ကမ္ဘာ့အကြီးဆုံး စားသောက်ကုန်လုပ်ငန်း Nestle မြန်မာဈေးကွက်တွင် ထုတ်လုပ်ရောင်းချမည်
ကမ္ဘာ့အကြီးဆုံး စားသောက်ကုန် လုပ်ငန်းဖြစ်သော Nestle သည် မြန်မာနိုင်ငံတွင် စက်ရုံတည်ထောင်ပြီး စားသောက်ကုန်များ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြေ
ထိုသို့ လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Nestle Myanmar Co.,Ltd ကို ဖွဲ့စည်းခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ စက်တင်ဘာ ၁၆ ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ရန် ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စတင်ကြိုးပမ်းခဲ့ခြင်းဖြစ်ြ
Nestle သည် ကလေးအစားအစာ၊ ရေ၊ မုယောစပါးနှင့် ပြုလုပ်သော အစားအစားများ၊ ကော်ဖီ၊ ယိုမျိုးစုံ၊ ဂျုံနှင့်ပြုလုပ်သော အစားအစာများ၊ နို့နှင့်ပြုလုပ်သော အစားအစာများ၊ ရေခဲမုန့်၊ သရေစာနှင့် တိရစ္ဆာန် အစားအစာများ အဓိက ထုတ်လုပ်ပြီး ကုန်ပစ္စည်း အမှတ်တံဆိပ်ပေါင်း ၂၉ ခုရှိကြောင်း သိရသည်။
၎င်း၏ထင်ရှားသည့် အမှတ်တံဆိပ် အချို့မှာ Nespresso၊ Nescafe၊ Kit Kat၊ Smarties၊ Nesquik၊ Stouffer's၊ Vittel၊ Maggi၊ MILO စသည်တို့ဖြစ်ပြီး မြန်မာနိုင်ငံတွင်လည်း လူကြိုက်များသည့် ကုန်ပစ္စည်း အမှတ်တံဆိပ်များ ဖြစ်သည်။
Nestle သည် ကမ္ဘာ့နိုင်ငံပေါင်း ၉၀ နီးပါးခန့်တွင် စက်ရုံပေါင်း ၄၅၀ ကျော်ရှိပြီး ဈေးကွက်အလားအလာ ကောင်းမွန်လာသော မြန်မာနိုင်ငံတွင်လည်း စက်ရုံတည်ထောင်ရန် စီစဉ်လာခြင်းဖြစ်သည်။
ဆွစ်ဇာလန်နိုင်ငံ Vevey မြို့အခြေစိုက် Nestle ဖြစ်လာမည့် ကုမ္ပဏီများဖြစ်သော Anglo-Swiss Condensed Milk Company ကို ၁၈၆၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး Farine Lactee Henri Nestle ကို ၁၈၆၇ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ၁၉၀၅ ခုနှစ်တွင် အဆိုပါ ကုမ္ပဏီနှစ်ခု ပူးပေါင်းပြီး Nestle and Anglo-Swiss Condensed Milk Company ကို ဖွဲ့စည်းခဲ့ခြင်းဖြစ်ကာ လက်ရှိ Nestle ၏ အစုရှယ်ယာ အများစုကို ကမ္ဘာ့အကြီးဆုံး အလှကုန် လုပ်ငန်းဖြစ်သော L'Oreal က ပိုင်ဆိုင်ထားသည်။
လက်ရှိ Nestle ၏ ဈေးကွက်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၂၃၃ ဘီလျံရှိပြီး Financial Time သတင်းစာ၏ သတ်မှတ်ချက်အရ ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီများစာရင်းတွင် အဆင့် ၉ ရရှိထားသည်။ ၂၀၁၂ ခုနှစ် အတွင်းဝင်ငွေ Swiss Francs ၉၂ ဒသမ ၁၈ ဘီလျံ ရရှိထားပြီး အမြတ်ငွေ Swiss Francs ၁၀ ဒသမ ၆၁ ဘီလျံ ရရှိထားသည်။
မြန်မာနိုင်ငံတွင် ကမ္ဘာ့အဆင့် စားသောက်ကုန်နှင့် အဖျော်ယမကာ ကုမ္ပဏီများဖြစ်သော Coca Cola၊ Pepsi၊ Unilever စသည့်ကုမ္ပဏီများ စက်ရုံတည်ထောင်ပြီးဖြစ်ကာ Heineken၊ Carlsberg၊ Beer Chang၊ Pokka စသည့်ကုမ္ပဏီများလည်း စက်ရုံများတည်ထောင်ရန် ဆောင်ရွက်လျက်ရှိသည်။
EMG
https://www.facebook.com/photo.php?fbid=471907782907058&set=a.35104771499306
ဘိုလီဗီးယားမှ ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်
ပုံမှာ မြင်တွေ့နေရတဲ့သူ ဖြစ်ပါတယ်။ Carmelo Flores Laura လို့ အမည်ရ ပါတယ်။ သူ့ အသက်က ၁၂၃ နှစ် ရှိပါပြီ။ ဒါကြောင့် ကမ္ဘာ့ အသက် အကြီးဆုံး ပုဂ္ဂိုလ် အဖြစ် စံချိန်တင်စေခဲ့ကြောင်း သိရပါတယ်။
၁၈၉၀ ခုနှစ်၊ ဇူလိုင်လဖွား အမျိုးသား တစ်ဦးပါ သို့ပေမယ့် အဲ့ဒီအချိန်က မှတ်တမ်းက ပြန်ရှာရခက်ခဲနေပြီး အဖွဲ့ အစည်း အချို့ ကတောာင် လက်မခံ ပါဘူး။ သူ့ကို အသက် ၁၀၇ နှစ်လို့လည်း အဖွဲ့အစည်း အချို့ က ပြောဆို ကြပါတယ်။ တောင်အမေရိကတိုက် အလယ်ပိုင်းမှာ ရှိတဲ့ ဘိုလီဗီးယားမှာ ၁၉၄၀ မတိုင်မှီအထိ မွေးဖွားမှတ်တမ်း မရှိပါဘူး။ ဒီတော့ အတည်ပြုရ ခက်ခဲတဲ့ အခြေအနေ တစ်ခုလည်း ဖြစ်ပါတယ်။ သူ့ကို ဂင်းနစ် မှတ်တမ်းတင်ဖို့တောင် ခက်ခဲနေပါတယ်။
သို့ပေမယ့် ဘိုလီဗီးယား အစိုးရ ကတော့ အတည်ပြုပေးထား ပါတယ်။ နိုင်ငံရဲ့  အမွေအနှစ် ပုဂ္ဂိုလ် တစ်ဦးလို့တောင် အသိအမှတ်ပြု ထားပါတယ်။ နားကောင်းကောင်း မကြားတော့ သလို၊ အမြင်အရုံလည်း သိပ် မကောင်းတော့ပါဘူး။ သို့ပေမယ့် ကူသူမပါပဲ ကိုယ်တိုင် လမ်းလျှောက်နေနိုင် ပါသေးတယ်။ သူ့ဇနီးကတော့ အသက် ၁၀၀ ကတည်းက ကွယ်လန်သွားပြီလို့ ဆိုပါတယ်။ သားမီး ၃ ဦးရှိပြီး အငယ်ဆုံးသားက အသက် ၆၅ နှစ်နဲ့ အသက်ရှင်နေဆဲ ဖြစ်ပါတယ်။ မြေး ၆ ယောက်၊ မြစ် ၃၉ ယောက်ရှိပြီး မိသားစု ကလည်း ပြုစု စောင့်ရှောက် ပေးထား ပါတယ်။
Carmelo က အသက်ငယ်ရွယ်စဉ်ကတည်းက အရက်သေစာသောက် စားခြင်းကို ရှောင်ကြဉ်သူ ဖြစ်ပါတယ်။ အသားထဲမှာ သိုးသား အစားများပြီး Coca အရွက်ကို လည်း ဝါးစားလေ့ရှိတာ သူ့အကျင့် ဖြစ်ပါတယ်။ ဒါကြောင့် သူ အသက်ရှင်ရတဲ့ အကြောင်းအရင်းထဲမှာ Coca နဲ့ Sheep ကလည်း ပါဝင်နေပါတယ်။ ဘိုလီဗီးယား နိုင်ငံမှာတော့ Carmelo ကို အသက် ၁၂၃ နှစ်လို့ သတ်မှတ်ထားပြီး ဂင်းနစ်စံချိန်တင်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရပါတယ်။
.
