်းတိုင်း ရဲတပ်ဖွဲ့ရုံးမှ ဒုရဲအုပ် လင်းထက်ဦး ဆိုသူသည် အောက်တိုဘာလ နောက်ဆုံးသီးတင်းပတ်ခန့်က ၎င်းမောင်းနှင်လာသည့်ယာဉ်သည် လမ်းဘေးတမာပင်အား ၀င်ရောက်တိုက်မိခဲ့သည့်အတွက် သေဆုံးခဲ့ရသည့်ဖြစ်စဉ်များလည်းရှိခဲ့ကြောင်း သတင်းမှတ်တမ်း များအရသိရှိရသည်။

သတင်း၊ ကိုတိုးကြီး (မဇ္ဈိမ)

Friday, November 29, 2013



လက်ပံတန်း၊ နိုဝင်ဘာ ၂၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ဘီးလင်း တန်း ရပ်ကွက်၊ ပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော် ကြီး ကျောင်း တိုက်(သက်တော်ရှည်)၊ သက်တော် (၁၀၄)နှစ်ရှိ ဆရာတော်ကြီး ဘဒ္ဒန္တသြဘာသ၏ ကျောင်းတိုက်တော်ကြီးသို့ ၂၁-၁၁-၂၀၁၃နေ့ ညနေ (၆း၁၅)နာရီခန့်က လုံးပတ်(၁၀)လက်မ၊ အရှည် (၈)ပေရှိ စပါးကြီး မြွေမကြီးတစ်ကောင် မထင်မှတ်ဘဲ ရောက်ရှိ လာခဲ့သည်။

သမိုင်းဖြစ်စဉ်မှာ ယခုပေါက်ကုန်း၊ ဆင်ဖြူတော် ဘုန်းတော်ကြီး ကျောင်းတိုက်ကြီး၏ လက်ရှိဆရာတော် သက်တော်(၁၀၄)နှစ်ရှိ ဆရာတော် ဘဒ္ဒန္တသြဘာသနှင့် အတူ ရန်ကုန်တိုင်း ဒေသကြီးရှိ အာလိန် ငါးဆင့် ဆေးဝင်္ကပါ ဆရာတော် ဦးသူရိယ၏ အောင်မြေကျောင်း တိုက်တစ်ခုဖြစ်ခဲ့ပါသည်။ ၎င်း ကျောင်းတိုက် တော်ကြီးအား သက်တော်ရှည် မေတ္တာဝါဒီ ဆရာတော် ဘုရားကြီးနှင့်အတူ ဆေးဝင်္ကပါ ဆရာတော် ဘုရားကြီးတို့ (၂)ပါးက ပေါက်ကုန်း၊ ဆင်ဖြူတော်ကျောင်း တိုက်အား တည်ထောင်တော် မူခဲ့သည်။

၂၁-၁၁-၂၀၁၃နေ့ ညနေ ၆း၁၅ နာရီခန့်တွင် နေအိမ်၌ မိသားစုနှင့်အတူ ရှိနေစဉ် နတ်လမ်းပေါ်၌ သာသနာပြု စပါးကြီးမြွေကြီး ကို ကျောင်းသားများ တွေ့ရှိ၍ အုတ်အော်သောင်းတင်း အသံများကို ကြားသောအခါ ကိုရွှေကျီးသည် အိမ်မှကျောင်းဝင်း အတွင်းသို့ လာစဉ်တွေ့ရှိပြီး ၎င်းကိုယ်တိုင် ဦးခေါင်းပိုင်းမှ ကိုင်ပြီး အခြားလူ ၃ ဦးဖြင့် မြွေကြီးအား မယကာ ကျောင်းတော် ကြီး၏အောက်ဘက်၌ ထိန်းသိမ်း စောင့်ရှောက်ထားပြီး သက်တော် ရှည်ဆရာတော် ဘုရားကြီးက ၎င်းသည် သာသနာပြုရန် လာတာဖြစ်တယ်။ မသတ်ရန်နှင့် မြွေကြီးအား ယခု ကျောင်း ထိုင်ဆရာတော်က မေတ္တာသုတ်၊ ပဋ္ဌာန်းဒေသနာ တော်များကို နံနက်၊ ညနေ ရွတ် ဖတ်ပူဇော်သည့်အခါ နာယူမှုပြု လုပ်ပါသည်။ ၎င်းသာသနာပြု စပါးကြီး မြွေမကြီးအား အထူးအဆန်း သဖွယ် မြို့ပေါ်နှင့် မြို့နီးချုပ်စပ်မှ လာရောက်ကြည့်ရှုသူများ နေ့ည (၁၀၀၀)ကျော်ခန့်ဖြင့် စည်ကား လျက်ရှိပါသည်။

