Thursday, February 27, 2014

ကတုံးနဲ့လူ သတိထား...




ကတုံးနဲ့လူ သတိထား...။ (တချိန်က နယ်စပ်မှာ ခေတ်စားတဲ့ ဦးအေးဆောင်စကားကို ငှားသုံးထားတာပါ)

Aljazeera သတင်းထောက်လွှတ်ပေးရေး တောင်းဆိုတဲ့ DVB အုပ်စုထဲ ကိုခင်သန်းပုံကို မြင်ရတော့ အတော် အံ့သြသွားပါတယ်။

ကိုခင်သန်းဟာ အရင်က ABSDF သုတေသနဌာနမှုး၊ DVB အတွက် ABSDF သတင်းအယ်ဒီတာအဖြစ်တာဝန်ယူနေစဉ် DVB ရုံးချုပ်ရှိရာ အော်စလိုကနေ မဲဆောက်ကိုအပြန် ၁၉၉၉ အစောပိုင်းက ပျောက်ဆုံးသွားခဲ့တာပါ။

ပျောက်စဉ်က ထောက်လှမ်းကပဲ ဖမ်းပြီး မြ၀တီကိုဆွဲသွားသလိုလို၊ ဒါမှမဟုတ် ဒီလူဟာ နဂိုကတည်းက ထောက်လှမ်းရေးဖြစ်ပြီး ABSDF နဲ့ DVB ဆီ သတင်းနှိုက်ဖို့ အတွင်းထဲအထိလာပြီး သူလျှိုလုပ်သူအဖြစ် အဲဒီကာလက ABSDF တာဝန်ရှိသူတွေကပြောခဲ့ပါတယ်။

အခုတော့ သူက DVB မှာ ၀န်ထမ်းဖြစ်နေပြီလား။ ကဲ...ABSDF တာဝန်ရှိသူတွေ၊ DVB တာဝန်ရှိသူတွေဘယ်လိုရှင်းပြမလဲ...။ တချိန်က အမှတ် ၂၀၁ တပ်ရင်း မင်းသမီးခစန်းမှာ ကိုခင်သန်းကိုတွေ့ဖူးသူတွေ၊ နောက် ABSDF ဗဟိုက ပုဂ္ဂိုလ်တွေ ဘာပြောကြမလဲ...။

မြန်မာ့ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ် တခုခုလွဲချော်နေပြီလား...။

ထက်အောင်ကျော် facebook မှ 

No comments:

Post a Comment