Ref: wiki,Xinhua
အောင်ခမ်း (ရိုးရာလေး)
http://
ဇူကာဘတ်က အမေရိကန်၏ အချမ်းသာဆုံး အဆင့် ၂၀ ပုဂ္ဂိုလ် ပြန်ဖြစ်လာ
Facebook တည်ထောင်သူ မာ့ခ်ဇူကာဘတ်ဟာ အမေရိကန်နိုင်ငံရဲ့ အချမ်းသာဆုံး နံပါတ် ၂၀ မြောက် ပုဂ္ဂိုလ်နေရာကို ပြန်လည် ရရှိလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
Forbes မဂ္ဂဇင်းက ဖော်ပြတဲ့ အမေရိကန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ဦးရေ ၄၀၀ စာရင်းထဲမှာ ဖြစ်ပါတယ်။ ယမန်နှစ်တုန်းက ပိုင်ဆိုင်မှု ငွေအင်အား ကန်ဒေါ်လာ ၉.၄ ဘီလျံနဲ့ နံပါတ် ၃၆ မှာ ရှိခဲ့သူပါ။ ယခုတော့ ပိုင်ဆိုင်မှု ၁၉ ဘီလျံ ဝန်းကျင် ရှိလာပြီး နံပါတ် ၂၀ ပြန်ရလိုက်ခြင်း ဖြစ်ပါတယ်။ IPO ကို ထုတ်မရောင်းခင် ၂၀၁၁ ခုနှစ်က သူရခဲ့တဲ့ အဆင့်ပဲ ဖြစ်ပါတယ်။ ယခုတော့ သူပြန်ရလိုက်ပါပြီ။
Bloomberg ရဲ့  ပြောဆိုချက်အရ ကတော့ ဇူကာဘတ်ပိုင်ဆိုင်မှုက ၂၁.၇ ဘီလျံတောင် ဖြစ်ပါတယ်။ အဲ့ထပ်လည်း များချင်များနေအုံးမှာပါ။ အမေရိကန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ်နေရာမှာတော့ ဘီလ်ဂိတ်က ရှိနေပါ သေးတယ်။ သူ့ပိုင်ဆိုင်မှုက ၇၂ ဘီလျံတောင်ပါ။ Larry Page နဲ့ Sergey Brin ကတော့ နံပါတ် ၁၃ နဲ့ ၁၄ ကို အစဉ်လိုက် ယူထား ပါတယ်။ အမေရိကန်နိုင်ငံရဲ့  နည်းပညာ လုပ်ငန်းဖြင့် အချမ်းသာဆုံး ဖြစ်သူ ဆယ်ဦးစာရင်းထဲ မှာတော့ ဇူကာဘတ်က နံပါတ် ၆ မှာ ရှိနေပါတယ်။ စာရင်းအတိအကျက အောက်ပါ အတိုင်း ဖြစ်ပါတယ်။
Bill Gates: No. 1, $72 billion
Larry Ellison: No. 3, $41 billion
Jeff Bezos: No. 12 , $27.1 billion
Larry Page: No. 13, $24.9 billion
Sergey Brin: No. 14, $24.4 billion
Mark Zuckerberg: No. 20, $19 billion
Steve Ballmer: No. 21, $18 billion
Michael Dell: No. 25, $15.9 billion
Paul Allen: No. 26, $15.8 billion
Charles Ergen: No. 32, $12.5 billion
အမေရိကန်ရဲ့ စီးပွားရေး လုပ်ငန်းဖွံ့ဖြိုးတိုးတက်မှ
.
Ref: mashable
အောင်ခမ်း (TSJ team)
https://www.facebook.com/photo.php?fbid=472038372893999&set=a.351047714993066.
မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှားဥပဒေဖြင့် အရေးယူမခံရဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိ
မလေးရှားနိုင်ငံရှိ အထောက်အထားမဲ့ မြန်မာအလုပ်သမားများ မလေးရှား ဥပဒေဖြင့် မရေးယူမခံရတော့ဘဲ မြန်မာနိုင်ငံသို့ ပြန်လာခွင့်ရရှိရန် ညှိနှိုင်းမှုရရှိခဲ့ကြောင်းအ
စက်တင်ဘာ ၉ ရက်က မလေးရှားနိုင်ငံသို့ သွားရောက်ပြီး အထောက် အထားမဲ့ မြန်မာအလုပ်သမားများအရေး အဓိကထား ဆွေးနွေးခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ စက်တင်ဘာ ၁၂ရက်က ပြန်လည်ရောက်ရှိစဉ် မီဒီယာများနှင့် တွေ့ဆုံရာ၌ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
''အဓိကတော့ အထောက်အထားမဲ့ မြန်မာအလုပ်သမားတွေအတွက်ပါ။
ယခုလက်ရှိ မလေးရှားနိုင်ငံ၌ မြန်မာနိုင်ငံသို့ ပြန်လာရန် စောင့်ဆိုင်းနေသူ ၁၀၀၀ ကျော်ခန့် ရှိနေကြောင်း၊ ယခင်က မြန်မာနိုင်ငံသို့ ပြန်လာရန်အတွက် အထောက်အထားမဲ့ မြန်မာအလုပ်သမားတစ်ဦးအနေဖြင
မြန်မာနိုင်ငံသို့ ပြန်လာမည့် အထောက်အထားမဲ့ မြန်မာအလုပ်သမားများကို Bio-Matric System နည်းဖြင့် စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တိကျသည့် အဖြေထွက်ရှိမှသာ ပြန်လာခွင့်ရရှိမည်ဖြစ်ကြော
ပြည်ထောင်စုဝန်ကြီး ဦးအေးမြင့်က ဆက်လက်၍ ''မြန်မာနိုင်ငံကို ပြန်လာမယ့်သူတွေကို Bio-Matric System အရ လက် ၁၀ ချောင်းလုံးကို လက်ဗွေနှိပ်မယ်။ သူငယ်အိမ်က မျက်ကြည်လွှာကို ဓာတ်ပုံရိုက်မယ်။အဓိကတစ်ချက
မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာလုပ်သား စုစုပေါင်းနှစ်သိန်းခွဲကျော
ယခုနှစ်လယ်ပိုင်းက မလေးရှားနိုင်ငံတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များကြောင့် မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမား ရာနှင့်ချီ ပြန်လာနေကြောင်း သိရသည်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးရှေ့တွင် နိုင်ငံသားဖြစ်ကြောင်း သက်သေခံလက်မှတ် ထုတ်ယူရန် စောင့်ဆိုင်းနေသူများ (ဓာတ်ပုံ-နေထွန်းနိုင်)
https://www.facebook.com/photo.php?fbid=470160646415105&set=a.3510477149930
စားစရာမရှိက Wendy’s က အလကားကျွေးသည်
အမေရိကန်နိုင်ငံမှာ KFC တို့လိုပဲ အောင်မြင်နေတဲ့ အစားအစာ Brand တစ်ခု ရှိပါတယ်။ သူ့ကို Wendy’s လို့ အမည်ရပါတယ်။ သူ့က ဟမ်ဘာကာကို ပိုပြီးတော့ အဓိကထားတဲ့ Fast Food ဆိုင်ဖြစ်ပြီး ဆိုင်ခွဲကို ကမ္ဘာအနှံ့မှာ ဖွင့်လှစ်ထားပါတယ်။
သူ့မှာ ပေါ်လစီ တစ်ခု ချမှတ်ထားပါတယ်။ ဒါကတော့ အစားအသောက် အလကားကျွေးဖို့ပါ။ “ဒီနေရာဒေသမှ မဟုတ်၊ ဗိုက်ကလည်းဆာ၊ စားစရာလည်း မရှိ” ယင်း အချက် ၃ ချက် ပြည့်စုံရင် ဘယ်သူ့ကိုမဆို လုံလောက်တဲ့ အစားအသောက် ကို အလကား ကျွေးစေဖို့ ဖြစ်ပါတယ်။ "I'm not from this area. I'm lost & don't have money! လို့ဆိုလိုက်တာနဲ့ အစားအသောက်များ အလကားပေးဖို့၊ ကျွေးမွေးဖို့ ပေါ်လစီ ချမှတ်ထားခြင်း ဖြစ်ပါတယ်။
Customer များအပေါ် ဝန်ဆောင်မှုကောင်း ပေးပြီး၊ အလှူအဒါန်း ရက်ရောမှုကြောင့် Wendy’s ဟာ ပိုလို့ အောင်မြင်လာကြောင်း သိရပါတယ်။
.
