Monday, February 17, 2014 06:25(+0630) (လွန်ခဲ့သော 17 နာရီ ခန့်က)
““နယ်တွေမှာလည်း မဆိုဖူးပါဘူး။ နိုင်ငံခြားခရီးစဉ်အနေနဲ့လည်း ဒါက ပထမဆုံးပါ။ စိတ်လည်းလှုပ်ရှားတယ်။ အတတ်နိုင်ဆုံးတော့ ကြိုးစားမှာပါ”” ဟု အိချောပိုက ပြောသည်။
ဟေမာနေ၀င်း၊ မေဆွိ၊ ကော်နီ၊ ရှင်ဖုန်း၊ ဆုန်သင်းပါရ်တို့၏ သီချင်းဟောင်း ရှစ်ပုဒ်ခန့်ကို လေ့ကျင့်နေပြီး ပွဲတွင်သီဆိုရန်အတွက် ပြင်ဆင်နေကြောင်း အိချောပိုကပြောသည်။
ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ တွင် မတ်လလယ်ပိုင်း၌ ပြုလုပ်မည့် 7 Ladies Show တွင် အမျိုးသမီးအဆိုတော်ခြောက်ဦးနှင့်အတူ အိချောပို ဖျော်ဖြေမည်ဖြစ်သည်။ လတ်တလောတွင် ““ပန်းနုရောင်အနားသတ်မြစ်””ဗီဒီယိုဇာတ်ကား၌ ဆယ်တန်းကျောင်းသူဇာတ်ရုပ်ကို မြင့်မြတ်နှင့် တွဲဖက်သရုပ်ဆောင်နေကြောင်း ၎င်းက ပြောကြားသည်။
Author: ကြူကြူဟန်
7day Daily

No comments:
Post a Comment