လက်ပံတန်းသား

Myanmartandawsint Newspaper

ထိုင်း- မြန်မာနယ်စပ်မဲဆောက်မြို့တွင်အသက်၁၂နှစ်အရွယ် မြန်မာရွှေ့ ပြောင်းကျောင်းသူလေး နှစ်ဦးအား သွေးဆောင် ဖြားယောင်ခြိမ်း ခြောက်ပြီး သားမယားပြုကျင့်ခဲ့ သောအမှု တစ်ခု ပေါ်ပေါက်ခဲ့ ကြောင်း သိရ သည်။ ပြစ်မှုကျူးလွန် သူမှာ စော ဒေးဗစ်ခေါ် ဒေးဗစ်မင်းနိုင်ဖြစ်ပြီး မိဘမဲ့ကလေးများအတွက် ဖွင့်လှစ် ထားသည့် အာကာဘေကျောင်းကို စတင်တည်ထောင်ခဲ့သူဖြစ်ပြီး လက် ရှိတွင် အာကာဘေကျောင်း၏ ကျောင်းအုပ်ဖြစ်ကြောင်း သိရ သည်။

အမှုဖြစ်ပွားပုံ မှာ စောဒေး ဗစ်က ညစဉ်ညတိုင်း အဆောင်နေ ကျောင်းသူလေးများကို အလှည့် ကျခေါ်ပြီး မိမိအား နှိပ်နယ်ပေး ရန် ခေါ်ယူရာမှ ယခုပြစ်မှုကို ကျူး လွန်ခဲ့ကြောင်း၊ လွန်ခဲ့သော တစ် နှစ်ကတည်းက ကျောင်းသူများ အပေါ် အကြောက် တရားဖြင့် လွှမ်းမိုးထားပြီး မိဘမဲ့ကလေးဖြစ် သည်ကို အခွင့်ကောင်းယူကာ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခု အမှု ပေါ်ပေါက် လာရခြင်းမှာ ကျူးလွန်ခံရသူကျောင်းသူမှတစ် ဆင့် သိရှိရခြင်းဖြစ်ပြီး ကျူးလွန် ခံရသူ ကျောင်းသူ နှစ်ဦးအား ဆေး စစ်ချက်ရယူ အတည်ပြုနိုင်ခဲ့ပြီဖြစ် ကြောင်း၊ အဆိုပါဆေးစစ်ချက်နှင့် ကျူးလွန်ခံရသူ ကျောင်းသူနှစ်ဦး အား သက်သေပြုပြီး မဲဆောက် အခြေစိုက် ကလေးအခွင့်အရေး ကာကွယ်စောင့်ရှောက်မှုကော် မတီမှ မဲဆောက်မြို့နယ် ရဲစခန်း တွင် တရားလိုပြုပြီး အမှုဖွင့် တိုင် ကြားထားပြီဖြစ်ကြောင်း သိရ သည်။