Ref: dyknow
Aung Kham (International news for myanmar)
http://
ငှက်မိခင် ကောင်လေး
Tuesday, September 10, 2013ရုရှားနိုင်ငံက ၁၂ နှစ်အရွယ် ကလေးတစ်ယောက် အမည်ကတော့ ဗစ်ဒီဘီလေဂရော့ လို့ ခေါ်တယ်။ ကောင်းလေး၏ ပတ်ဝန်းကျင်က ကောင်းလေးကို ငှက်မိခင်လို့လည်း ခေါ်တယ်။ ဘာလို့ ငှက်မိခင်လို့ ခေါ်လည်း ဆိုတာကို ရှင်းပြပါ့မယ်။
တစ်နေ့ ကောင်လေးဟာ သူ၏ အိမ်ဝန်းအတွင်းမှာ လမ်းလျှောက်နေစဉ် မျက်စိလည်နေသော ငှက်ကလေး တစ်ကောင်ကို တွေ့ခဲ့ပါတယ်။ ဒါကြောင့် သူကယ်ခဲ့တယ် ဆိုပါတော့။ ငှက်ကလေးဟာ အတောင်ပေါက်စ ဆိုပေမယ့် ပျံသန်းနိုင်ပါတယ်။ သို့သော်လည်း အဲဒီငှက်ကလေးဟာ သူ၏ မိခင်ဆီကို မပြန်ပါဘူး။
အဲဒီနေ့ကနေ စပြီးကတည်းက ကောင်းလေး၏ ပခုံးပေါ်မှာပဲ နေပါတယ်။ အစာ စားလျှင်လည်း ကောင်လေး၏ လက်ထဲမှာပဲ စားပါတယ်။ အလွန်ပဲ ချစ်ခင်သော လူနှင့်ငှက်ပေါ့။ ဒါကြောင့် ကောင်လေးကို ငှက်မိခင်လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။
ရှေးရေစက် တစ်စုံတစ်ရာကြောင့် အခုလို ချစ်ခင်ကြတာ ဖြစ်မယ် ထင်ပါတယ်။ အံ့သြစရာလည်း ကောင်းပါတယ်။ တိရစ္ဆာန်တွေကို အသိဥာဏ် မရှိဘူးလို့ မထင်လိုက်ပါနဲ့။ တိရစ္ဆာန်တွေဟာ လူတွေလောက် အသိဥာဏ် မရှိပေမယ့် ကြင်နာယုယ ဂရုစိုက်မှုဆိုတဲ့ မေတ္တာတရားကိုတော့ နားလည်လောက်တယ်လို့ ထင်ပါတယ်။ ဒါကြောင့် တိရစ္ဆာန်တွေ အပေါ် မေတ္တာ၊ ဂရုဏာ ထားပြီးတော့ စောင့်ရှောင့်ကြည့်ပါ။ သင့်အပေါ် ပြန်လည် မေတ္တာထားလာ ပါလိမ့်မယ်။
Ref - metro
ကျော်လင်းနိုင် (ရိုးရာလေး)
https://www.facebook.com/photo.php?fbid=468596623238174&set=a.35104771499306
Facebook ကြောင့် အိမ်ထောင်ကွဲမှု များလာ
Friday, September 6, 2013အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့ စစ်တမ်းအရ အိမ်ထောင်ကွဲရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော အကြောင်းအရင်းဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။
အဲဒါ ၂၀၁၁ ခုနှစ်တုန်းကပါ။ ၂၀၁၂ နဲ့ ၂၀၁၃ မှာ ပိုလို့တောင် တိုးပွားလာ ကြောင်း သိရပါတယ်။ ပတ်ဝန်းကျင်မှာလည်း ကိုယ်တွေ့ တွေ့မြင် ရပါတယ်။ မြန်မာပြည်မှာလည်း Facebook ကြောင့် ကွဲသွားတဲ့ အိမ်ထောင်ရှင်တွေကို တပ်အပ်မြင်ခဲ့ ရပါတယ်။ အမျိုးသမီး ဖြစ် သူဟာ နိုင်ငံခြားမှာ ရှိနေတဲ့ ငယ်ချစ်ဦးကို Facebook မှာ ပြန်တွေ့ရင်း အလွမ်းသည် ပြောဆိုနေမှုကို အမျိုးသားဖြစ်သူက တွေ့ ရှိခဲ့ပြီး ပြဿ နာ ရှာရာမှ တကယ်ကွဲသွားတဲ့ အတွဲ ရှိပါတယ်။ အိမ်ထောင်ကွဲသူ အမျိုးသားက တက္ကဆီဒရိုင်ဘာဖြစ်ပြီး သားသမီး ၂ ဦးနဲ့ ကျန်ခဲ့ပါတယ်။
ယင်းကဲ့သို့ အလားတူပဲ အခြားဖြစ်ရပ်တစ်ခုမှာ အမျိုးသားရဲ့  Facebook မှ တစ်ဆင့် အခြားအမျိုးသမီးတစ်ဦးနဲ့ ချစ်ခင်စုံမက်မှုကြောင့် အိမ်ထောင်ကွဲ တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်မှာတော့ အမျိုးသမီးက နစ်နာပြီး သားသမီးနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုပါပဲ Facebook, G Talk တို့ကြောင့် ကွဲ သွားရတဲ့ အိမ်ထောင်တွေ အများကြီးပါတယ်။ ဒါဟာ မြန်မာပြည် မှာ ဖြစ်နေ တာတင် မဟုတ်ပဲ ကမ္ဘာမှာပါ အရေအတွက် အလုံးလိုက် အရင်းလိုက်ကို ဖြစ်နေခြင်း ဖြစ်ပါတယ်။
ဒါကြောင့် ၂၁ ရာစုမှာ Facebook , Twitter အသုံးပြုမှုဟာ အိမ်ထောင်ရှင်အကြားမှာ အိမ်ထောင်ကွဲ စေရန် အကြောင်းပြချက် တစ်ခုပါ ဖြစ်လာကြောင်း သိရပါတယ်။
Aung Kham (International news for myanmar)
International news for myamamr
https://www.facebook.com/photo.php?fbid=466896526741517&set=a.351047714993066
ရဲစခန်းများတွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူနှင့် တရားခံများကို စစ်ဆေးရာ၌ မိသားစုဝင်များ လာရောက်ကြည့်ရှုခွင့်ပြု
Thursday, September 5, 2013
မြန်မာနိုင်ငံ အတွင်းရှိ ရဲစခန်းများတွင် ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများနှင့် တရားခံများကို စစ်ဆေးရာ၌ မိသားစုဝင်များနှင့် စိတ်ပါဝင်စားသူများကို လာရောက်ကြည့်ရှုခွင့်ပြုရန် ညွှန်ကြားထားကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်၊ လုံခြုံရေးဌာနမှ ဒုတိယရဲမှူးကြီး မင်းအောင်က ပြောကြားသည်။
ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူဟု သံသယရှိသူများနှင့် တရားခံများကို အမှုစစ်ဆေးရာ၌ လာရောက်ကြည့်ရှုခွင့် ပြုရခြင်းမှာ ပွင့်လင်းမြင်သာမှု ရှိကြောင်းကို အများပြည်သူသိရှိရန် ရည်ရွယ်ကြောင်း သိရသည်။
