Monday, October 28, 2013

Monday, October 28, 2013 ဒေါ်စုနဲ့ပုပ်ရဟန်းမင်းကြီး တွေ့ဆုံဖို့ရှိ



အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အီတလီနိုင်ငံ ခရီးစဉ်အတွင်း ပုပ်ရဟန်းမင်းကြီး ဖရန်းစစ်နဲ့ တွေ့ဆုံဖို့ ရှိကြောင်း ထိုင်းမ်စ် သတင်းအရ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တနင်္လာနေ့ ဒီကနေ့မှာ တွေ့ဆုံကြမှာဖြစ်ပြီး ဒါဟာ သမိုင်းဝင်တဲ့ တွေ့ဆုံမှုဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။

အာရှတိုက်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းစာအစောင်ပေါင်း ၁၀၀ ထက် နာမည်ကျော်ကြား လွမ်းမိုးမှုရှိတဲ့ ပုဂ္ဂိုလ်ဖြစ်သလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသံဟာလည်း နိုင်ငံရေးသမား အယောက်ပေါင်း ၁၀၀ စုပေါင်းထားတာထက်တောင် ကျယ်လောင်တယ်လို့ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခုလောလောဆယ် အီတလီနိုင်ငံ ရောမမြို့ကို ရောက်ရှိနေပြီး သမိုင်းဝင်တဲ့ နေရာတွေကို လေ့လာနေသလို အီတလီနိုင်ငံ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံမှာဖြစ်သလို ဂုဏ်ပြုဆု
လက်ဆောင်တွေကိုလည်း လက်ခံဖို့ ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှစ်ပတ်ကြာ ဥရောပ ငါးနိုင်ငံခရီးစဉ်က နိုဝင်ဘာလ ၂ ရက်နေ့မှာ ပြီးဆုံးမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

ABC Radio
 

No comments:

Post a Comment