ယခုအခါ တရားခံဖြစ်သူ စောဒေးဗစ်မှာ မြန်မာပြည်တွင်း သို့ ထွက်ပြေးတိမ်းရှောင်သွားသော ကြောင့် ထိုင်းမှုခင်းရဲမှ ဖမ်းဝရမ်း ထုတ်ထားပြီဖြစ်ကြောင်း၊ မြန်မာ ပြည်တွင်းသို့ ထွက်ပြေးတိမ်းရှောင် သူ တရားခံ စောဒေးဗစ်နှင့်အတူ ဇနီးနှင့် အသက် ငါးနှစ် ခန့်ရှိ သမီး တစ်ဦးပါသွားကြောင်း သိရသည်။ အာကာဘေကျောင်းကို ၂၀၀၆ ခုနှစ်တွင် ယခုပြစ်မှုကျူးလွန် သူကျောင်းအုပ်ဆရာ ဒေးဗစ်မင်းနိုင် မှ ဦးဆောင်၍ ဖွင့်လှစ်ခဲ့ကြောင်း၊ တက်ရောက်နေကြသော ကျောင်း သားအများ စုမှာ မဲဆောက်နှင့် မြဝတီကြား သောင်ရင်းမြစ် လယ်ရှိ ရေလယ်ကျွန်းမှဖြစ်ပြီး သောင်ရင်း မြစ်ကမ်းဘေး တစ်လျှောက်နေ ထိုင်ကြသော အိမ်ခြေရာမဲ့ကလေး အများစုဖြစ်ကြောင်း၊ လက်ရှိ ကျောင်းသားဦးရေမှာ ၂ဝဝကျော် ရှိပြီး အဆောင်နေ ကျောင်းသား ၁ဝဝနီးပါးရှိကြောင်း၊ အဆောင် နေ တချို့ကလေးအများစုမှာ မိဘမဲ့များဖြစ်ပြီး ယခင်က တံတား ပတ်ဝန်းကျင်နှင့် ရေလယ်ကျွန်း တစ်ဝိုက်တွင် ဖြစ်သလို နေထိုင် ကြပြီး မိမိတို့ရရာအလုပ်ကို လုပ် ကိုင်ကြရသူများဖြစ်ကြောင်း သိရ သည်။

မွန်ကြီး
The Yangon Times


ရန်ကုန်၊ နိုဝင်ဘာ ၂၈

ဆယ်စုနှစ်နှစ်ခုနီးပါး နေအိမ် အကျယ်ချုပ်နှင့် ကန့်သတ် ဖိနှိပ်မှုများအောက် နေထိုင်ခဲ့ရသော်လည်း တပ်မတော်အစိုးရ၏ လုပ်ရပ်များအပေါ်၌ ပြန်လည် လက်စားချေလိုစိတ် မရှိကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

(၂၅) ကြိမ်မြောက် ကမ္ဘာ့ AIDS နေ့ အခမ်းအနားသို့ တက်ရောက်ရန် သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် Australia Network News တို့ တွေ့ဆုံခန်းတွင် အထက်ပါအတိုင်း ပြောဆိုခြင်း ဖြစ်သည်။

ယခင်အစိုးရက နှစ်ပေါင်း ၁၅ နှစ်အကြာ နေအိမ် အကျယ်ချုပ်၌ ချထားခဲ့သည်မှာ မှန်သော်လည်း ယင်းကာလများအတွင်း လုံခြုံရေးတပ်ဖွဲ့ အပါအဝင် တွေ့ဆုံခဲ့သည့် အစိုးရ ကိုယ်စားလှယ် အားလုံးမှာ သူမအပေါ် လေးလေးစားစား ကောင်းကောင်းမွန်မွန်ပင် ဆက်ဆံခဲ့ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။
“ဒါပေမဲ့ စစ်အစိုးရရဲ့ လက်အောက်မှာ ဘဝအချို့ဟာ တကယ်ပဲ အတိဒုက္ခ ရောက်ခဲ့ကြတယ်။ အဲဒီအတွက် အရင်အစိုးရရဲ့ လုပ်ရပ်တွေအပေါ် ခွင့်လွှတ်ဖို့ အရမ်းကို ခက်ခဲနေမယ့်သူ အချို့တော့ ရှိမှာပေါ့။ ဒါကိုလည်း နားလည် ပေးနိုင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဖွင့်ဟသည်။

၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး အကြိမ်ကြိမ် အကျဉ်းကျခံခဲ့ရကာ အကျဉ်းထောင်အတွင်း ဖိနှိပ် ခံခဲ့ရမှုများကို ခွင့်လွှတ်နိုင်သော်လည်း မေ့ပစ်နိုင်မည် မဟုတ်ကြောင်း ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမင်းကိုနိုင်က ၂၀၁၂ ခုနှစ်အတွင်း အကျဉ်းထောင်မှ နောက်ဆုံး ပြန်လည် လွတ်မြောက်ပြီးနောက် ပြောဆိုထားသည်။