အမှုစစ်အရာရှိ၏ အမှုစစ်ဆေးမှုကို CCTV မှတစ်ဆင့် တိုက်ရိုက်မှတ်တမ်းတင် ရိုက်ကူးထားရာ ရဲစခန်းအတွင်း ထားရှိသည့် တီဗွီသို့မဟုတ် ကွန်ပျူတာ ပရင်တာမှတစ်ဆင့် ကြည့်ရှုနိုင်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ "အခု တစ်နိုင်ငံလုံးမှာရှိတဲ့ ရဲစခန်းတွေမှာ အမှုစစ်တဲ့ အခန်းနဲ့ လာရောက်တိုင်ကြားတဲ့ နေရာတွေကို CCTV ကင်မရာတွေ တပ်ဆင်ရမယ်လို့ ညွှန်ကြားထားတယ်။ တပ်ဆင်မှု အပိုင်းကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်က ဦးစီးပြီး ဆောင်ရွက်နေတယ်။ အချို့အမှုသည်တွေ၊ ပြစ်မှုကျူးလွန်တဲ့ သူတွေက တိုင်ကြားမှုတွေ ရှိနေတဲ့အတွက် CCTV ကင်မရာတွေကို တပ်ဆင်ရခြင်း ဖြစ်တယ်။ အဓိကကတော့ ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာကို ပြသခြင်း ဖြစ်တယ်။ အမှုစစ်ဆေးနေတဲ့ အပိုင်းတွေကို မိသားစုဝင်တွေနဲ့ စိတ်ဝင်စားသူတွေက ရဲစခန်းမှာ CCTV ကင်မရာကနေတစ်ဆင့် ရိုက်ကူးထားတာကို အမှုစစ်ဆေးနေတဲ့ အချိန်နဲ့ တစ်ပြေးညီ လာရောက်ကြည့်လို့ ရပါတယ်" ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဌာနချုပ်၊ လုံခြုံရေးဌာနမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး မင်းအောင်က စက်တင်ဘာ ၃ ရက်နေ့ နံနက်က ပြောကြားသည်။
ပြည်သူများက အမှုလာရောက် တိုင်ကြားသည့် ဖြစ်စဉ်အချို့တွင် ရဲတပ်ဖွဲ့မှ အမှုမဖွင့်ပေးခြင်းနှင့် ကျူးလွန်သူဟု ယူဆရသူနှင့် တရားခံများကို ရဲတပ်ဖွဲ့က စစ်ဆေးရာ၌ ညှဉ်းပန်းနှိပ်စက်မှုများ ရှိနေသည်ဟု ပြည်သူအချို့က သက်ဆိုင်ရာ အသီးသီးသို့ တိုင်ကြားပြီးနောက် ရဲစခန်း အားလုံးတွင် CCTV ကင်မရာများ တပ်ဆင်ရန် ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
Eleven
ရဲစခန်းတစ်ခု၏ အမှုစစ်အခန်းအတွင်း CCTV ကင်မရာ တပ်ဆင်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-ဥာဏ်ဝင်းရှိန်)
https://www.facebook.com/photo.php?fbid=466317980132705&set=a.35104771499306
အတိတ်မှာနေကြသူများ
-ရေးသားသူ- ငြိမ်းချမ်း
အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်တစ်ယောက် တောင်းရမ်း၍ရလာသော ပိုက်ဆံခပ်နွမ်းနွမ်းများကိ
သမိုင်းဆရာတို့က သူတို့ကို ဘုရားကျွန်ဟုဆိုကြပြီး သူဖုန်းစားများကတော့ သူတို့မှာ မာတင်္ဂမျိုးနွယ်စုမှ ဆင်းသက်လာသူများဟု ယုံကြည်နေကြပြီး သူတို့ထဲမှအချို့မှာ လက်ရှိအချိန်ထိ တောင်းရမ်းသူများလည်း ရှိနေသေးပါသည်။ ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင်ကျရောက်သော ပုဂံမြို့တောင်ဘက် ညောင်ဦးမြို့နှင့် ဆယ်မိုင်ခန့်ဝေးသော ဂန့်ဂါရွာဘုရားပွဲတော်တွင် သူတောင်းစားများ နှစ်စဉ်လာရောက်တောင်းခံနေမြ
“အဆင်ပြေလာရင်တော့ ဒီအလုပ်ကို မလုပ်ချင်တော့ပါဘူး”ဟု ယခုနှစ် ၀ါခေါင်လပြည့်ကျော် ၃ ရက်တွင် ကျရောက်သည့် ပုဂံညောင်ဦးမြို့နယ်၊ ဂန့်ဂါရွာဘုရားပွဲတော်တွင် ငယ်စဉ်ကတည်းက လာရောက်တောင်းရမ်းနေသော မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားတစ်ဦးဖြစ်သော အသက်(၅၇)နှစ်အရွယ် ဒေါ်သန်းမြင့်ကပြောသည်။ သူဖုန်းစားများအစု နေထိုင်သော ရပ်ကွက်မှာ ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ဘက်ရှ
အိမ်ထောင်စု ၁၆၂ အိမ်ရှိသော မင်္ဂလာသာစည်ရပ်ကွက်တွင် အိမ်ထောင်စုအများစုသည် တောင်းရမ်းမှုမလုပ်တော့ဘဲ အိမ်ထောင်စု ၃၀ ၀န်းကျင်သာ တောင်းရမ်းမှုများ ပြုလုပ်နေသည်။ ရွာများတွင် တစ်နှစ်တစ်ခါပြုလုပ်သည့် ဘုရားပွဲများ၌သာ တောင်းရမ်းကြလေ့ရှိပါသည်။
ရှေးယခင်ကတည်းက တောင်းရမ်းလာမှုကြောင့် ၎င်းတို့သွားနေကျ ဘုရားပွဲများသို့ မသွားရောက်ဖြစ်ခဲ့ပါက စိတ်ဝေဒနာရောဂါဖြစ်ခြင်း၊ ကိုယ်လက်အင်္ဂါများမကောင်းခြင
“သူတောင်းစားမှန်ရင် တိုက်ပုံအင်္ကျီပါရတယ်။ တကယ်လို့မပါရင်လည်း အပေါ်ယံအင်္ကျီလက်ရှည်တော့ ၀တ်ရတယ်။ တောင်းတာက ခုဆိုရှက်စရာလို့ မထင်တော့ပါဘူး”ဟု ဆယ်နှစ်ကျော် တောင်းရမ်းလာခဲ့သူ အသက် ၁၉ နှစ်အရွယ် ကိုဇာနည်မောင်ကပြောသည်။
ယခုလို တောင်းလာခဲ့မှုများကြောင့် တောင်းနေကျ ဘုရားပွဲများရောက်၍ မတောင်းရလျှင် စိတ်ကမနေနိုင်ကြောင်း ကိုဇာနည်မောင်ကဆက်လက်ပြောသည
မြန်မာနိုင်ငံတွင် မန္တလေး၊ စစ်ကိုင်း၊ မကွေးတိုင်းဒေသကြီးများရှိ ဒေသအချို့တွင် သူဖုန်းစားများရှိသော်လည်း မင်္ဂလာသာစည်ရပ်ကွက်ထဲမှ သူဖုန်းစားများနှင့် ကွာခြားမှုရှိသည်။ မင်္ဂလာသာစည်ရပ်ကွက်မှ သူဖုန်းစားများက ၎င်းတို့တွင် ရှည်လျားသောသမိုင်းကြောင်းရ
ဗာရာဏသီပြည်၌ ဗြဟ္မဒတ်မင်းကြီး ထီးနန်းစိုးစံစဉ် မြို့ပြင်ဘက်မှ ဒွန်းစဏ္ဍား(သူတောင်းစား)ရွာတ
၁၉၄၈ ခုနှစ် ဇန်န၀ါရီ ၄ ရက်တွင် လွတ်လပ်သောမြန်မာနိုင်ငံ၏ ပထမဆုံးသမ္မတ စပ်ရွှေသိုက်က “ရာဇ၀င်တွင် ရှေးရှေးသောအခါမှစ၍ ရှေးမင်းများအာဏာစက်ကြောင့်
“သူတောင်းစားဆိုတာ ပုဂံခေတ်တုန်းက မပေါ်သေးပါဘူး။ ကုန်းဘောင်ခေတ်ကြမှ ပေါ်လာတာပါ။ သူတို့က ဘုရားကျွန်တွေပါ”ဟု သမိုင်းပါမောက္ခအငြိမ်းစား၊ မြန်မာ့သမိုင်းအဖွဲ့ဝင်၊ သမိုင်းပညာရပ်ကို နှစ်ခြောက်ဆယ်ဝန်းကျင်လေ့လာ
ရှေးမင်းများသည် ဘုရားတွင် ထိန်းသိမ်းစောင့်ရှောက်ရန်အ
ပါလီမန်ခေတ် ၁၉၅၆ ခုနှစ်၊ ဒီဇင်ဘာ ၂၉ ရက်မှ ၃၁ ရက်အထိ ပုဂံမြို့တွင် ဘုရားကျွန်၊ သူတောင်းစားများ ပပျောက်ရန်အတွက် လူထုပညာရေးကောင်စီဥက္ကဋ္ဌ၊ လူမှုဝန်ထမ်းဝန်ကြီးဦးဘစောက ပုဂံမြို့သရပါတံခါးအနီး သဗ္ဗညုစေတီတော်ရှေ့တွင် ကယ်ပါလွတ်မြောက်ရေး ဘ၀စီမံကိန်းတစ်ခုပြုလုပ်ခဲ့
ညောင်ဦးမြို့ ရွှေစည်းခုံဘုရားအနောက်ရှိ မင်္ဂလာသာစည်ရပ်ကွက်သို့ ၀င်လိုက်လျှင် သန့်ရှင်းသပ်ရပ်သောလမ်းမနှင
ကမ္ဘာလှည့်ခရီးသွားများ လာရောက်မှုများလာပြီး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးလ
