Monday, December 16, 2013

အင်ဒို- မြန်မာပွဲ ၁ဂိုး၊ဂိုးမရှိဖြင့် မြန်မာရှုံးနိမ့်


ဓါတ်ပုံ - MOI Webportal Myanmar
အင်ဒိုနီးရှားအသင်းနှင့် မြန်မာအသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏဘောလုံးကွင်းတွင် ဒီဇင်ဘာလ ၁၆ရက် ညနေက ယှဉ်ပြိုင်ကစားရာ အင်ဒိုအသင်းက မြန်မာအသင်းကို ၁ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိသွားခဲ့သည်။ ပွဲစဉ် မိနစ် ၉၀အပြီး ၅မိနစ် အချိန်ပိုပေးခဲ့သော်လည်း မြန်မာအသင်းက ဂိုးမရရှိခဲ့ပေ။

မြန်မာအသင်းရှုံးနိမ့်မှုကြောင့် ပရိတ်သတ်များက ထိုင်ခုံများဖြုတ်ကာ ပစ်ပေါက်ခြင်းကြောင့် ကွင်းတောင်၊မြောက် ပွဲကြည့်စင်ရှေ့တွင် ခုံများနှင့်ပြည့်နေပြီး ပွဲချိန် မိနစ် ၉၀အကျော်တွင် ပရိတ်သတ်နှစ်ဦး ကွင်းထဲဝင်လာသဖြင့် လုံထိန်းများက အခြေအနေကို ထိန်းသိမ်းလိုက်ရသည်။

ယခုကဲ့သို့ မြန်မာအသင်းက ရမှတ် ၇မှတ်ဖြင့် ရှုံးနိမ့်မှုကြောင့် ကစားပွဲက ထွက်ရမည်ဖြစ်သည်။

အင်ဒို-မြန်မာပွဲသို့ ထိုင်း-မြန်မာပွဲ ကဲ့သို့ပင် ပရိတ်သတ်ပေါင်း ၃၀,၀၀၀ လာရောက်ကြည့်ရှုခဲ့သည်။

(မဇ္ဈိမသတင်းဌာန)

No comments:

Post a Comment