Sunday, October 27, 2013

Monday, October 28, 2013 ရန် ကုန်ပြည်သူ့ဆေးရုံကြီး ပြန်လည် မွမ်းမံ မည့် ဒေါ်အောင် ဆန်းစု ကြည် ၏ အစီအစဉ်ကို ယူကေ ကူညီမည်




ရန် ကုန်ပြည်သူ့ဆေး ရုံကြီး ပြန်လည် မွမ်းမံမည့် ဒေါ်အောင်ဆန်းစု ကြည်၏အစီအစဉ် ကို ယူကေက ပံ့ပိုးကူညီပေးသွား မည်ဖြစ်ကြောင်း သိရသည်။ ဒေါ်အောင်ဆန်းစုကြည်၏ ဒုတိယအကြိမ်မြောက် ယူကေခရီး စဉ်အတွင်း အောက်တိုဘာ ၂၃ ရက်က ဗြိတိသျှဝန်ကြီးချုပ်ဒေး ဗစ်ကင်မရွန်းနှင့် နိုင်ငံတကာဖွံ့ ဖြိုးရေးဝန်ကြီး ဂျက်စတင်ဂရင်း နင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ စဉ် တွင် အဆိုပါကိစ္စအား ထည့်သွင်း ဆွေးနွေးခဲ့ကြခြင်းဖြစ် သည်။

''ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကို ယူကေက ကူညီမယ့်ကိစ္စ ကို တော့ ဒေါ်အောင်ဆန်းစုကြည် ပြန်ရောက်မယ့် နိုဝင်ဘာလ ဆန်း ကျမှ ပြောလို့ရနိုင်မှာ ပါ။ လော လောဆယ် မှာ ဒီဆေးရုံကြီး အ ဆင့်မြှင့်တင် နိုင်ဖို့အတွက် မာ စတာပလန်ရေးဆွဲထားပြီးဖြစ်ပါ တယ်။ အသေးစိတ်အကောင်အ ထည်ဖော်မယ့်ကိစ္စတွေကို ဗြိတိ သျှအစိုးရက အသေးစိတ်ကူညီ ပေးသွားမှာဖြစ်ပါတယ်''ဟု ရန် ကုန်ပြည်သူ့ဆေးရုံကြီး အဆင့်မြှင့် တင်ရေးကော်မတီ ရန်ပုံငွေရှာ ဖွေရေး၊ NLD ကျန်းမာရေးကွန် ရက်မှ ဥက္ကဋ္ဌဒေါက်တာ တင်မျိုး ဝင်းက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလ အတွင်းကလည်း ယူကေမှ ကျန်း မာရေးဝန်ကြီးဟောင်း လော့ဒါစီ က ရန်ကုန်ပြည်သူ့ ဆေး ရုံကြီး အဆင့်မြှင့်တင်ရေးဆိုင်ရာကိစ္စ ရပ်များဆွေးနွေး ရန်အတွက် ၎င်း ထံမှ အဖွဲ့တစ်ဖွဲ့စေလွှတ်ခဲ့ကြောင်း၊ လက်ရှိတွင် အဆိုပါဆေးရုံကြီးအ ဆင့်မြှင့်တင်ရန် အတွက် ပြည်သူ့ လွှတ်တော် မှ ငွေကျပ်ငါးဘီလီယံ ခွင့်ပြုချက်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီး အရိုးအကြောဌာနမှ ပါမောက္ခ ဒေါက်တာချစ်စိုးက ''ရန်ကုန်ဆေး ရုံကြီးက အရင်က ခုတင် ၅၀ဝဆံ့ ဆေးရုံပါ။ ဂျပန်ခေတ်တုန်းက ဆိုရင် တစ်ခန်းမှာ လူနာ ၃၀ လောက်ပဲ လာကုကြတယ်။ အခု ကတော့ ခုတင် ၁၅၀ဝဆံ့ဆေး ရုံဖြစ်လာပေမယ့် တစ်ခန်းမှာ လူနာ ၁၀ဝလောက်တက်နေကြ တော့ ကျပ်ညပ်နေပြီ။ အဲဒီအတွက် ဆေးရုံကြီးကို ပြုပြင်မွမ်းမံရုံပဲ ဆိုရင်တော့ ဒီပြဿနာကိုဖြေရှင်း နိုင်မှာမဟုတ်ဘူး။ ဒီများပြား လွန်းနေတဲ့လူနာတွေကို ကုသနိုင် ဖို့အတွက် အထပ်မြင့်ဆေးရုံသစ် တစ်လုံးကို ထပ်ပြီးဆောက်လုပ် မယ်ဆိုရင်တော့ အလွန်ကောင်း မွန်တဲ့အစီအစဉ် လို့ ပြောချင်ပါ တယ်''ဟု ပြောကြားခဲ့သည်။

နွေဦးလင်း - Yangon Media Group
 

No comments:

Post a Comment