စသည်တို့ လုပ်ကိုင်နေကြပါပြီ။ တိုးတက်ပြောင်းလဲလာသော ခေတ်ရေစီးအရ မင်္ဂလာသာစည်ရပ်ကွက်မှ ၂၀၁၃ ခုနှစ်တွင် တက္ကသိုလ်များ၌ ပညာသင်ကြားနေသော တက္ကသိုလ်ကျောင်းသား
ဆယ်ဦးကျော်ရှိနေပါပြီ။
“အကုန်လုံးပြောင်းလဲနိုင်အေ
အုပ်ချုပ်ရေးမှူးကိုအောင်ကိ
ညောင်ဦးမြို့ဒေသခံများသည်ပင
“ဒီရပ်ကွက်ကို ညောင်ဦးကလူတွေတောင် မလာကြဖူးတဲ့သူတွေရှိပါတယ်။ လူ့ဘ၀မှာ ဒါ့ထက်နိမ့်ကျတာတော့ မရှိပါဘူး။ သူတို့လည်း မလုပ်ချင်တော့ပါဘူး”ဟု ကိုအောင်ကိုမင်းက ခပ်တိုးတိုးပြောသည်။ သူကတော့ တောင်းရမ်းနေကြခြင်းကို နှစ်မြို့ခြင်းမရှိပေ။ စီးပွားရေးအခြေအနေ၊ ဘ၀ပေးကုသိုလ်ကံကြောင့် လက်ရှိအချိန်ထိ တောင်းရမ်းနေသူများကတော့ မြို့နှင့်အနည်းငယ်ဝေးသော ကျေးရွာများ၏ ဘုရားပွဲများဆီသို့ သွားနေကြမြဲပါ။ “တောင်းတာကို ရပ်လိုက်လို့မရသေးဘူး။ တောင်းချင်နေတာလည်း မဟုတ်ပါဘူး။ အဘွားတို့ကတော့ သွားနေကျဘုရားပွဲတွေကို ဆက်သွားနေရအုံးမှာပဲ”ဟု ဒေါ်သန်းမြင့်ကပြောသည်။
ဓာတ်ပုံ- ငြိမ်းချမ်း
7 Day
မူရင်း=http://
အမေရိကန်မှ ၆၄ နှစ်အရွယ် အမျိုးသမီးကြီး ကျူးဘားမှ ဖလော်ရီဒါ ပြည်နယ်သို့ အောင်မြင်စွာ ရေကူးဖြတ်သန်း
အမေရိကန် ပြည်ထောင်စုမှ ဒိုင်ယာနာနက်စ် အမည်ရှိ အသက် ၆၄ နှစ် အရွယ် အမျိုးသမီးကြီး တစ်ဦးသည် သမိုင်းတွင် မှတ်တမ်း တင်နိုင်သည့် ပထမဆုံး လူပုဂ္ဂိုလ် ဖြစ်လာစေရန် အတွက် ကျူးဘား နိုင်ငံမှ ဖလော်ရီဒါ ပြည်နယ်သို့ မိုင် ၁၀၀ ခရီးကို သုံးရက်ကြာ ရေကူးခတ် ပြခဲ့ရာ အောင်မြင်မှု ရှိခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ် အရ သိရသည်။
အဆိုပါ အမျိုးသမီးသည် ကျူးဘားနိုင်ငံ ဟာဗားနား မြို့ရှိ လှေလှော်ရွက်တိုက် အဖွဲ့မှ သြဂုတ် ၃၁ ရက်တွင် ထွက်ခွာ ခဲ့ပြီးနောက် ဖလော်ရီဒါ ပြည်နယ် ကီးဝတ်စ် ကမ်းခြေသို့ စက်တင်ဘာ ၂ ရက်တွင် ရောက်ရှိခဲ့သည်။ သူမသည် ၎င်းခရီးစဉ်ကို ၁၂ နာရီ ၅၄ မိနစ် (၁၈ ဒသမ ၆ စက္ကန့်) ဖြင့် ကူးခတ်ပြနိုင် ခဲ့ကြောင်း သူမ၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ရေးသားဖော်ပြ ထားသည်။
၎င်းအမျိုးသမီးသည် အဆိုပါ ကြိုးပမ်းမှုကို ယခင်က လေးကြိမ်လုပ်ဆောင် ခဲ့သော်လည်း ရာသီဥတု ဆိုးရွားမှုနှင့် ငါးများ၏ တိုက်ခိုက်မှုကြောင့် အောင်မြင်မှု မရှိခဲ့ကြောင်းနှင့် ယခု တစ်ကြိမ်မှသာ အောင်မြင်မှု ရရှိခဲ့ကြောင်း ၎င်းစာမျက်နှာတွင် ဖော်ပြထားသည်။
http://
မိကျောင်းတစ်ကောင်၏ အမဲလိုက်ခံရသူတစ်ဦးကို ကယ်တင်နိုင်ခဲ့
ကျွန်းငယ်လေး တစ်ခုပေါ်တွင် ရှိနေခဲ့ပြီး ဩစတြေးလျ ကမ်းခြေသို့ ပြန် ရန် ပြင် ဆင်ချိန်တွင် ကြီးမားသော မိကျောင်းတစ်ကောင်၏ ခြိမ်းခြောက် မှုနှင့် ရင်ဆိုင်လာရသည်
ဩစတြေးလျ နိုင်ငံတွင်မိကျောင်းတစ်ကော
၎င်းသည် ကယပ်လှေပေါ် ပြန်တက်ကာ ကျွန်းပေါ်မှ ထွက်ခွာ ရန် ပြင်ဆင်သည်နှင့် အဆိုပါ ရေမုဆိုး သားစား သတ္တဝါကြီးက လှည့်ပတ် ချောင်းမြောင်းနေသဖြင့် သောင်တင် ပိတ်မိနေခြင်းဟု ကယ်ဆယ်ရေးဝန်ထမ်း ဒွမ်မက်လီယော့ဒ်က ABC သတင်းဌာနသို့ ပြောကြားသွားသည်။
မက်လီယော့ဒ်နှင့် အဖွဲ့သည် ပြီးခဲ့သည့် သီတင်းပတ်ကုန်က ဂါဗန်နာ ကျွန်းပေါ်တွင် ထွန်းညှိထားသည့် အချက်ပြမီးကို တွေ့ရှိပြီးနောက် သောင် တင်နေသူကို ကယ်တင်နိုင်ခဲ့သည်။ သတင်းများက ပါးနပ်ကြမ်းကြုတ် လွန်းသည့် မိကျောင်းကြီးနှင့် ခြောက်ခြားဖွယ်ရာ အမဲလိုက်ခံရသည့် အတွေ့အကြုံကို ဖြတ်သန်းရင်ဆိုင်ရသူ နယူးဇီလန်သား၏ အမည် ကို ဖော်ပြခြင်း မရှိချေ။ "သူပြောပြတာတော့ မိကျောင်းကြီးက ပေ(၂၀)လောက် ရှိတယ်တဲ့။ ပထမတော့ သူက ကမ်းခြေဘက် လှေလှော်ပြီး ပြန်လာမလို့ပဲ။ ဒါပေမဲ့ လမ်းမှာတင် မိကျောင်းကြီးရဲ့ အာရုံကို မဆွဲဆောင်ဘဲ ပြန်လာဖို့ကတော့ မဖြစ်နိုင်မှန်း သဘောပေါက်သွားလို့ မပြန်ရဲတာပါ"ဟု မက်လီယော့ဒ်က ဆိုသည်။
၎င်းက "သူက လှေနဲ့ ခဏတော့ ထွက်လာသေးတယ်။ ဒါပေမဲ့ လှေနားမှာ မိကျောင်းကြီးက ချောင်းမြောင်းနေတာကို သိလာတော့ ကြောက်လန့်ပြီး ကျွန်းဆီ ပြန်သွားတာပါ"ဟုလည်း ရှင်းပြခဲ့သည်။ မက်လီယော့ဒ်က မိမိကိုယ်တိုင်လည်း အဆိုပါ မိကျောင်းကို မြင်ဖူးကြောင်း ဝန်ခံခဲ့သည်။ "တစ်နေ့ ကျွန်တော့်လှေနားက ရေမျက်နှာပြင်ပေါ်မှာတင် အဲဒီကောင် ကြီးကို တွေ့လိုက်ပါတယ်။ ကျွန်တော့်လှေကို ကျော်သွားတာ သိပ်မြန်တာပဲ။
ပြီးတော့ အနည်းဆုံး ပေ(၂၀)လောက် အသာလေးရှိတယ်"ဟု မက်လီယော့ဒ်က ပြောကြားခဲ့သည်။ ၎င်းက နယူးဇီလန်သား ကမ္ဘာလှည့် ခရီးသည် အသက်မသေခဲ့ခြင်းသည် ကံကောင်းလွန်းကြောင်း မှတ်ချက်ပြုခဲ့သည်။ "မိကျောင်းတွေဟာ ကမ်းခြေနားမှာ သူတို့ရဲ့ သားကောင်တွေကို ချောင်းမြောင်းတဲ့ အလေ့အထက နည်းသွားပါပြီ။ ဒါပေမဲ့ အရမ်း သက်တမ်းရင့်ပြီး ပါးနပ်တဲ့ အကောင်ကြီးတွေမှာတော့ ဒီလိုလုပ်ရပ်မျိုး ရှိနေတုန်းပဲ။ ပြောရရင် သူတို့က လွယ်ကူတဲ့ အစာမျိုးကို ချောင်းနေတာပေါ့။ ဒီလူ အသက်ရှင်နေတာ အင်မတန် ကံကောင်းတာပါ"ဟု ဝါရင့် ကယ်ဆယ်ရေးသမား မက်လီယော့ဒ်က ရှင်းပြသွားသည်။
Planet
https://www.facebook.com/photo.php?fbid=466126340151869&set=a.3510477149930
မျက်မမြင်၊ စိတ်မနှံ့သောသားကို ဖခင်က ဂူထဲ၌ သံကြိုးဖြင့်ခတ်ထား