ဖိနှိပ်မှုများအပေါ် ခွင့်မလွှတ်နိုင်သူ များကို နားလည် ပေးနိုင်သော်လည်း အမြင်ကျယ်ဖို့ အချိန်တန်ပြီ ဖြစ်ကြောင်း၊ ရန်ကိုရန်ချင်း တုံ့ပြန်နေမည် ဆိုပါက အနာဂတ် နိုင်ငံတော် တည်ဆောက်ရေးကို အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း ပြောကြားသည်။

မြန်မာနိုင်ငံတွင် ပြည်တွင်း ငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး လုပ်ငန်းများအတွက် အရေးကြီးသည့် နှစ်ကာလ အပိုင်းအခြားကို ရောက်ရှိနေပြီ ဖြစ်ပြီး မြန်မာနိုင်ငံ၏ အပြောင်းအလဲများ ရှေ့ဆက်ရန်နှင့် ဒီမိုကရေစီစနစ် အောင်မြင်စွာ ကျင့်သုံးနိုင်ရန် အခြေခံအကျဆုံး ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို မဖြစ်မနေ ပြင်ဆင်ရမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောဆိုသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ၁၉၈၈ ခုနှစ် စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့သော်လည်း တပ်မတော်အစိုးရက အာဏာမလွှဲပေးခဲ့ပေ။

ယင်းနောက် နှစ်ပေါင်း ၂၀ အကြာ ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပသော ရွေးကောက်ပွဲကို NLD က သပိတ်မှောက်ခဲ့ပြီး ၂၀၁၂ ကြားဖြတ် ရွေးကောက်ပွဲကို တရားဥပဒေ စိုးမိုးရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေ ပြင်ဆင်ရေး ကတိကဝတ်များဖြင့် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။

The Voice Weekly

Thursday, November 28, 2013


ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “နိုင်သူ့ မျက်ရည်” ဇာတ်ကားကို ခိုင်သင်းကြည်က ညီထွဋ်ခေါင်၊ ရာဇာနေဝင်း၊ ပြေဇင် တို့နဲ့ အတူ ရိုက်ကူးနေ ပါတယ်။ ဒီ... ဇာတ်ကား ထဲမှာ ခိုင်သင်း ကြည်က ပြေဇင်ရဲ့ ညီမအဖြစ် သရုပ်ဆောင် ထားပါတယ်။ ဒီဇာတ်ကားလေး က အချစ် အပျော် ဇာတ်ကားလေး ဖြစ်ပါတယ်။

ခိုင်သင်းကြည် အနုပညာ အလုပ် စလုပ်ကတည်းက ပရိုဂျူဆာ ၊ဒါရိုက်တာတွေ ပေးတဲ့ ဇာတ်ကိုပဲ လက်ခံ ရိုက်ကူးခဲ့ တာဖြစ်ပြီး ကိုယ်ရိုက်ခဲ့တဲ့ ဇာတ်ကားလေးတွေ ပရိသတ်ဆီ မှာစွဲ ထင်ပြီး ကျန်ခဲ့တာက ပရိုဂျူဆာ၊ ဒါရိုက်တာတွေကြောင့် လို့ဆိုပါတယ်။

“အစ်မ ကတော့ ဇာတ်တွေကို ရိုက်တဲ့အခါမှာ ကိုယ်တိုင်တော့ မရွေး ချယ် ဖြစ်ပါဘူး။ ကိုယ့်ဆီလာတဲ့ ဇာတ်ကိုပဲ ရိုက်ဖြစ်တယ်။ ဒါ ရိုက်တာနဲ့ ပရိုဂျူဆာတွေ ကလည်း ကိုယ်နဲ့ လိုက်တဲ့ ဇာတ်တွေကို ပဲပေးတယ်။ အဲဒီအတွက် အဆင် လည်းပြေတယ်။ “ရက်ပါရွှေရိုး” တို့၊ “မော်ဒယ်ဗွေး တုတ်” ဇာတ်တွေ ဆိုလည်း ပရိုဂျူဆာကြောင့်ပဲ ရိုက်ဖြစ်တယ်။ ဇာတ်ကားလေး ကလည်း ပရိသတ် ကြိုက်ပြီး လက်ခံ သွားတော့ သူတို့ရဲ့အမြင်ကြောင့် လို့ပြောလို့ ရတယ်။ အစ်မကတော့ ကိုယ့်ကို လာပေး တဲ့ ဇာတ်ပေါ် မူတည်ပြီး အကောင်းဆုံး သရုပ်ဆောင် ဖြစ်တယ်။

