Thursday, October 24, 2013

Friday, October 25, 2013 မြစ်ကြီးနား၌ ခြိမ်းခြောက်ငွေတောင်း၊ ဖားကန့်၌ လက်နက်ငယ်ဖြင့်ပစ်ခတ်





ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ရွှေစက် ရပ်ကွက် ၆မိုင်ကုန်းရှိ စမ်းသော်တာ ဘိလိယက် ကစားရုံသို့ လူနှစ်ဦးရောက်ရှိလာပြီး ဘိလိယက် ခုံတစ်ခုံလျှင် ငွေကျပ်လေးသိန်းပေးရန် တောင်းခံ ခဲ့သည့်ဖြစ်စဉ်တစ်ခု ယခုလ ၂၁ ရက်ညပိုင်း ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများကပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ဘိလိယက် ခုံပိုင်ရှင်က အလုပ်အဆင်မပြေ၍ မပေးနိုင်ဟု ပြောရာ အမည်မသိလူနှစ်ဦးက ယခုလောလော ဆယ် ကျပ် ၅ဝဝဝဝ ပေးရန်တောင်းဆိုခဲ့ ကြောင်း၊ ယင်းသို့မပေးလျှင် မိုင်းခွဲမည်ဟုပြော ဆိုကြောင်း၊ ဆက်လက်၍ အမည်မသိလူနှစ်ဦး သည် ယင်းဘိလိယက်ခုံအနီးရှိ အောင်ချမ်းသာ ဆီဆိုင်သို့သွားရောက်ကာ ငွေတစ်သိန်းတောင်းခံ ခဲ့သော်လည်း ဆီဆိုင်မှ မပေးလိုက်ကြောင်း သိရသည်။

အလားတူ ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အုပ်စု လုံးခင်းကျေးရွာရပ်ကွက်(၅)အတွင်းရှိ ပွင့်သစ်အလှပြင်ဆိုင်မှ မခင်စုံနှင့် မပိုပိုတို့ကို အမည်မသိလူငါးဦးက လာရောက်ခေါ်ယူစဉ် မပိုပိုက ငြင်းဆန်သဖြင့် ၄င်း၏မောင်ဖြစ်သူ အောင်ကျော်ဦး(ခ)ထင်ကျော်ဦးအား အဆိုပါ ငါးဦးထဲမှတစ်ဦးက လက်နက်ငယ်ဖြင့်ပစ်ပြေး သွားရာ အောင်ကျော်ဦး၏ ယာလက်နှင့်ဝမ်းဗိုက် ထိမှန်သွား၍ ယခုလ ၂ဝ ရက် ည ၁၂ နာရီခန့် တွင် ဖားကန့်မြို့နယ် ပြည်သူ့ဆေးရုံသို့ပို့ဆောင် ပြီး ဆေးကုသမှုခံယူနေရကြောင်းသိရသည်။

မင်းမင်း(မြစ်ကြီးနား)
The Union Daily
 

No comments:

Post a Comment