Tuesday, September 3, 2013
ဖခင်ဖြစ်သူက ဘဝဆုံးနေ သောသားဖြစ်သူအား ဂူနေလူ ဘဝရောက်ရပုံကို ပြောပြခဲ့သည်။ ၎င်းအား တရုတ်ပြည် အလယ် ပိုင်းဒေသ၌ အဝတ်မပါဘဲ သံ ကြိုးဖြင့် ခတ်ထားခြင်းဖြစ်သည်။
အသက်၂၆နှစ်ရှိ ချန်ရှန်း တောင်၏ လွမ်းဆွေးဖွယ်ရာများ ကို အံ့အားသင့်စရာရုပ်ပုံများက ဖော်ပြနေပေသည်။ ချန်မှာ မွေး လာကတည်းက မျက်စိမမြင် စိတ် မနှံ့ဖြစ်ခဲ့ရသည်။ သူ့အား ခြေချင်း ဝတ်၌ သံကြိုးဖြင့် ချည်နှောင်ကာ ဟီနန်ပြည်နယ်မှ ဝေးလံသီခေါင် သည့် ချန်လင်းကျေးရွာရှိ ဂူသို့ ခေါ်လာခဲ့သည်။ သူ၏ဓာတ်ပုံကို တွေ့မြင်ရသူများက မခံမရပ်နိုင် ဖြစ်၍ ရိုင်းစိုင်းသောအပြုအမူ ဖြစ်သည်ဟု ပြောခဲ့ကြသည်။
အသက်၇ဝရှိ ဒက်ချန်ယွန် ချောင်သည် သူ၏နေအိမ်ဆုံးရှုံး သွားပြီးနောက် သူ၏သားကို စွန့် ပစ်ခဲ့သည်။ သူသည် သူ့သမီးထံ ၌ သွားနေခဲ့သည်။ ''ကျွန်တော့်မှာ ကိုယ်ပိုင် အိမ်မရှိဘူး။ ကျွန်တော့်သားကို ဘယ်အိမ်မှာ သွားထားရမလဲ။ ဒီလိုလုပ်တာဟာ ကျွန်တော် အကောင်းဆုံးလုပ်ပေးနိုင်တာပ
''သံကြိုးနဲ့ချည်ထားတာက လဲ သူထွက်မပြေးနိုင်အောင်လို့၊
''သူက အဝတ်လဲမဝတ်နိုင် ဘူး။ သံကြိုးနဲ့ ချည်မထားခဲ့ရင် သူလျှောက်ပြေးနေပြီး သူ့ကိုထိ ခိုက်နိုင်ပါတယ်''ဟု သူကဆိုသည်။
ချန်ရှန်းတောင်၏ ဓာတ် ပုံများ လူမှုရေးမီဒီယာများ၌ပေါ် လာသောအခါ တရုတ်ဝေဖန်သူ တို့ တုန်လှုပ်သွားခဲ့ကြသည်။ ထိတ် လန့်သွားခဲ့ကြသည်။ ''ဒါဟာ သူ့အဖေနဲ့ သူတို့ရွာက အကောင်း ဆုံး လုပ်ပေးနိုင်တာလား''ဟု လည်း မေးခဲ့ကြသည်။
''တကယ်လို့ ရှန်းတောင် ဟာ ဝက်တစ်ကောင်၊ ဒါမှမဟုတ် နွားတစ်ကောင်ဖြစ်နေရင်တောင်
Yangon Media Group
http://
အထီးကျန်သက်ကြီး ရွယ်အိုများ အတွက် နေ့ပိုင်း စောင့်ရှောက်မှု ဂေဟာ ဖွင့်ရန်စီစဉ်

ပြောင်းလဲ လာသော လူမှုဖူလုံရေးပုံစံများ အရ တချို့သောသက်ကြီးရွယ် အိုများသည် ငွေကြေးပြည့်စုံကြ သော်လည်း လူမှုရေးအရ အထီး ကျန်ခြင်း (Social Loneliness)ကို ရင်ဆိုင်နေရသည့်အတွက် လူ မှုဝန်ထမ်းဦးစီးဌာနမှ သက်ကြီး ရွယ်အိုများ အတွက် နေ့ပိုင်းစောင့် ရှောက်မှုဂေဟာ ကို အောက်တို ဘာလအတွင်း ဖွင့်လှစ်မည်ဖြစ် ကြောင်း သိရသည်။
''သက်ကြီးရွယ်အိုတွေ နေ့ ပိုင်းစောင့်ရှောက်မှုဂေဟာဖွ
သက် ကြီးရွယ်အိုတွေအတွက် လူမှုရေး အရ အထီးကျန်ဆန်မှုကိုလည်း လျော့နည်းစေပြီး ကျန်းမာရွှင်လန်း သောသက်ကြီးဘဝကို ရရှိစေဖို့ အတွက် ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်''
အဆိုပါသက်ကြီးရွယ်အို စောင့်ရှောက်မှုဂေဟာအတွက် လူမှုဝန်ထမ်းဦးစီးဌာနမှ ခန့်အပ် ထားသော အရာထမ်း၊ အမှုထမ်း များ၊ လက်ထောက်ဆရာဝန်တစ် ဦး၊ ကျန်းမာရေးမှူး (ကာယကု သမှုကျွမ်းကျင်) ဝန်ထမ်း၊ အ ထက်တန်းသူနာပြုတစ်ဦး၊ သူနာ ပြုနှစ်ဦးအပါအဝင် ဝန်ထမ်း၂၀ ဦးတို့ဖြင့် စောင့်ရှောက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
''အသက် ၇၀ အထက်လူမှု ရေးအရ အထီးကျန်ဆန်နေတဲ့ သူ၊ နာတာရှည်ရောဂါဝေဒနာခံ စားနေရတာမျိုးမရှိတဲ့သူတွေထ
လူမှုရေးအရ စောင့်ရှောက် မှုပေးခြင်း၊ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း၊ သက်ကြီးဘဝ မြှင့်တင်ရေးလုပ်ငန်းများ မြှင့်တင် ပေးခြင်း၊ အပန်းဖြေအနားယူနိုင် ရေး ဆောင်ရွက်ပေးခြင်း၊ ဘဝ တစ်သက်တာပညာလေ့လာစေ ခြင်းနှင့် သက်ကြီးဘဝကိုယ်စိတ် နှစ်ပါး ချမ်းသာသုခပြည့်စုံစွာဖြင့်
သက်ကြီးရွယ်အို နေ့ပိုင်း စောင့်ရှောက်မှုဂေဟာကို အမှတ် (၆၄)ကမ္ဘာ့အေးဘုရားလမ်း၊ ပါ ရမီလမ်းနှင့် ကမ္ဘာ့အေးဘုရားလမ်း ထောင့်တွင် အောက်တိုဘာလ အတွင်း ဖွင့်လှစ်သွားနိုင်ရန်စီစဉ်
သြဂုတ်(၃၀) ၊ရန်ကုန်တိုင်းမ်နေ့စဉ်သတင်
Yangon Media Group
သစ်တောဝယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းသူ မီလျံနာ
ဆွီဒင်လူမျိုး မီလျံနာ တစ်ဦး ဖြစ်တဲ့ Johan Eliasch ဟာ Head N.V အားကစားပစ္စည်း ကုမ္မဏီလုပ်ငန်းပိုင်ရှင် ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငန်းအောင်မြင်မှုနဲ့အတူ နိုင်ငံရေးမှာ လည်း အောင်မြင်ပြီး ဗြိတိန် ဝန်ကြီးချုပ်ရဲ့  ပြောရေးဆိုခွင့်ရှိသူ ကိုယ်စားလှယ် တစ်ဦးအထိ ရာထူး အခန့်အပ်ခံရပါတယ်။ လက်ရှိ လည်း သူကိုယ်တိုင်ဦးဆောင်နေတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့အစည်းနဲ့ ဖိုရမ်တွေ အများကြီးပါ။ သူ့ရဲ့  ထူးခြားတဲ့ လုပ်ဆောင်ချက် တစ်ခုကို ၂၀၀၅ ခုနှစ်မှာ အားလုံး တွေ့မြင်ခဲ့ရပါတယ်။
ယင်းကတော့ တောင်အမေရိကန်တိုက်၊ အမေဇုန်သစ်တောရဲ့  အလယ်တည့်တည့်က ဧက ၄သိန်း ကို ဝယ်ယူလိုက်ခြင်း ဖြစ်ပါတယ်။ ယင်းတော မှ သစ်ပင်ခုတ်ခွင့်ကို ကုမ္မဏီတစ်ခုက ရရှိထားပြီး ရှိသမျှ သစ်ပင် တွေခုတ်တော့မယ့်အနေအထား တစ်ခုမှာပါ။ ဒါကို သိမြင်တဲ့ Johan Eliasch ဟာ ခုတ်ခွင့်မပေးပဲ ယင်း ဧက နယ်မြေကို ဝယ်ယူခဲ့ပါတယ်။ ဝယ်ယူပြီးနောက် သဘာဝဘေးမဲ့ သစ်တော တစ်ခု အဖြစ် တည်ရှိနေစေ ခဲ့ပါတယ်။
ဧက ၄ သိန်းသော သစ်တောအတွက် အမေရိကန်ဒေါ်လာ ဘီလျံနဲ့ချီကုန်ကျခဲ့ပေမယ့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် တစ်နှစ်ထပ် တစ်နှစ်ပိုလို့ လှူဒါန်းလျက် ရှိကြောင်း သိရပါတယ်။
.