မပုကျွတ် ကာရိုက်တာ မှာ သရုပ်ဆောင်ပြီး ရိုက်တဲ့ အခါ မှာလည်း ဦးစင်ရော်မောင်မောင် ရိုက်တဲ့ နိုင် ငံ တော် ကား လည်း ဖြစ်တယ်။ အဲဒီ အချိန်တုန်းက ဆိုရင် အစ်မက ရုပ်ရှင် ဗီဒီယိုတွေ လုံးဝ မရိုက်ဖြစ် သေးတဲ့ အချိန်မှာ ရိုက်ခွင့် ရလို့ ရိုက်ဖြစ်လိုက်တယ်။ အစ်မ အိမ်က လည်း အစ်မကို အပြင် ဇာတ်ကား တွေ ပေး မရိုက်သေးတော့ ဒီနိုင်ငံ တော် ဇာတ်ကား မှာ မပုကျွတ် ကာရိုက် တာလေး နဲ့စပြီး ရိုက်ဖြစ်သွားတယ်။ မထင်မှတ်ဘဲ ဇာတ်ကားလေး ကလည်း ပရိသတ် တော်တော် ကြိုက်သွား တယ်။ အစ်မ ကိုလည်း ပရိသတ်တွေ က ပိုပြီး သိသွားတယ်။ မပုကျွတ်က အစ်မနဲ့ လိုက်တဲ့ ပုံစံလေး လည်း ဖြစ် သွားတော့ ပရိသတ်တွေရဲ့ ပါးစပ်ဖျား မှာလည်း စွဲသွားတယ်။ မပုကျွတ် ဆို အခု အချိန်ထိ ပရိသတ်တွေဆီမှာ စွဲနေကြ သေးတယ် လို့ထင်တယ်။ အစ်မ အ တွက် မပုကျွတ် ကအမှတ်တရ ဇာတ်ရုပ် လို့ပြောလို့ရတယ်” လို့ ဆိုပါတယ်။

လွင်လွင်ထွန်း
Popular Journal


အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ရွှေမှုန်ရတီကို သူမရဲ့ အသားအရေထိန်းသိမ်းမှု၊ အလှအပပိုင်းဆိုင်ရာတွေအပြင် ဖက်ရှင်အကြောင်း မေးကြည့်တဲ့အခါ ‘အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီး သိပ်မလုပ်ဖြစ်ဘူး။ Body Treatment လောက်ပဲလုပ်ဖြစ်တယ်။ လုပ်ဖြစ်ရင်တော့ Spice Girl ပဲအမြဲသွားဖြစ်တယ်။’လို့ သူမကပြောပါတယ်။ သုံးနေတဲ့ အလှကုန်တွေနဲ့ ပတ်သက်ပြီးတော့ သူမက ‘ ရွှေမှုန်လောလောဆယ် မျက်နှာသစ်ဆေးတောင် မသုံးဘူး။ ဒါပေမဲ့ Dior က ထုတ်တဲ့ မျက်နှာလိမ်းဆေးတစ်မျိုးတော့ လိမ်းဖြစ်တယ်။ လိုးရှင်းကတော့ Victoria Secret သုံးတယ်။ အသားအရေအတွက် အသီးအနှံတွေလဲစားဖြစ်တယ်’တဲ့။ ဖက်ရှင်ပိုင်းကလည်း အနုပညာရှင်တွေအတွက် အရေးပါတာမို့ မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘Free Style ပေါ့။ ဇာတ်ကားထဲမှာကျတော့ ဇာတ်လမ်းရပြီဆိုရင် ဒါရိုက်တာကိုမေးတယ်။ ကိုယ်လှဖို့မလိုဘူး။ ကာရိုက်တာဝင်ဖို့ပဲလိုပါတယ်။’လို့ သူမက ပြောသွားပါတယ်။

