မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့ ဗီဇာ ကင်းလွတ်ခွင့် သဘောတူ စာချုပ်ကို ၂ နိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး
တွေ က လက်မှတ်ရေးထိုးလိုက်ကြပါပြီ။
“နှစ်နိုင်ငံ အစိုးရတို့အကြား
သာမန်နိုင်ငံကူးလက်မှတ် ကိုင်ဆောင် သူများအား ဗီဇာ ကင်းလွတ်ခွင့် ပြုရေး
ဆိုင်ရာ သဘောတူ စာချုပ် ကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်
နိုင်ငံခြားရေး ဝန်ကြီးဌာန
ပြည်ထောင်စု ဝန်ကြီး
ဦးဝဏ္ဏမောင်လွင်နှင့် ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံတော် နိုင်ငံခြားရေး
ဝန်ကြီး H.E. Pham Binh Minh တို့က စက်တင်ဘာ ၂၆ ရက် ဒေသစံတော်ချိန်
မွန်းလွဲ ၂ နာရီ ၃၅ မိနစ်တွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့၌
လက်မှတ်ရေးထိုး၍ ချုပ်ဆိုခဲ့ကြောင်း” လို့ ပြန်ကြားရေး ၀က်ဆိုက်မှာ
ဖော်ပြထားပါတယ်။
အခုလို မြန်မာ- ဗီယက်နမ် ၂ နိုင်ငံ
ဗီဇာ ကင်းလွတ်ခွင့်ရှိလာတာကြောင့် ၂ နိုင်ငံ နိုင်ငံသားတွေဟာ သက်ဆိုင်ရာ
သံရုံးမှာ ဗီဇာ လျှောက်ထားစရာမလိုပဲ အပြန်အလှန် လွတ်လပ်စွာ
ခရီးသွားနိုင်တော့ မှာဖြစ်ပါတယ်။
အခုလို ပွင့်လင်း လွတ်လပ်စ
ပြုလာတဲ့ မြန်မာနိုင်ငံမှာလည်း ဗီယက်နမ် ကုမ္ပဏီတွေက လာရောက်
ရင်းနှီးးမြှုပ်နှံတာတွေလည်း လုပ်နေသလို တချို့လည်း လာဖို့
ပြင်ဆင်နေတာတွေလည်း ရှိတယ်လို့ သတင်းတွေက ဆိုကြပါတယ်။
အာဆီယမ်အဖွဲ့ဝင်နိုင်ငံတွေအချင်းချင်း
ဗီဇာ ကင်းလွတ်ခွင့်ရည်မှန်းချက် ထားလုပ်ဆောင်နေတာ လည်း ရှိပြီး ဒါကတော့
တနိုင်ငံချင်းစီအလိုက် ဗီဇာ ကင်းလွတ်ခွင့် သဘောတူစာချုပ်
ချုပ်ဆိုလိုက်တာဖြစ်ပါ တယ်။

No comments:
Post a Comment