Ref: wiki
Aung Kham (International news for myanmar)
မူရင်း= သစ်တောဝယ်၍ ပတ်ဝန်းကျင်ထိန်းသိမ်းသူ မီလျံနာ
ရုရှားနိုင်ငံသူ အားကစားမယ် လေးရဲ့ ယုံကြည်ချက်

Julia Vinsလို့ အမည်ရတဲ့ ရုရှားနိုင်ငံသူလေး အားကစားမယ် လေးပာာ
ကြွေထည် ရုပ်လေး ကဲ့သို့ မျက်နှာ ရှိသလို တောင့်တင်းသန်မာလှတဲ့ကြွက်သ
ရုရှားနိုင်ငံ Engels မြို့သူမကတော့ လေ့ကျင့်ခန်း လုပ်ပြီး သန်သန်မာမာ ဖြစ်လာပြီးကိုယ်ကိုကိုယ် ယုံကြည်မှု ရလိုကြောင်း ဆိုတဲ့ ငယ်ရွယ်ပြီးကျန်းမာသန
လိုပါက သူမရဲ့ ဖေ့ဘုတ် [https://www.facebook.com/
ကိုဝင်ရောက်အားပေးနိုင်ပါလိ


မူရင်း=ရုရှားနိုင်ငံသူလေး အားကစားမယ် လေးရဲ့ ယုံကြည်ချက်
လေဆိပ်နဲ့ရန်ကုန်မြို့ထဲပြေးမယ့် မော်တော်ယာဉ်လိုင်း
Friday, August 30, 2013ရန်ကုန်လေဆိပ်မှ မြို့တွင်းမြို့ပြင်သို့ ဈေးနှုန်းသက်သာစွာ သွားလာနိုင်မည့် လေဆိပ် ကြိုပို့ လွန်းပြန်ယာဉ် (Airport Shuttle) များကို စက်တင်ဘာ ၁ ရက်နေ့ (တနင်္ဂနွေနေ့)မှ စတင် ပြေးဆွဲ တော့ မည်ဖြစ်ကြောင်း သတင်းရရှိသည်။
ကားခမှာ နိုင်ငံခြားသား တဦးလျှင် ၅ ဒေါ်လာ၊ မြန်မာနိုင်ငံသားတဦးလျှင် ၃,၅၀၀ ကျပ် ဖြစ်ကြောင်း Yangon Airport Shuttle ကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် ဦးကျော်ကျော်က ဧရာဝတီသို့ ပြောသည်။
“လေဆိပ်မှာ တက္ကစီတွေ အလုအယက် ခေါ်နေကြတာတွေကို တွေ့တော့ တနည်းနည်း နဲ့ ရှင်းအောင် လုပ်ပေးမယ် ဆိုတဲ့ သဘောပါ။
VIP ကားတွေနဲ့ နိုင်ငံခြားသားအချို့အတွက် Wheel Chair Lift ပါတဲ့ ကားတွေလည်းဆွဲပေးဖို့ရှိတယ်
လေဆိပ်မှ ရန်ကုန်မြို့တွင်း ဆူးလေဘုရား၊ ပန်းဆိုးတန်းလမ်းအထိ ရန်ကုန်-အင်းစိန်လမ်း၊ ရန်ကုန်-ပြည်လမ်း၊ ရန်ကုန်-ကမ္ဘာအေးလမ်းကြောင်း
ခရီးသည် ၁၅ဦးဆံ့သည့် Airport Shuttle ၄ စီးဖြင့် စတင်ပြေးဆွဲ
မည်ဖြစ်ကြောင်း၊ဝန်ဆောင်မှုမ
ဖွင့်ရေးအတွက် ခွင့်ပြုချက် ရရန် စောင့်ဆိုင်းနေကြောင်း၊ ဖုန်းဆက်ခေါ်
လျှင် အိမ်တိုင်ရာကြိုသည့်စနစ်ဖြင
ဖြစ်ကြောင်း သိရှိရသည်။
လတ်တလော ရန်ကုန်လေဆိပ်တွင် ခရီးသည်စောင့်ဆိုင်းနေသော ပါရမီ၊ ရွှေပျံလွှား၊ ရွှေလွန်းပျံကုမ္ပဏီတို့မှ တက္ကစီ စီးရေ ၃၀၀ နီးပါး
ရှိသည်ဟု ဆိုသည်။
ရွှေပျံလွှားကုမ္ပဏီမှ အငှားယာဉ်မောင်းတဦးဖြစ်သူ ကိုကျော်သူရလှိုင်က ...