Trend Myanmar


ရန်ကုန်၊ နိုဝင်ဘာ ၂၆

၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှ ...
တဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်။

“ အကယ်ဒမီရထားတဲ့ အနုပညာသမားအနေနဲ့ ဒါမျိုးလုံးဝ မလုပ်သင့်ဘူးလို့ ထင်တယ်။ ခင်ဗျားရဲ့ နောက်ကွယ်မှာ
ခင်ဗျားကို အစဉ်တစ်စိုက် အားပေးနေတဲ့ ပရိသတ်ရှိ နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ခင်ဗျားကို လေးစား ပါလို့ပဲ ပြောချင်ပါတယ်” ဟု ဖေ့ဘွတ်သုံးစွဲသူ ကိုမိုးလုံးဟိန်းက အကယ်ဒမီ နောင်နောင်၏ Status အောက်တွင် ခပ်ကြမ်းကြမ်း မှတ်ချက်ပြုထားသည်။

ဘယ်သူရိုင်းရိုင်း၊ ကိုယ်ရိုင်းရန်မသင့်လျော်ကြောင်း သူများ အမှားမှ ကိုယ့်အမှားဖြစ်လိမ့်မည်ဟုလည်းကောင်း သည်းခံ နိုင်ရန် ကြိုးစား သင့်ကြောင်း လူမှုကွန်ရက်တွင် ကိုကျော်ဝင်း ထွန်းက ပြောထားသည်။

“နိုင်ငံကျော် အကယ်ဒမီမင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငှဲ့ကွက်ပြီး သူငယ်ချင်း၊ မိတ်ဆွေအပေါင်း အသင်းတွေကို ခင်မင် လေးစား သောအားဖြင့် ဒီစာကို အချိန်မှီ ပြန်ဖျက်သင့်တယ်”ဟု ကိုထွန်းစိုးက မှတ်ချက်ပြုထားသည်။

ဖေ့ဘွတ်သုံးစွဲသူအများစုမှာ အကယ်ဒမီနောင်နောင်၏ Status နှင့်ပတ်သက်ပြီး အဟက်ခံရခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးလျက်ရှိသည်။

“အားလုံး ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကိုနောင်နောင် ဗုဒ္ဒဘာသာ မြန်မာလူမျိုးဆိုရင် ငရဲဆိုတဲ့ တန်ုပြန်သက်
ရောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ လူတွေက ကောင်းသတင်း သာ နှုတ်ဆိတ်နေရင်နေမယ် မကောင်းတာ ဆိုရင်တော့
အကိုလဲ သိမှာပါ ကျွန်တော်တို့တင် မဟုတ်ဘူး။ အားလုံး ဆိုတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အို.......
ပြောရင်းနဲ့ တောင် ကျက်သီးထလာပါတယ်ဗျာ။ တော်ပါပြီ ဒီပို့စ်က အကို ပရိတ်သတ် တစ်ယောက်ရဲ့ နောက်ဆုံး
ပို့စ်လို့ အကို သတ်မှတ်လိုက်ပါ”ဟု အမှတ်တရ အမည်ဖြင့် ဖေ့ဘွတ်သုံးစွဲသူ တစ်ဦးက ပြောဆိုထားသည်။

၎င်း၏ စာတကြောင်းကြောင့် မိဘဂုဏ် အမျိုးဂုဏ်နှင့် မန္တလေး၏ ဂုဏ်သိက္ခာကို မကျစေလိုကြောင်း ယဉ်ကျေး
တဲ့ မန္တလေးသား ဖြစ်စေလို ကြောင်း နောင်နောင်၏ လူမှု ကွန်ရက် မိတ်ဆွေ ဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

ထာဝရအလင်းတန်း ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သူ နောင်နောင်သည် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

မောင်မျိုး - People power