ကြည့်မြင်တိုင် စက်ဆန်းတွင်ဖြစ်ပွားခဲ့သည့် ဓားခုတ်မှုတစ်ခုတွင်
ပြစ်မှုကျူးလွန်သူလေးဦးအား မိဘများ ကိုယ်တိုင် ရဲစခန်းသို့
လာရောက်အပ်နှံခဲ့သည်ဟု စက်ဆန်းနယ်မြေရဲစခန်းမှ အမှုစစ် ဒု-ရဲအုပ် မိုးကျော် က
မဇ္ဈိမကို အောက်တိုဘာ ၂၇ ရက်က ပြောသည်။
အမှုမှာ အောက်တိုဘာ ၂၆ ရက် ည
၁၁ နာရီကျော်အချိန်က ဦးမြရပ်ကွက်၊ မြတ်သူရိန်လမ်းရှိ စံပယ်
လက်ဖက်ရည်ဆိုင်တွင် ဘောလုံးပွဲကြည့်နေသည့် လူငယ်တစ်ဦးကို
အခြားလူငယ်သုံးဦးက ချုပ်ကိုင်ပြီး ကျန်လူငယ်တစ်ဦးက
ဓားဖြင့်ခုတ်ခဲ့သည်ဆိုသော တိုင်တန်းမှုလည်း ဖြစ်သည်။
“ပြစ်မှုကျူးလွန်သူတွေကို
မိဘတွေကိုယ်တိုင် လာအပ်လို့ ဖမ်းမိထားပါပြီ။ သူတို့ မိဘတွေ အချင်းချင်း
ကလည်း မိတ်ဆွေတွေပါ။ ပြီးတော့ သူငယ်ချင်း အချင်းချင်း ဖြစ်ကြတာပါ။ ဒီအမှုကို
ဆက်လက်လည်း စစ်ဆေးနေပါတယ်” ဟု ဒု-ရဲအုပ် မိုးကျော်က ရှင်းပြသည်။
ထို့ပြင်
ဓားဖြင့်ခုတ်သည်ဆိုသော်လည်း ပြစ်မှုကျူးလွန်စဉ် အသုံးပြုသောဓားမှာ
ခဲတံချွန်ရာတွင် အသုံးပြု သော တွန်းထုတ်ရသည့် အဆစ်ပါဓားသာဖြစ်ပြီး
အရိုးအသွား ၆ ဒသမ ၇ လက်မရှိသော ဓားသာဖြစ် သည်ဟု ၎င်းကဆိုသည်။
အမှုမှာ
ဘောလုံးပွဲကြည့်နေသည့် သန်းစိုးအောင်(၂၀)နှစ်အား တစ်ရပ်ကွက်တည်းနေ
ဌေးငယ်ဦး၊ မင်း ခန့်(၂၇)နှစ်၊ ကြည်စိုး၊ သီဟတို့က လွန်ခဲ့သောတစ်ပတ်ခန့်က
စကားများပြီး ဆဲဆိုခဲ့သည့်အတွက် ပြန် လည်တောင်းပန်ခိုင်းခြင်းဖြစ်သည်။
ထို့ကြောင့်
ထပ်မံစကားများရန်ဖြစ်ကြရာမှ သန်းစိုးအောင်အား မင်းခန့်၊ ကြည်စိုး၊
သီဟတို့က ချုပ်ကိုင် ပေးပြီး ဌေးငယ်ဦးက ဓားဖြင့် ခုတ်ခဲ့သည့်ဟု
ကာယကံရှင်ဘက်က ကနဦးအနေဖြင့် တိုင်တန်းခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်
သန်းစိုးအောင်တွင် ယာလက်ပြတ်ရှ၊ ရင်အံပြတ်ရှ၊
လည်ပင်းပြတ်ရှဒဏ်ရာများရရှိခဲ့ကာ ရန် ကုန်ဆေးရုံကြီးတွင် အတွင်းလူနာ
(စိုးရိမ်ရ) အဖြစ် တင်ပို့ကုသခဲ့ရသည်ဟုလည်း ရဲစခန်းက ကနဦး အနေဖြင့်
ထည့်သွင်းဖော်ပြခဲ့ခြင်းလည်းဖြစ်သည်။
“လူနာကလည်း
စိုးရိမ်စရာမရှိတော့ပါဘူး။ နည်းနည်းပါးပါး ချုပ်ရတာပဲရှိပါတယ်။ ခွဲရစိပ်ရတာ
မရှိခဲ့ပါ ဘူး” ဟု ဒု-ရဲအုပ်မိုးကျော်က အတည်ပြုပြောခဲ့သည်။
အဆိုပါအမှုကို
ကာယကံရှင်မိဘဖြစ်သူ ဒေါ်တင်တင်လှက တိုင်တန်းထားသဖြင့် စက်ဆန်းနယ်မြေ
ရဲစခန်းက (ပ)၃၇၆ /၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၂၆ ဖြင့် ဆက်လက်စစ်ဆေးသွားမည်။
ဇော်ဇော်ထွေး - Mizzima - News in Burmese
No comments:
Post a Comment