“အပြိုင်အဆိုင်ဖြစ်လာတော့ ၀န်ဆောင်မှု ကောင်းတဲ့သူက အသာရမှာပေါ့။
ကျနော်တို့က ခရီးသည်တယောက်ကို မြို့ထဲခရီးကို ၇,၀၀၀ ကျပ် ယူတယ် ဆိုတာက ကားတစီးလုံးကို ငှားပေးတဲ့သဘောလေ၊သူတို့က ၃,၅၀၀ ကျပ်
နဲ့ယူတယ်ဆိုတာက လူအများစုနဲ့တင်တာကိုး၊ လုပ်ငန်းပိုင်းမှာ ထိခိုက်မှု
လည်း နည်းနည်းတော့ရှိနိုင်တာပေါ့
ဧရာဝတီblog
https://www.facebook.com/photo.php?fbid=464125307018639&set=a.351047714993066
မြန်မာ့နိုင်ငံရေး အလားအလာ
Friday, August 23, 2013လက်ရှိမြန်မာနိုင်ငံရေးအခြေ
ယခုအစိုးရလက်ထက်တွင် ထာဝရငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကော် မတီများ ဖွဲ့စည်းပြီး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်ဆောင်ရွက်လာလျက် ရှိပေသည်။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း များမှလည်း ၎င်းတို့၏ တောင်းဆိုချက်များကို ပွင့်ပွင့်လင်းလင်း တောင်းဆိုလာကြသည် ကိုလည်း တွေ့လာ ရပေသည်။ တိုင်းရင်းသားလက်နက်ကိုင်အဖ
လက်နက်ကိုင်အဖွဲ့အစည်းများ အင်အား တောင့်တင်းရန် အဓိကလို အပ်ချက် သည် ငွေကြေးဓနရှိဖို့လိုပါသည်။ ငွေကြေးတောင့်တင်းရန်အတွက် ၎င်းအဖွဲ့အစည်း အသီးသီးအနေဖြင့် မူးယစ်ဆေးဝါးကိုသာ အဓိကဦး တည် ဆောင်ရွက်လာမည်ဖြစ်သဖြင့် ထာဝရ ငြိမ်းချမ်းရေးမရသ၍ မူးယစ်ဆေးဝါးချုပ်ငြိမ်းဖို
တိုင်းရင်းသားလက်နက်ကိုင်ခေ
၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲအောင်နိုင်ရေး ပါတီအချင်းချင်း အပြိုင်မဲဆွယ်ကြမှာဖြစ်သလို
လွှတ်တော်နဲ့ သမ္မတအစိုးရအားပြိုင်တာတွေ တွေ့နေရပါပြီ။ လူဆိုတဲ့သဘာဝအရ အတ္တနဲ့မာနကိုပဲ ရှေ့တန်းတင်နေတာပါ။ ဂူတစ်ဂူထဲ ခြေင်္သေ့နှစ်ကောင်မအောင်းပါဘ
အာဏာခွဲဝေယူတဲ့အခါမှာ အဝေမတည့် ခဲ့သည်ရှိသော်ကတစ် ချက်၊ နောင်လာမည့် အစိုးရအနေဖြင့်တပ်မတော်အပေါ်
အဲဒီအခါဆိုရင်တော့ ၈၈ ခုနှစ်က ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ယခုကာလသည် ၈၈ ကခေတ်နဲ့ မတူတော့ပါဘူး။ ဒေါ်စု သမ္မတဖြစ်ချင်တဲ့ ဆန္ဒအတော်ပြင်း ထန်နေတာကိုတွေ့နိုင်တဲ့ သာဓကအနေနဲ့ကတော့ ရခိုင်-ဘင်္ဂါလီအရေးကိစ္စတွေမှ
တိုင်းရင်းသားပါတီများအနေနဲ
တိုင်းရင်းသားဒေသရှိ ပြည်နယ်တွေမှာ ပြည်နယ်အစိုးရကို ဗဟိုချုပ်ကိုင်မှုတွေ လျော့ပေးဖို့ကိုလည်း ပြောဆိုလာတာတွေကြည့်ပါက ၂၀၁၅ ခုနှစ်မှာ တိုင်းရင်းသားပါတီတွေအနေနဲ့
လက်ရှိမြန်မာနိုင်ငံအနေဖြင်
We Love True
https://www.facebook.com/photo.php?fbid=622028834504425&set=a.572785052762137.
ထိုင်ပေဘူတာရဲ့အလှပဆုံး ပုံရိပ်လေးတစ်ခု

"အဖွားအတွက် သတင်းစာတစ်စောင်လောက်အားပေး
"တစ်စောင်ကို ၁၀ ပါ"
"ရောင်းလို့ကုန်ရင် အဖွားလဲ အိမ်ပြန်လို့ရပါပြီ..."
လွန်ခဲ့တဲ့ရက်ပိုင်းက ထိုင်ပေမြို့တော်ရဲ့ ဘူတာရှေ့မှာ သိမ်မွေ့လှပတဲ့ မိန်းကလေးတစ်ယောက် ဘူတာမြေအောက်ဈေးမှာ ခိုကိုးရာမဲ့အသက်၈၀ရှိပြီဖြ
သူရဲ့လှပတဲ့စိတ်ထားကြောင့်ရ
ဒီနှလုံးသားလှတဲ့ ပုံရိပ်ကို ဓာတ်ပုံဆရာတစ်ယောက်ကနေ ရိုက်ကူးခဲ့ပြီး အင်တာနက်ပေါ်မှာ မေတ္တာတရားဆက်လက်ဖြန့်ဝေနိုင
အင်တာနက်ပေါ်ကလူတွေကလဲ အားလုံးချီးကျူးကြပါတယ်... လူလှသလို စိတ်ထားက ပိုလှပါတယ်... ဒါ ထိုင်ပေဘူတာရဲ့အလှပဆုံးပုံရ
Zane
မျှဝေပေးတာလဲ မေတ္တာတစ်ခုပါ
Credit To >> Zane
https://www.facebook.com/photo.php?fbid=454908484606988&set=a.351047714993066.
မွန်မြတ် စိတ်ထား မြန်မာဆရာဝန်

မှတ်မှတ်ရရ ၂၀၁၂ခုနှစ် ဇွန်လမှာ ဘင်္ဂါလီအရေးအခင်းဖြစ်တော့ ကျွန်တော်ကဘွဲ့ယူပြီးခါစ ဆမ (ဆေးကုသခွင့်လိုင်စင်)မရသေး
ဘယ်လောက်ထိစိတ်အားထက်သန်လဲဆ
ဒါပေမယ့် တကယ်တမ်းလည်းကျတော့ ရခိုင်လူမျိုးတွေဘက်မှာ ရခိုင်လူမျိုးဆရာဝန်တွေ တာဝန်
ကလေးတို့လို့တွဲလောင်းနဲ့ ဝေဒနာခံစားနေရတဲ့ စုတ်စုတ်ပြတ်ပြတ်တွေမြင်တော
https://www.facebook.com/photo.php?fbid=271620599643228&set=a.126988517439771.
ရန်ကုန်မြို့နေမိဘများ စိတ်ပူစရာ Day Club
(မိဘတစ်ဦးပေးစာ)အယ်ဒီတာခင်ဗျား
The Voice Weekly [ Letter to Editor ]
ကျွန်တော်၏ သမီးဖြစ်သူနှင့် သူ၏ သူငယ်ချင်းများသည် Day Club များသို့ ခိုးသွားခဲ့ရာ ကျွန်တော် လိုက်လံ ရှာဖွေရာမှ Day Club တော်တော် များများ တွေ့ရှိခဲ့ပါသည်။
Day Club များသည် ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက် မရဘဲ ပြုလုပ်နေကြောင်း တွေ့ရှိရပါသည်။ ၎င်းတို့သည် မြန်မာ့ ဝတ်စား ဆင်ယင်မှုနှင့် ယဉ်ကျေးမှုကို ဖျက်ဆီးနေခြင်း ဖြစ်ကြောင်း တွေ့ခဲ့ရပါသည်။
ရန်ကုန်တိုင်းဒေသကြီးတွင်ရှ
၎င်းတို့မှာ ကျောင်းပိတ်ရက်၊ ဖွင့်ရက် မရှောင်ဘဲ ပြုလုပ်နေပါသည်။ အများဆုံး ပြုလုပ်သည့် Club များကတော့ အလုံမြို့နယ်ရှိ Sky World၊ မင်္ဂလာတောင်ညွန့် မြို့နယ်ရှိ ဆရာဝန်အသင်းနှင့် မျက်စောင်းထိုး စိတ်တိုင်းကျ လက်ဖက်ရည်ဆိုင်နှင့် ကပ်လျက် IQ (or) Cloud 9၊ တာမွေမြို့နယ်ရှိ တာမွေပလာဇာဘေး Club ဖြစ်ပါသည်။
၎င်း Day Party များတွင် Sexy Dancer ကိုပါ ဆုများ ပေးလျက် ရှိပါသည်။ ၎င်း Club သည် ပြည့်တန်ဆာများနှင့် ပြုလုပ်နေသည်ဟုလည်း ကြားသိရပါသည်။
ကျွန်တော်သည် မိဘတစ်ယောက် အနေနှင့် စိတ်မသက်မသာ ဖြစ်ခဲ့ ရပါသည်။ အလားတူ ကလေးများ၏ မိဘများလည်း ထပ်တူ ခံစား ရမည် ဖြစ်သောကြောင့် အယ်ဒီတာမှတစ်ဆင့် ကလေး မိဘများအား မသွား သင့်သော ထိုနေရာများသို့ မသွားခိုင်းကြရန် ဂျာနယ်တွင် ဖော်ပြပေးစေ လိုပြီး မြန်မာ့ ယဉ်ကျေးမှုနှင့် လျော်ညီသော နေရာများသို့သာ သွားစေ လိုကြောင်း မေတ္တာရပ်ခံ အကြံပြု တင်ပြအပ်ပါသည်။
မိဘတစ်ဦး
The Voice Weekly
https://www.facebook.com/photo.php?fbid=453501108081059&set=a.351047714993066



0 comments:
Post a Comment